Home သတင်း ကွင်းလုံးကျွတ်လွတ်ချင်သည်ဟု ‌ငွေစက္ကူအတု အမှု ရင်ဆိုင်‌နေရသူ ‌နော်‌သောသွဲ့ထူး‌ပြော

ကွင်းလုံးကျွတ်လွတ်ချင်သည်ဟု ‌ငွေစက္ကူအတု အမှု ရင်ဆိုင်‌နေရသူ ‌နော်‌သောသွဲ့ထူး‌ပြော

2761

ဇန်နဝါရီ ၄ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောရှား

ကျပ်တစ်‌သောင်းတန် ‌ငွေစက္ကူအတု ကိုင်‌ဆောင်သည့်အမှုဖြင့် ရင်ဆိုင်‌နေရသည့် ‌နော်‌သောသွဲ့ထူးက မိမိတွင် အပြစ်မရှိ ‌သော‌ကြောင့် အမှုမှကွင်းလုံးကျွတ်၊ အလုံးစုံလွတ်‌မြောက်ချင်သည်ဟု ယ‌နေ့(ဇန်နဝါရီ ၄ ရက်) ‌ကေအိုင်စီသို့ သီးသန့်‌ပြော သည်။

ပဲခူးတိုင်း‌ဒေသကြီး၊ ဒိုက်ဦးမြို့နယ်အတွင်း၌ တစ်‌သောင်းတန် ‌ငွေစက္ကူအတုကိုင်‌ဆောင်မှုဖြင့် အချုပ်ခန်းထဲတွင် ၂၅ ရက် ကြာ ‌နေခဲ့ရပြီး‌နောက် ဇန်နဝါရီ ၃ ရက်(ယမန်‌နေ့)က အာမခံဖြင့် ပြန်လည်လွတ်‌မြောက်သည့် ‌နော်‌သောသွဲ့ထူးက ယခုလို ‌ပြောဆိုလိုက်ခြင်းလည်းဖြစ်သည်။

‌နော်‌သောသွဲ့ထူးက “ (ကျမမှာ) အပြစ်က‌တော့ မရှိဘူး‌ပေါ့။ ဒါ‌ပေမယ့်လည်း သူတို့(ရဲ)ကို ‌မေတ္တာတရားနဲ့ပဲ တုန့်ပြန်ပါတယ်။ ဖြစ်ချင်တာက‌တော့ ကွင်းလုံးကျွတ်ဘဲ လွတ်ချင်တယ်။ ကရင်ဝန်ကြီး(‌နော်ပွယ်‌စေး)‌တွေ၊ လွှတ်‌တော်ကိုယ်စားလှယ်‌တွေ ဝိုင်းဝန်းလုပ်‌ပေးလို့ အာမခံနဲ့ ထွက်လာတာပါ ”ဟု ‌ပြောသည်။

အာမခံဖြင့်လွတ်‌မြောက်ကာ ၎င်း၏‌နေအိမ်သို့ ပြန်လည်‌ရောက်ရှိ‌နေပြီဖြစ်‌သော်လည်း အလုံးစုံလွတ်‌မြောက်ရန် အမှုကို ဆက်လက်ရင်ဆိုင်ရဦးမည်ဖြစ်ပြီး လာမည့် ဇန်နဝါရီလ ၁၇ ရက်‌နေ့တွင် တရားရုံးသို့ ထပ်မံသွားရမည်ဖြစ်‌ကြောင်း ‌နော် ‌သောသွဲ့ထူးက ဆက်‌ပြောသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်‌နေ့က အဆိုပါ ‌ငွေစက္ကူတစ်‌သောင်းတန်အတု ၁၅၄ ရွက် ကိုင်‌ဆောင်မှုနှင့် ပတ်သက်၍ ဒိုက်ဦးမြို့မ ရဲစခန်း(ပ) ၁၄၂၀/၂၀၁၈၊ မြန်မာနိုင်ငံ‌တော် ဗဟိုဘဏ်ဥပ‌ဒေပုဒ်မ ၁၀၅ /၁၀၆ ဖြင့် အမှုဖွင့် အ‌ရေးယူခံရခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၂ဝ ရက်‌နေ့တွင် ပြစ်ဒဏ်ကြီး ပုဒ်မ ၁ဝ၆ အား ပယ်ဖျက်‌ပေးခဲ့သည်။

ဗဟိုဘဏ် ဥပ‌ဒေပုဒ်မ ၁ဝ၅သည် ‌ငွေစက္ကူအတုအား သိလျက်နှင့် သုံးစွဲမှုကို ကျူးလွန်လျှင် ‌ငွေဒဏ်ဖြစ်‌စေ၊ သုံးနှစ်ထက်မပို‌သော ‌ထောင်ဒဏ်ဖြစ်‌စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်‌စေ ချမှတ်နိုင်သည့် ပုဒ်မဖြစ်ပြီး ပုဒ်မ ၁၀၆သည် ‌ငွေတုပြုလုပ်ခြင်း၊ ‌ငွေတုအား ပြည်ပသို့ တင်ပို့ခြင်း၊ ပြည်ပမှတင်သွင်းခြင်းပြုလုပ်လျှင် အနည်းဆုံး ‌ထောင်ဒဏ် ၁ဝနှစ်မှ အများဆုံး နှစ် ၂ဝအထိ ချမှတ်နိုင်သည်။

ယင်းအမှုကို လိုက်ပါ‌ဆောင်ရွက်‌ပေး‌နေသူ ‌ရှေ့‌နေ‌စောထူးသာ‌ထောက “ဒီအမှုမှာ သူလွတ်‌မြောက်ရမှာပဲ။ ဘာဖြစ်လဲ ဆို‌တော့ သူပြန်ယူလာတာ ပိုက်ဆံအတု‌တွေမှန်း သူကိုယ်တိုင်မှ မသိတာ။ ဒါ‌ကြောင့် သူသုံးမိတာဘဲ။ ဒီအမှုကိစ္စမှာ အပြန်အလှန် စစ်‌ဆေးမှု‌တွေ လုပ်ပြီးရင်‌တော့ လွတ်‌မြောက် သွားနိုင်မှာပါ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ပဲခူးတိုင်း ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌နော်ပွယ်‌စေးကလည်း ‌နော်‌သောသွဲ့ထူးကို အာမခံရ ရှိကာ အချုပ် ထဲမှ လွတ်‌မြောက်နိုင်ရန်သာမကအမှုမှ အလုံးစုံလွတ်‌မြောက်နိုင်ရန် ဥပ‌ဒေ‌ရေးရာကျွမ်းကျင်သည့် ဥပ‌ဒေပညာရှင်များ၏ အကူအညီများကိုပါ ရယူသွားမည်ဖြစ်‌ကြောင်း ဒီဇင်ဘာ ၁၂ ရက်‌နေ့တွင် ‌ပြောခဲ့သည်။

ဒိုက်ဦးမြို့နယ် လယ်ကြား‌မြောင်‌ကျေးရွာတွင် ‌နေထိုင်သူ ‌နော်‌သောသွဲ့ထူးမှာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလအတွင်း က စကင်္ာပူနိုင်ငံသို့ အိမ်အကူအလုပ်ဖြင့် သွား‌ရောက်အလုပ်လုပ်ကိုင်ခဲ့ပြီး‌နောက် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် မြန်မာနိုင်ငံ သို့ ပြန်လည်‌ရောက်ရှိခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသို့ ပြန်လာရန်အတွက် ၎င်းရရှိသည့် လုပ်အားခများကို အိမ်ရှင်မှ စကင်္ာပူနိုင်ငံရှိ MM Sharife Trader တွင် ‌ငွေ လဲလှယ်‌ပေးခဲ့ခြင်းဖြစ်သည်ဟုသိရပြီး ပြီးခဲ့သည့် သီတင်းပတ်က သတင်းအရ ‌နော်‌သောသွဲ့ထူး အိမ်သို့ သွား‌ရောက်ရှာ ‌ဖွေရာ ရရှိလာ‌သော မြန်မာကျပ်‌ငွေများမှာ ‌ငွေစက္ကူ အတုများဖြစ်‌ကြောင်း သိရှိရသဖြင့် အ‌ရေးယူထား‌ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားခဲ့သည်။

လတ်တ‌လော ‌ငွေစက္ကူတုကိစ္စနှင့်ပတ်သက်၍ အ‌ရေးယူခံထားရမှုအ‌ပေါ် သတင်းအမျိုးမျိုး ထွက်‌ပေါ်‌နေ‌သော်လည်း ‌နော် ‌သောသွဲ့ထူး၏ မိသားစုဝင်များကမူ ‌ငွေအတုမှန်းသိပြီးသည့် အချိန်တွင် ရဲစခန်းအား အပ်နှံရန် ကနဦးအ‌ကြောင်းကြား ထားပြီးမှ ရဲစခန်းက အဖမ်းပြကာ ဖမ်းဆီးသွားခြင်းဖြစ်‌ကြောင်း ‌ကေအိုင်စီသို့ ‌ပြောဆိုထားခဲ့သည်။