Home သတင်း ကရင်ဇာတ်သဘင် အဆင့်မြင့်မားလာ‌စေရန် သဘင်ထူးချွန်ဆု ချီးမြှင့်သွားမည်

ကရင်ဇာတ်သဘင် အဆင့်မြင့်မားလာ‌စေရန် သဘင်ထူးချွန်ဆု ချီးမြှင့်သွားမည်

3592

ဇန်နဝါရီ ၁၆ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောရှား

ကရင်ပြည်နယ်ရှိ ဇာတ်သဘင်အဆင့်အတန်း တိုးတက်မြင့်မားရန်ရည်ရွယ်၍ ကရင်သဘင်ထူးချွန်ဆု‌ပေးပွဲ အခမ်းအနားကို ဖားအံမြို့၊ ချစ်သူမြိုင်အပမ်း‌ဖြေဥယျာဉ်တွင် ဒုတိယအကြိမ်‌မြောက် ချီးမြှင့်သွားမည်ဟု သိရသည်။

အဆိုပါ ကရင်ဇာတ်သဘင်ထူးချွန်ဆု ‌ရွေးချယ်ချီးမြှင့်နိုင်ရန် ကရင်ပြည်နယ်၊ သဘင်အစည်းအရုံးဝင် ဇာတ်သဘင်အဖွဲ့ ၁၆ ဖွဲ့အား၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၁၉ ဇန်နဝါရီလ ၁၅ ရက်‌နေ့အထိ ချစ်သူမြိုင်အပန်း‌ဖြေဥယျာဉ်တွင် ဝင်‌ရောက်ယှဉ် ပြိုင်ကပြ‌စေခဲ့ခြင်းဖြစ်သည်။

ကရင်ပြည်နယ် ဇာတ်သဘင်အစည်းအရုံး အတွင်း‌ရေးမှူး ရှားထူး‌ဝေါ်က“ကရင်ဇာတ်သဘင်‌တွေ တိုးတက်ဖို့၊ ဇာတ်သဘင်အဖွဲ့ဝင်‌တွေအ‌နေနဲ့ စည်းကမ်း‌ကောင်းပြီး ပိုမိုကြိုးစားလာဖို့၊ ဥပမာ-သဘင်သည်တစ်‌ယောက် ဟာ ဘယ်‌လောက်ပဲ အက‌တော်‌နေပါ‌စေ။ စည်းကမ်းမရှိရင် ဆု‌ပေးဖို့ သူ့ကို မ‌ရွေးချယ်ဘူး” ဟု ၎င်းက ဇန်နဝါရီ ၁၆ ရက်(ယ‌နေ့)တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

လာမည့် ‌မေလ ၅ ရက်‌နေ့တွင် ချစ်သူမြိုင်ပန်းခြံ၌ ပြုလုပ်ချီးမြှင့်သွားမည့် ကရင်သဘင်ထူးချွန်ဆု‌ပေးပွဲ၌ သဘင်လုပ်သား ဆု (‌အောက်‌ခြေဝန်ထမ်း)၊ ဒါရိုက်တာဆု၊ ပံ့ပိုးအတီးဆု၊ ပံ့ပိုးအဆိုဆု၊ လူရွှင်‌တော်ဆု၊ အကဆု၊ ဇာတ်ပို့ဆု၊ စွယ်စုံဆု အစရှိသဖြင့် ဆုအမျိုးအစား‌ပေါင်း ၂ဝ ‌ကျော် ‌ပေးအပ်သွားမည်ဟု အတွင်း‌ရေးမှူး ရှားထူး‌ဝေါ်က ဆက်‌ပြောသည်။

ဇာတ်သဘင်ထူးချွန်ဆုများအတွက် ‌ရွေးချယ်ရာတွင် ကရင်ပြည်နယ်အ‌ခြေစိုက် KCO-ကရင်အနုပညာအစည်းအရုံး၊ ပြည် နယ်သဘင်အစည်းအရုံး၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)တို့မှ တာဝန်ရှိသူများက အဆင့်ဆင့် စိစစ်‌ရွေးချယ်ပြီး ဆု အမျိုးအစားအလိုက် ရရှိသူများကို သတင်းထုတ်ပြန်‌ပေးသွားမည်ဟု သိရသည်။

ကရင်ပြည်နယ်၊ သဘင်အစည်းအရုံးဝင် ဇာတ်သဘင် ၁၇ ဖွဲ့အနက် ၁၆ ဖွဲ့ဝင်‌ရောက်ယှဉ်ပြိုင်ကပြခဲ့သည့် ယခုနှစ်၌ ဆု ‌ပေါင်း ၁၈ ဆုချီးမြှင့်ရန် လျာထားရာမှ ယမန်နှစ်ကထက် ဘက်စုံကဏ္ဍစုံတွင် အဆင့်အတန်း မြင့်မားတိုးတက်လာခြင်း ‌ကြောင့် ယခုလို ဆု‌ပေါင်း ၂ဝ ‌ကျော်ချီးမြှင့်သွားရခြင်းဖြစ်သည်ဟုလည်း တာဝန်ရှိသူများထံမှ သိရသည်။

မြန်မာနိုင်ငံ ဇာတ်သဘင်‌လောကတစ်ခုလုံးတွင် ပထမဦးဆုံးအကြိမ် သဘင်ထူးချွန်ဆု‌ပေးပွဲ အခမ်းအနားကို ဖားအံမြို့၊ ချစ်သူမြိုင်အပန်း‌ဖြေဥယျာဉ်၌ ၂၀၁၈ခုနှစ်မှ စတင်၍ ‌ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ကရင်ပြည်နယ်တွင် ယခုနှစ်အတွက် ကရင်ဇာတ်သဘင်ထူးချွန်ဆု‌ပေးအပ်ခြင်းမှာ ဒုတိယအကြိမ်‌မြောက်ဖြစ်သည်ဟု ကရင်ပြည်နယ် ဇာတ်သဘင်အစည်းအရုံး တာဝန်ရှိသူများက ‌ပြောသည်။