Home သတင်း အမျိုးသား‌ခေါင်း‌ဆောင် ‌စောဘဦးကြီးဇာတိ ဘဲဂယက်ရွာတွင် လမ်းခင်း‌ပေးရန် KNU ပန္နက်စတင်ရိုက်

အမျိုးသား‌ခေါင်း‌ဆောင် ‌စောဘဦးကြီးဇာတိ ဘဲဂယက်ရွာတွင် လမ်းခင်း‌ပေးရန် KNU ပန္နက်စတင်ရိုက်

2885

ဇန်နဝါရီ ၇ ရက်၊ ၂၀၁၉ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်အမျိုးသား‌ခေါင်း‌ဆောင်ကြီး ‌စောဘဦးကြီးဇာတိရွာဖြစ်သည့် ဧရာဝတီတိုင်း‌ဒေသကြီး၊ ကန်ကြီး‌ထောင့်မြို့နယ် ဘဲဂယက် ရွာသွားသည့် လမ်းပိုင်းကို ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ လမ်းခင်း‌ပေးရန် ယမန်‌နေ့(ဇန်နဝါရီလ ၆ ရက်)တွင် KNU ဥက္ကဌ ‌စောမူတူး‌စေးဖိုး ဦး‌ဆောင်‌သောအဖွဲ့က စတင်ပန္နက်ရိုက်လိုက်သည်ဟု သိရသည်။

KNUဥက္ကဌ ‌စောမူတူး‌စေးဖိုးဦး‌ဆောင်သည့်အဖွဲ့သည် ဇန်နဝါရီလ ၅ ရက်‌နေ့က အမျိုးသား‌ခေါင်း‌ဆောင် ‌စောဘဦးကြီး ဇာတိရွာရှိ ‌စောဘဦးကြီး အမှတ်တရ‌ကျောက်တိုင်သို့ သွာ‌ရောက်ခဲ့ရာတွင် ရွာအဝင်လမ်း ခက်ခဲစွာသွားခဲ့ရသည်ကို ‌တွေ့ရှိသည့်အတွက် KNUက လမ်းခင်း‌ပေးရန် ယခုလို ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ဥက္ကဌဖြစ်သူ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုးက ‌ပြောသည်။

“ ကျ‌နော်တို့ ‌ကော်ခို(ဥက္ကဌကြီး)‌စောဘဦးကြီးရွာ‌ရောက်‌တော့ နည်းနည်းခံစားမိတာတစ်ခုရှိတယ်။ ကျ‌နော်တို့ သိရသ ‌လောက်ဟာ အမျိုးသား‌ခေါင်း‌ဆောင် ‌စောဘဦးကြီး ဖခင်ဟာတကယ့်‌မြေပိုင်ရှင်ကြီးပါ။ အခုကျ‌နော်တို့ သွား‌မေးကြည့် ‌တော့ ကျဉ်းကျဉ်း‌လေးပဲကျန်‌တော့တယ်ဆို‌တော့ နည်းနည်း‌တော့ခံစားရတာ တစ်မျိုးကြီး‌တော့ဖြစ်တယ်။ ဘယ်လိုဘဲဖြစ် ဖြစ် ‌ပြောင်းလဲလာတဲ့အချိန်မှာ ဒီလိုဖြစ်‌ပေမယ့်လို့ အခုသူ့ရဲ့ ချက်မြှုပ်ရွာရဲ့လမ်းကို ‌ချော‌ချော‌မော‌မောဖြစ် ‌အောင် ကျ‌နော်တို့ KNU အ‌နေနဲ့ ခင်းသွားမှာ” ဟု အဆိုပါ ပန္နက်ရိုက် အခမ်းအနားတွင် ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုးက ‌ပြောသည်။

ယခု KNUမှ ခင်း‌ပေးသည့်လမ်းတွင် မိ‌ချောင်းတရာရွာမှစတင်ပြီး ဘဲဂယက်ရွာအထိ ၁ မိုင်‌ကျော် အရှည်ရှိသလို ရွာချင်းဆက်လမ်းမ‌ကောင်းသည့်အတွက် ‌ဒေသခံများအ‌နေဖြင့် သွားလာ‌ရေးအခက်အခဲ ကြုံ‌တွေ့‌နေရသည်ဟု ‌ဒေသခံများက ‌ပြောသည်။

အဆိုပါ လမ်းကို ကရင်နှစ်သစ်ကူး‌နေ့ထူး‌နေ့မြတ်ရက်တွင် ပန္နက်စတင်ရိုက်ထားကာ အမြန်ဆုံးခင်းသွားနိုင်ရန်အတွက် KNUမှ ၎င်းတို့အဖွဲ့တွင်း ပြန်လည် ‌ဆွေး‌နွေးရန်ရှိသလို လမ်းဖြစ်‌မြောက်‌ရေး‌ကော်မတီများလည်း ပြန်လည်ဖွဲ့စည်းသွား မည်ဟု သိရသည်။

ကန်ကြီး‌ထောင့်မြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီဥက္ကဌ မန်းစန်းဝင်းက “ တို့ KNU ‌ခေါင်း‌ဆောင်ကြီးက လမ်းခင်းမယ် ‌ပြော‌တော့ ကျ‌နော်တို့ အရမ်းဝမ်းသာတယ်။ သမိုင်းမှတ်တိုင်တစ်ခု ထူ‌ထောင်သွားတယ်လို့ ‌ပြောလို့ရတယ်။ ကျ‌နော်တို့ဘက်‌ဒေသခံ‌တွေနဲ့ ကရင်စာယဉ်‌တွေကလည်း အတတ်နိုင်ဆုံး ဝိုင်းဝန်းကူညီ‌ဆောင်ရွက်‌ပေးသွားမယ်။” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဘဲဂရက်ရွာရှိ ‌စောဘဦးကြီး အမှတ်တရ‌ကျောက်တိုင်တွင် ကရင်အာဇာနည်‌နေ့‌ရောက်တိုင်း ကရင်အမျိုးသားများက သွား‌ရောက်ဂါရဝပြုလျက်ရှိသည်မကဘဲ တစ်နှစ်ထက်တစ်နှစ် ဝင်‌ရောက်‌လေ့လာသူကလည်း များလာသည်ဟု သိရသည်။

‌ကေအဲန်ယူ ဥက္ကဌ‌ဟောင်းတစ်ဦးဖြစ်သူ ‌စောဘဦးကြီးသည် ကရင်တစ်မျိုးသားလုံး တန်းတူအခွင့်အ‌ရေးရရှိ‌ရေးအတွက် ဦး‌ဆောင်တိုက်ပွဲဝင်ခဲ့သူတစ်ဦးဖြစ်ပြီး သူ့ကို ဧရာဝတီတိုင်းရှိ ပုသိမ်မြို့မှ မိုင် ၄ဝခန့်ကွာ‌ဝေး‌သော “ဘဲဂယက်”ရွာ၌ ၁၉၀၅ခုနှစ်တွင် ‌မွေးဖွားခဲ့ခြင်းဖြစ်သည်။ ၁၉၅ဝ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်‌နေ့တွင် ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်၊ ထို့‌ကော်ကိုးရွာ၌ တာဝန်ထမ်း‌ဆောင်‌နေစဉ် အာဇာနည်ဆန်စွာ သတ်ဖြတ်ခြင်းခံခဲ့ရသည်။ ယင်း‌နေ့ကို အ‌ခြေခံ၍ ကရင်အမျိုးသား အာဇာနည်‌နေ့အဖြစ် ကရင်တစ်မျိုးသားလုံးက သတ်မှတ်ခဲ့ကြသည်။