Home သတင်း တပ်မ‌တော်၏ သတင်းထုတ်ပြန်မှု တစ်ဖက်သတ်လုပ်ကြံ‌ပြောဆိုမှုသာဖြစ်ဟု DKBA ‌ပြော

တပ်မ‌တော်၏ သတင်းထုတ်ပြန်မှု တစ်ဖက်သတ်လုပ်ကြံ‌ပြောဆိုမှုသာဖြစ်ဟု DKBA ‌ပြော

4312

ဇန်နဝါရီ ၃ ရက်၊ ၂၀၁၉ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ရှမ်းရွာသစ် အ‌နောက်‌မြောက်ဘက် မဲ့သ‌ဝေါ‌ဒေသတွင် အုပ်ချုပ်မှုကိစ္စ‌ဆောင်ရွက်‌နေသည့် တပ်မ‌တော် သားများကို ယခုနှစ်၊ ဇန်နဝါရီလ ၁ ရက်‌နေ့က KKO (ခွဲထွက်)အဖွဲ့မှ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုပြုလုပ်ခဲ့‌ကြောင်း တပ်မ‌တော်၏ သတင်းထုတ်ပြန်မှုသည် တစ်ဖက်သတ်လုပ်ကြံ‌ပြောဆိုမှုသာဖြစ်သည်ဟု တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင် အမျိုးသားတပ်မ‌တော်-DKBA (ခွဲထွက်အဖွဲ့)မှ ‌ပြောခွင့်ရ ဗိုလ်မှူးကြီး ‌စောဆန်း‌အောင်က ‌ပြောသည်။

ဗိုလ်မှူးကြီး ‌စောဆန်း‌အောင်က “ကျ‌နော်တို့ DKBAက ‌ချောင်း‌မြောင်းပစ်တယ်ဆိုတာ မဟုတ်ဘူးလို့ ‌ပြောချင်တယ်။ ‌ဒေသ ခံ‌တွေကိုလည်း ‌မေးလို့ရတယ်။ အဲ့မှာ ဘာ‌သေနတ်သံမှမထွက်ဘူး။ ကျ‌နော်တို့ကို တစ်ဖက်သတ်စွပ်စွဲ‌ပြောဆိုတာပဲ။ လုပ် ကြံမှုတစ်ခုခုလို့ ကျ‌နော်တို့ အဲ့လို မြင်တယ်။ ‌နောက်ပြီး ကျ‌နော်တို့ ‌နေရာကိုရှင်းတဲ့‌နေရာမှာ ၇ ‌ပေပတ်လည်နဲ့ ငှက်‌ပျော ဖက် အမိုးနဲ့ ကာရံ မပါတဲ့တဲထဲမှာ ‌သေနတ်တစ်လက်ရတယ်။ ကျ‌နော်တို့မှာ မရှိမဲ့၊ ရှိမဲ့ ဘယ်သူက ‌သေနတ်အဲ့မှာသွား ထားမလဲဆိုတာကို ‌ထောက်ပြချင်တယ်”ဟု ‌ကေအိုင်စီသို့ ယ‌နေ့‌ပြောသည်။

လက်ရှိတွင် တပ်မ‌တော်ဘက်မှ တဖက်သတ် အပစ်အခတ်ရပ်စဲထားမည်ဟု ‌ကြေညာထားသည့် ကာလတွင် ဒီ‌ကေဘီ‌အေ (ခွဲထွက်)အဖွဲ့အား အကြမ်းဖက်စစ်‌သွေးကြွပြီး ဆူပူ‌သောင်းကျန်းမှုလိုလားသည့် ပုံစံဖြစ်‌အောင် အပြစ်ရှာ လုပ်ကြံသည့်သ‌ဘောမျိုးဖြစ်သည်ဟုလည်း ဗိုလ်မှူးကြီး‌စောဆန်း‌အောင်က ဆက်‌ပြောသည်။

ဇန်နဝါရီလ ၁ ရက်‌နေ့၊ ည‌နေ ၃ နာရီခန့်က နယ်‌မြေတည်ငြိမ်‌အေးချမ်းမှုကို မလိုလားသည့် KKO (ခွဲထွက်) အဖွဲ့မှ ‌ပြောက် ကျားယူနီ‌ဖောင်းဝတ်သုံးဦးခန့်က ‌ချောင်း‌မြောင်းပစ်ခတ်ခဲ့‌ကြောင်း၊ တပ်မ‌တော်ဘက်မှ ပြန်လည်ပစ် ခတ်တိုက်ခိုက် သဖြင့် ‌မြောက်ဘက်သို့ ဆုတ်ခွာသွားခဲ့သည်ဟု တပ်မ‌တော်ဘက်မှ ထို‌နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ထို့အပြင် ပစ်ခတ်မှုဖြစ်ပွားရာ ‌နေရာ၏ မီတာ ၅၀ဝခန့် အကွာရှိ ‌တောင်ကမူ၌ KKO (ခွဲထွက်) အဖွဲ့မှယာယီ အ‌ခြေပြုထား သည့် ငှက်‌ပျောဖက် အမိုးအကာမပါ အကျယ် ၇ ‌ပေပတ်လည်ခန့်ရှိ တစ်ဘက်ရပ်တဲတစ်လုံးအား‌တွေ့ရှိခဲ့‌ကြောင်း၊ ၎င်းတဲ ၏ ‌ထောင့်တွင် M-16 ‌သေနတ်တစ်လက်နှင့် ဆက်စပ်ပစ္စည်းများသိမ်းမိခဲ့‌ကြောင်း သတင်းထုတ်ပြန်မှု၌ ‌ဖော်ပြပါရှိသည်။

၎င်းပစ်ခတ်မှု ဖြစ်ပွားရာ‌နေရာတွင် တပ်မ‌တော်ဘက်မှ သွားလာလှုပ်ရှားမှုများရှိသလို ကရင်အမျိုးသားအစည်းအရုံး-KNU လက်‌အောက်ခံ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA) တပ်ဖွဲ့ဝင်များ၊ နယ်ခြား‌စောင့်တပ်-BGF တပ်များနှင့် DKBA (ခွဲထွက်) အဖွဲ့၏ တပ်ဖွဲ့ဝင်များလည်း လှုပ်ရှားလျက်ရှိသည်ဟု သိရသည်။

တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (DKBA)သည် ယခင်က ဗိုလ်ချုပ်‌စောလားပွယ် ဦးစီးသည့် ဒီမို က‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်/ကလိုထူး‌ဘော ကရင်အစည်းအရုံး (DKBA/KKO)၏ တပ်ဖွဲ့ဝင်‌ဟောင်းများဖြစ်ကြပြီး ၂ဝ၁၅ ခုနှစ်က ‌ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးတစ်‌လျှောက်တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှု‌ကြောင့် အဖွဲ့ တွင်းမှ ထုတ်ပယ်ခံရကာ သီးသန့်ပြန်လည်ဖွဲ့စည်းရပ်တည်‌နေသည့် အဖွဲ့ဖြစ်သည်။

၎င်းအဖွဲ့၏ လက်ရှိ စစ်ဦးစီးချုပ်မှာ ဗိုလ်ချုပ်ကြီး ‌စော‌ကျော်သက်ဖြစ်ပြီး ဒုစစ်ဦးစီးချုပ်မှာ ဒုဗိုလ်ချုပ်ကြီး ‌စောတိုင်း‌ရွှေ (‌ခေါ်) ဗိုလ်ဘိဖြစ်သည်။