Home သတင်း ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့ကို အ‌ပေါ်ယံဂုဏ်ပြု မကျင်းပရန် KNU ဥက္ကဌ တိုက်တွန်း

ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့ကို အ‌ပေါ်ယံဂုဏ်ပြု မကျင်းပရန် KNU ဥက္ကဌ တိုက်တွန်း

4421

ဇန်နဝါရီ ၇ ရက်၊ ၂၀၁၉ ခုနှစ်။ နန့်ဘွားခလိန်

ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့ကို အ‌ပေါ်ယံသ‌ဘောမျိုးဖြင့် ဂုဏ်ပြုကျင်းပခြင်း မပြုလုပ်ကြရန် KNU-ကရင်အမျိုးသားအ စည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုးက ယမန်‌နေ့(ဇန်နဝါရီ ၆ရက်) ဧရာဝတီတိုင်း‌ဒေသကြီး အိမ်မဲမြို့နယ်၊ ရွာ သစ်အုပ်စု၊ ‌တောင်စု‌ကျေးရွာ၌ တိုင်းအဆင့်ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့နှင့် ရိုးရာ‌ကောက်သစ်စားပွဲ‌တော်တွင် တိုက် တွန်း‌ပြောဆိုလိုက်သည်။

ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုးက “ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့ကို အ‌ပေါ်ယံသ‌ဘောမျိုးနှင့် ဂုဏ်ပြုကျင်းပခြင်းမဟုတ်ဘဲ ဒီ‌နေ့မှစ၍ မိမိအမျိုးသားများရဲ့ ဂုဏ်အဂင်္ါလက္ခဏာရပ်များကို စု‌ပေါင်းထိန်းသိမ်းပြီး ကာကွယ်မြှင့်တင်ကြဖို့ ၊ သံဓိဌာန်ချကြဖို့ တိုက်တွန်းလိုက်ချင်ပါတယ်”ဟု နှစ်သစ်နှုတ်ခွန်းဆက် စကား‌ပြောကြားရာတွင် ထိုသို့ ထည့်သွင်း တိုက်တွန်း‌ပြောဆို လိုက်ခြင်းဖြစ်သည်။

ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့နှင့်ပတ်သက်၍ ကရင်အမျိုးသားများအားလုံးကို ယခုလို တိုက်တွန်းလိုက်ခြင်းသည် ‌ကောင်း ‌သော သတိ‌ပေးချက်တစ်ခုဖြစ်သည်ဟု အိမ်မဲမြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ ဥက္ကဌ မန်းညက်ပိန်က ‌ကေအိုင်စီသို့ ယခုလို‌ပြောသည်။

“ကိုယ်‌တွေကို သတိပြုမိလာ‌အောင်၊ သတိရလာ‌အောင် သူအဲ့လိုတိုက်တွန်း‌ပြောကြားတာ ‌ကောင်းပါတယ်။ ဘယ်‌နေရာမှာ ဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကို ကရင်စိတ်‌မွေးထားတယ်ဆိုရင် တစ်မြို့နယ်နဲ့ တစ်မြို့နယ်ဖြစ်ဖြစ်၊ အကုန်လုံး ညီညီညွတ်ညွတ် နဲ့ စု‌ပေါင်းပြီး‌တော့ အမျိုးသား‌ရေးကို မြှင့်တင်လာ‌အောင် လုပ်‌ဆောင်‌စေချင်တယ် ” ဟု ‌ပြောသည်။

ယခုနှစ်ကျင်းပသည့် တိုင်း‌ဒေသကြီးအဆင့် စု‌ပေါင်းကျင်းပသည့် နှစ်သစ်ကူး‌နေ့နှင့် ‌ကောက်သစ်စားပွဲ‌တော်သို့ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုး ဦး‌ဆောင်သည့် ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်‌တော် ဥက္ကဌ မန်းဝင်းခိုင်သန်း၊ ပြည်‌ထောင်စုဝန်ကြီးများဖြစ်သည့် ‌ဒေါက်တာ‌ဖေမြင့်၊ သူရဦး‌အောင်ကို၊ နိုင်သက်လွင်၊ ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးလှမိုး ‌အောင်၊ ဧရာဝတီတိုင်းလွှတ်‌တော်ဥက္ကဌ၊ ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူနှင့် အ‌နောက်‌တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဧရာဝတီတိုင်း ဝန်ကြီးချုပ်‌ဟောင်းမန်း ‌ဂျော်နီနှင့် တိုင်း‌ဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူအချို့ အပါအဝင် လူထုပရိဿတ် တစ်သိန်းခန့် တက်‌ရောက်ခဲ့ကြသည်။

၎င်းပွဲ‌တော်ကို ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူနှင့် ဧရာဝတီတိုင်းဝန်ကြီးချုပ်(ငြိမ်း) မန်း‌ဂျော်နီတို့က ဖားစည်တီးပြီး ကရင်အမျိုးသားသီချင်းသီဆိုကာ အမျိုးသားအလံ‌တော်အား လွှင့်တင်ခြင်း၊ အမျိုးသားအလံ‌တော်နှင့် နိုင်ငံ ‌တော်အလံ‌တော်တို့အား အ‌လေးပြုခြင်း၊ ဘုန်း‌တော်ကြီးများက ဆု‌တောင်း‌မေတ္တာပို့သခြင်း၊ နိုင်ငံ‌တော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည်၏ နှုတ်ခွန်းဆက် သဝဏ်လွှာအား ဖတ်ကြားခြင်း၊ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုး၊ ဝန်ကြီးဂါ့မိုးမြတ်မြတ်သူတို့မှ နှစ်သစ်နှုတ်ခွန်းဆက် စကား‌ပြောကြားခြင်း၊ ‌လေးဘာသာနှင့်အထက် ဂုဏ်ထူးရ ကရင် ‌ကျောင်းသူ‌ကျောင်းသားများအား ဆုချီးမြှင့်ခဲ့ကြသည်။

ထို့အပြင် ‌ကောက်သစ်စားပွဲ‌တော် အခမ်းအနားအား ဖားစည်တီးပြီး ဖွင့်လှစ်ခြင်း၊ အမျိုးသားလွှတ်‌တော် ဥက္ကဌ မန်းဝင်း ခိုင်သန်း၊ ဝန်ကြီး ‌ဒေါက်တာ‌ဖေမြင့်၊ ဝန်ကြီး သူရဦး‌အောင်ကိုနှင့် ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးလှမိုး‌အောင်တို့က နှုတ်ခွန်း ဆက်စကားအသီးသီး‌ပြောကြားခြင်း စသည်ဖြင့် အခမ်းအနားကို အပိုင်းသုံးပိုင်းခွဲကာ ကျင်းပပြုလုပ်ခဲ့ကြသည်။

ကရင်နှစ်သစ်ကူး‌နေ့နှင့် ‌ကောက်သစ်စားပွဲ‌တော် အထိမ်းအမှတ်အ‌နေဖြင့် ကရင်ရိုးရာဒုံးအက ပြိုင်ပွဲများအပြင် ရိုးရာလက်‌ဝှေ့ပြိုင်ပွဲများ၊ ‌ဘောလုံးပြိုင်ပွဲများ၊ ‌တေးသီချင်း‌ဖျော်‌ဖြေပွဲများ၊ ကရင်ဇာတ်သဘင်များဖြင့် ကပြ‌ဖျော်‌ဖြေခြင်း အပါအဝင် ယဉ်‌ကျေးမှုများပြခန်းများနှင့် ငြိမ်းချမ်း‌ရေး ပြခန်းများလည်း ခင်းကျင်း ပြသထားသည်။

ယခုနှစ်ကျင်းပသည့် ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့နှင့် ‌ကောက်သစ်စားပွဲ‌တော်ကို ဧရာဝတီတိုင်း‌ဒေသကြီး ကရင်တိုင်း ရင်းသား‌ရေးရာဝန်ကြီးနှင့် အိမ်မဲမြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီတို့က စု‌ပေါင်းကျင်းပခြင်းဖြစ်ပြီး KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုးအ‌နေဖြင့် ဧရာဝတီတိုင်း ကရင်နှစ်သစ်ကူးပွဲ‌တော်ကို ပထမဦးဆုံးအကြိမ် တက်‌ရောက်ခဲ့ခြင်း လည်းဖြစ်သည်။