Home သတင်း ကရင်အမျိုးသား‌ခေါင်း‌ဆောင် ‌စောဘဦးကြီးဇာတိ ဘဲဂယက်ရွာလမ်း KNU စတင်‌ဖောက်လုပ်‌ပေး

ကရင်အမျိုးသား‌ခေါင်း‌ဆောင် ‌စောဘဦးကြီးဇာတိ ဘဲဂယက်ရွာလမ်း KNU စတင်‌ဖောက်လုပ်‌ပေး

2646

ဇန်နဝါရီ ၂၁ ရက်၊ ၂၀၁၉ ခုနှစ်။ နန့်‌ဖောင်မွီးရှာ

ဧရာဝတီတိုင်း‌ဒေသကြီး၊ ကန်ကြီး‌ထောင့်မြို့နယ်အတွင်းရှိ ကရင်အမျိုးသား‌ခေါင်း‌ဆောင် ‌စောဘဦးကြီး၏ ‌မွေးရပ်ဇာတိဖြစ်သည့် ဘဲဂရက်‌ကျေးရွာသွား‌သောလမ်းအား ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မှ ဦး‌ဆောင်ကာ ဇန်နဝါရီလ ၁၈ရက်‌နေ့တွင် စတင်ကာ ‌ဖောက်လုပ်‌နေပြီး ဖြစ်‌ကြောင်း သိရသည်။

အဆိုပါ လမ်းကို ‌ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုး၏ လမ်းညွှန်ချက်ဖြင့် ‌ဖောက်လုပ်ခြင်းဖြစ်ပြီး ရန်ကုန်-ပုသိမ်လမ်းမကြီး‌ဘေးရှိ မိ‌ချောင်းတစ်ရာ‌ကျေးရွာထိပ်မှ ဘဲဂရက်‌ကျေးရွာအထိ ဆက်သွယ် ‌ဖောက်လုပ်မည့် အရှည် ၂ မိုင်ရှိသည့် လမ်းလည်းဖြစ်သည်။

KNU ဥက္ကဌ‌စောမူတူး‌စေးဖိုး၏ အနီးကပ်လုံခြုံ‌ရေး တာဝန်ရှိသူ ဗိုလ်မှူး‌စောရန်နိုင်က“အခုက ‌မြေသားလမ်း ‌ပေ ၂ဝကို စတင်‌ဖောက်လုပ်‌နေပြီ။ ‌မြေသားလမ်းပြီးရင်‌တော့ ကတ္တရာလမ်း ၁၄ ‌ပေကို စခင်းဖို့လုပ်မယ်။ ကတ္တရာ လမ်းခင်းဖို့ ‌ကျောက်‌တွေသဲ‌တွေ ဝယ်ဖို့က‌တော့ ကြိုးစား‌နေဆဲပဲ။ ပိုက်ဆံ‌တော့မရှိ‌သေးဘူး။ မိုးမကျခင် အပြီး လုပ်ဖို့‌တော့ စီစဉ်ထားတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုး ဦး‌ဆောင်‌သော အဖွဲ့သည် ကရင်အမျိုးသား‌ခေါင်း‌ဆောင် ‌စောဘဦး ကြီးဇာတိတွင်ရှိ‌သော ‌စောဘဦးကြီး‌ကျောက်တိုင်သို့ သွား‌ရောက်ခဲ့ရာတွင် ရွာအဝင်လမ်းခက်ခဲစွာသွားရသည့် အတွက် လမ်းကို ‌ဖောက်လုပ်‌ပေးရန် KNU ဥက္ကဌက ကရင်နှစ်သစ်ကူး‌နေ့ (ဇန်နဝါရီလ ၆ရက်)တွင် ပန္နက်ရိုက်ခဲ့ပြီး‌နောက် ယခုလို အ‌ကောင်အထည် ‌ဖော်‌ဆောင်ရွက်လာခြင်းဖြစ်သည်။

‌ကေအဲန်ယူ ဥက္ကဌ‌ဟောင်းတစ်ဦးဖြစ်သူ ‌စောဘဦးကြီးသည် ကရင်တစ်မျိုးသားလုံး တန်းတူအခွင့်အ‌ရေး ရရှိ‌ရေး အတွက် ဦး‌ဆောင်တိုက်ပွဲဝင်ခဲ့သူတစ်ဦးဖြစ်ပြီး သူ့ကို ဧရာဝတီတိုင်း‌ဒေသကြီး ပုသိမ်မြို့မှ မိုင် ၄ဝခန့် ကွာ‌ဝေး ‌သော “ဘဲဂရက်”‌ကျေးရွာ၌ ၁၉၀၅ ခုနှစ်တွင် ‌မွေးဖွားခဲ့သည်။