Home သတင်း ယာဉ်‌မောင်းသူတိုင်း လိုင်စင်မဖြစ်မ‌နေ ပြုလုပ်ကြရန် ပြည်နယ်ဦးစီးမှူး တိုက်တွန်း

ယာဉ်‌မောင်းသူတိုင်း လိုင်စင်မဖြစ်မ‌နေ ပြုလုပ်ကြရန် ပြည်နယ်ဦးစီးမှူး တိုက်တွန်း

2983

ဇန်နဝါရီ ၂ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောရှား

ကရင်ပြည်နယ်အတွင်းရှိ ကားနှင့်ဆိုင်ကယ်‌မောင်းသူတိုင်း ယာဉ်‌မောင်းလိုင်စင်မဖြစ်မ‌နေ ပြုလုပ်ကြရန် ကရင်ပြည်နယ် ကုန်းလမ်းပို့‌ဆောင်‌ရေးညွှန်ကြားမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ‌ဒေါ်တင်တင်‌ဌေးက ယ‌နေ့ (ဇန်နဝါရီ ၂ ရက်) တိုက်တွန်း ‌ပြောဆိုလိုက်သည်။

၎င်းက“‌မော်‌တော်ယာဉ်ဥပ‌ဒေ‌တွေမှာ ယာဉ်‌မောင်းမယ့်လူတစ်‌ယောက်ဟာ ယာဉ်‌မောင်းလိုင်စင်မရှိဘဲနဲ့ ‌မောင်း လို့ မရဘူးလို့ ပြဌာန်းထားတယ်။ ကရင်ပြည်နယ်မှာ ယာဉ်‌မောင်းလိုင်စင်လာလုပ်တဲ့သူ နည်းပါး‌နေ‌သေးတယ်။ ယာဉ်အစီး‌ရေက ၁ အချိုးဆိုရင် ၁ အချိုး ၂ ‌လောက်ဖြစ်သင့်တယ်။ အခုက ၁ အချိုး ၁ ‌တောင် မပြည့်ပါဘူး။ ဒါ‌ကြောင့် အားလုံးပြုလုပ်ဖို့လိုအပ်ပါတယ်။ ”ဟု ‌ကေအိုင်စီသို့ သီးသန့် ‌ပြောသည်။

၂၀၁၈ ခုနှစ် ကုန်းလမ်းပို့‌ဆောင်‌ရေးညွှန်ကြားမှုဦးစီးဌာန၊ ကရင်ပြည်နယ်ရုံး၏ စာရင်းအရ ကရင်ပြည်နယ်၌ ကားအစီး‌ရေ ၇ဝ,ဝဝဝ(ခုနှစ်‌သောင်း)‌ကျော်ရှိ‌သော်လည်း လူဦး‌ရေ ၆,ဝဝဝဝ(‌ခြောက်‌သောင်း)‌ကျော်သာ ယာဉ် ‌မောင်းလိုင်စင် ပြုလုပ်ထား‌ကြောင်း၊ ဆိုင်ကယ် ၆ဝ,ဝဝဝ(‌ခြောက်‌သောင်း)‌ကျော်ရှိ‌သော်လည်း လူဦး‌ရေ ၃ဝ,ဝဝဝ(သုံး‌သောင်း)‌ကျော်သာ ယာဉ်‌မောင်း လိုင်စင်ရှိ‌ကြောင်း ‌ဒေါ်တင်တင်‌ဌေးက ဆက်‌ပြောသည်။

ထို့အတူ ‌ကျေးလက်‌ဒေသတွင် လမ်းပန်းဆက်သွယ်‌ရေးခက်ခဲခြင်း၊ ၂၀၁၈ နှစ်ကုန်ပိုင်းတွင် နိုင်ငံ‌တော် အခွန် နှုန်းတိုးလာခြင်းများ‌ကြောင့် ယာဉ်‌မောင်းလိုင်စင်လာ‌ရောက်ပြုလုပ်သူ နည်းပါး‌နေခြင်းဖြစ်သည်ဟု သုံးသပ်ရ ‌ကြောင်း ကုန်းလမ်းပို့‌ဆောင်‌ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများက ‌ပြောသည်။

ယာဉ်‌မောင်းလိုင်စင်များပြုလုပ်သည့်အချိန်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းသင်တန်းများ တက်‌ရောက် ရခြင်း‌ကြောင့် စည်းကမ်းများသိရှိသဖြင့် ယာဉ်တိုက်မှုများ‌လျော့နည်းလာ‌စေနိုင်ခြင်း၊ ယာဉ်မ‌တော်တဆထိ ခိုက်မှုများ ဖြစ်ပွားခဲ့သည်ရှိ‌သော် လိုင်စင်ရှိသူများမှ အသက်အာမခံ‌ကြေးရရှိခြင်းများ‌ကြောင့် လိုင်စင်ပြုလုပ် ထားရန် လိုအပ်သည်ဟုလည်း တာဝန်ရှိသူများက တိုက်တွန်းသည်။

ယာဉ်‌မောင်းလိုင်စင်အမျိုးအစား‌ပေါင်း ၉ မျိုးရှိသည့်အထဲတွင် ဆိုင်ကယ်‌မောင်းသူများအတွက် (က) လိုင်စင်နှင့် ကား‌မောင်းသူများအတွက် (ခ) လိုင်စင်တို့မှာ ကရင်ပြည်နယ်တွင် အများဆုံးအသုံးပြု‌နေကြသည်ဟု သိရ သည်။

“‌ကော့ကရိတ်မှာက‌တော့ အများအားဖြင့် ယာဉ်လိုင်စင်ရှိရင် လူကလိုင်စင်မရှိဘူး။ လူက လိုင်စင်ရှိပြန်‌တော့ လည်း ယာဉ်ကမရှိပြန်ဘူး။ တစ်ချို့ကျ‌တော့ မအားလို့၊ တစ်ချို့က လုပ်ရ‌ကောင်းမှန်းလည်းမသိလို့၊ အဲဒါ‌တွေပါ တယ်။ ဒါ‌ပေမယ့်လည်း ‌မောင်း‌နေကြတာပါပဲ။ ဘာပဲဖြစ်ဖြစ် လိုင်စင်ရှိထား‌တော့ ဘာမှစိုးရိမ်စရာ‌တော့မရှိဘူး ‌ပေါ့ ”ဟု ‌ကော့ကရိတ်မြို့နယ်ရှိ ‌ဒေသခံတစ်ဦးက ‌ပြောဆိုသည်။

ကရင်ပြည်နယ် ကုန်းလမ်းပို့‌ဆောင်‌ရေးညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ရုံး(ဖားအံ)တွင် ယာဉ်‌မောင်းလိုင်စင်များ ပြုလုပ်‌ပေးခြင်း၊ (က) လိုင်စင်များကို နယ်ဆင်းကာ ပြုလုပ်‌ပေးခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သင်တန်း ‌ပေးခြင်းများ အဓိက ပြုလုပ်‌ပေး‌နေသည်ဟု တာဝန်ရှိသူများက ‌ပြောသည်။