Home သတင်း ဗဟို‌ကော်မတီနှစ်သစ်ကူးပွဲ‌တော် ယဉ်‌ကျေးမှုပြခန်း စတင်ဖွင့်လှစ်

ဗဟို‌ကော်မတီနှစ်သစ်ကူးပွဲ‌တော် ယဉ်‌ကျေးမှုပြခန်း စတင်ဖွင့်လှစ်

1790

ဇန်နဝါရီ ၅ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောထွန်းလင်း

၂၇၅၈ ခု ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော် ကျင်းပ‌ရေး ဗဟို‌ကော်မတီ၏ ယဉ်‌ကျေးမှု၊ သတင်းနှင့်ပြန်ကြား‌ရေးပြခန်းဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၅ ရက်(ယ‌နေ့)၊ နံနက် ၁ဝ နာရီအချိန်တွင် အင်းစိန်မြို့နယ်၊ အာလိန်ငါးဆင့် (မဟာ‌ဆေးဝဂင်္ဘာ) ‌ကျောင်းတိုက်၌ ကျင်းပခဲ့သည်။

နှစ်သစ်ကူးပွဲ‌တော် ကျင်းပ‌ရေးဗဟို‌ကော်မတီ ဥက္ကဌ အငြိမ်းစားပါ‌မောက္ခ မန်း‌ရွှေပြည်‌အေးက “ကျ‌နော်တို့ ကရင်ဘိုး‌ဘေး‌တွေ ဘယ်လို‌နေထိုင်ခဲ့သလဲ၊ စာ‌ပေ၊ ယဉ်‌ကျေးမှုစတာ‌တွေကို‌လေ့လာဖို့၊ လူငယ်‌တွေ အတိတ်ကိုပြန်‌လေ့လာပြီး သင်ခန်းစာယူဖို့ ပြခန်းမှာ ပြနိုင်သ‌လောက်ပြထားတယ်
”ဟု ဖွင့်ပွဲ အခမ်းအနားတွင်‌ပြောသည်။

အဆိုပါ ဖွင့်ပွဲ အခမ်းအနားသို့ ဗဟို ‌ကော်မတီ တာဝန်ရှိသူများ၊ ကရင်ပြည်သူများ စုစု‌ပေါင်း ၁၀ဝ ဦး‌ကျော်‌ရောက်ခဲ့ပြီး နှစ် ၄ဝ တိုင် နှစ်သစ်ကူးစင်မြင့် ပန်းချီ‌ရေးဆွဲ‌ပေးသူ ပန်းချီဆရာ မန်းမြင့်‌ဆွေလှိုင်က ပြခန်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်‌ပေးခဲ့ကာ AOC Orchestra အဖွဲ့မှ တီးခတ်‌ဖျော်‌ဖြေခဲ့သည်။

သုံးရက်ကြာ ကျင်းပမည့် အာလိန်ငါးဆင့်နှစ်သစ်ကူး ပွဲ‌တော်တွင် ဇန်နဝါရီ ၅ ရက်‌နေ့ မွန်းလွဲ ၂ နာရီတွင် အင်းစိန်၊ မီးရထား ‌ဘောလုံးကွင်း၌ ရိုးရာလက်‌ဝှေ့ ပွဲ၊ ည‌နေပိုင်းတွင် ရိုးရာ၊ ယဉ်‌ကျေးမှု ‌ဖျော်‌ဖြေပွဲ၊ ဇန်နဝါရီ ၆ ရက်‌နေ့ နံနက် ၆ နာရီတွင် နှစ်သစ်ကူး ကရင်အမျိုးသားအလံတင် အခမ်းအနားကျင်းပပြီး‌နောက် ‌ဟော‌ပြောပွဲဆက် ကျင်းပသွားမည်ဖြစ်သည်။

ထို့‌နောက် ည‌နေပိုင်းတွင် ဒုံးပြိုင်ပွဲကျင်းပမည်ဖြစ်ကာ ဇန်နဝါရီ ၇ ရက်‌နေ့ ည‌နေပိုင်းတွင် ဆုရ ဒုံးများ‌ဖြေ‌ဖျော်ပွဲနှင့် နှစ်သစ်ကူး ပိတ်ပွဲ အခမ်းအနား ကျင်းပ သွားမည်ဖြစ်သည်။