Home သတင်း ထိုင်းရှိ တိုင်းရင်းသားလူငယ်နှီး‌နှောဖလှယ်ပွဲ မတ်လတွင် ကျင်းပရန်စီစဉ်

ထိုင်းရှိ တိုင်းရင်းသားလူငယ်နှီး‌နှောဖလှယ်ပွဲ မတ်လတွင် ကျင်းပရန်စီစဉ်

2511

ဇန်နဝါရီ ၂၄ ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ မြို့နယ် (၅) မြို့နယ်တွင် ‌နေထိုင်သည့် ကရင်အပါအဝင် တိုင်းရင်းသား (၆)မျိုးပါ ဝင်‌သော လူငယ်နှီး‌နှောဖလှယ်ပွဲတစ်ခုကို လာမည့် မတ်လ ကုန်တွင် မဲ‌ဆောက်မြို့၊ Bodhivijjalaya ‌ကောလိပ် တွင် ပြုလုပ်သွားရန် တာဝန်ရှိသူများက စီစဉ်‌နေသည်ဟု သိရသည်။

မဲ‌ဆောက်၊ အုန်းဖန်၊ ဖုတ်ဖရ၊ မဲ့ရမတ်နှင့် ထာ့‌ဆောင်ယန်းမြို့နယ်ရှိ ကရင်(Karen)၊ လားဟူ (Lahu)၊ မုန်း(Hmong)၊ အခါ (Ah Kha)၊ လီဆူး(Lee Su)၊ Mien စသည့် တိုင်းရင်းသား လူငယ်များပါဝင်‌သော ၎င်းနှီး‌နှောဖလှယ်ပွဲကို ကျင်းပနိုင်ရန် ယ‌နေ့ (ဇန်နဝါရီလ ၂၄ရက်)တွင် Bodhivijjalaya ‌ကောလိပ်၌ ပြုလုပ် သည့် အစည်းအ‌ဝေးတွင် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ၎င်းအစည်းအ‌ဝေးသို့ ပါဝင်တက် ‌ရောက်ခဲ့သူ Youth People for Development-YPD (ကရင်)၏ Country Coordinator ‌စောကွီးကွီက ‌ပြောသည်။

၎င်းက “ဒီလာမယ့် မတ်လ ၂၉က‌နေ့ ၃၁ရက်‌နေ့အထိ မဲ‌ဆောက်မှာရှိတဲ့ Bodhivijjalaya ‌ကောလိပ်မှာ လုပ် သွားဖို့ ရှိတယ်။ တိုင်းရင်းသားလူငယ်‌တွေအကြားမှာ အမြင်‌တွေ ရိုးရာယဉ်‌ကျေးမှု‌တွေကို နှီး‌နှောဖလှယ်နိုင် ဖို့ အတွက်ဖြစ်တယ်။ ဒီနှစ်က ကျ‌နော်တို့ YPD(ကရင်)ကိုလည်း ဖိတ်ထားတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ လူငယ်နှီး‌နှောဖလှယ်ပွဲတွင် ‌နေ့ဘက်အစီအစဉ်၌ Bodhivijjalaya ‌ကောလိပ်တွင် တိုင်းရင်းသား လူငယ်များအကြား မတူညီသည့် ရိုးရာယဉ်‌ကျေးမှုများကို နှီး‌နှောဖလှယ်ကြမည်ဖြစ်သလို ညပိုင်းတွင် မဲ ‌ဆောက်မြို့ တရုတ်တန်း(Chinese Town) တွင် ယဉ်‌ကျေးမှုဆိုင်ရာ သရုပ်‌ဖော်ခြင်းနှင့် ‌ဖျော်‌ဖြေ‌ရေးအစီအစဉ် များပါဝင်သွားမည်ဟု ‌စောကွီးကွီက ဆက်‌ပြောသည်။

၎င်းတိုင်းရင်းသား လူငယ်နှီး‌နှောဖလှယ်ပွဲအစီအစဉ်ကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်စ၍ နှစ်စဉ်ပြုလုပ်ခဲ့ပြီး ယခုနှစ်အ တွက် စတုတ္ထအကြိမ်‌မြောက်ပြုလုပ်သွားမည့် အစီအစဉ်ဖြစ်သည်ဟု သိရသည်။