Home သတင်း ကရင်စာ သင်ရိုး‌ရေးဆွဲ‌ရေး လုပ်ငန်းစဉ်ကို ဝိုင်းကူရန် ‌ကော်မတီ‌ပြော

ကရင်စာ သင်ရိုး‌ရေးဆွဲ‌ရေး လုပ်ငန်းစဉ်ကို ဝိုင်းကူရန် ‌ကော်မတီ‌ပြော

3025

ဇန်နဝါရီ ၂၅ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောထွန်းလင်း

အစိုးရ အ‌ခြေခံပညာ‌ကျောင်းများတွင် ကရင်စာကို တ‌ပြေးညီ သင်ကြားနိုင်‌ရေးအတွက် အတန်းလိုက် ကရင် စာသင်ရိုး ပြုစုခြင်းလုပ်ငန်းစဉ်ကို ဝိုင်းဝန်းကူညီကြရန် ကရင်စာ‌ပေသင်ရိုးဖြစ်‌မြောက်‌ရေး ‌ကော်မတီ တာဝန် ရှိသူများက ‌ကေအိုင်စီသို့ ဇန်နဝါ ရီ ၂၅ ရက်‌နေ့တွင် ‌ပြောသည်။

ပြည်နယ်နှင့် တိုင်း‌ဒေသကြီး ငါးခုရှိ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီများမှ ကိုယ်စားလှယ်များ၊ နယ်ပယ်စုံ ကရင် စာ‌ပေကျွမ်း ပညာရှင်များပါဝင်သည့် ကရင်စာသင်ရိုး ဖြစ်‌မြောက်‌ရေး‌ကော်မတီနှင့် ပြုစု‌ရေးဆွဲ‌ရေးအဖွဲ့ကို ၂၀၁၈ ခုနှစ်၊ ဇူလိုင် ၂၈ ရက်‌နေ့တွင် ဖွဲ့စည်းကာ သင်ရိုး‌ရေးဆွဲ‌ရေးလုပ်ငန်းစဉ်များလုပ်‌ဆောင်ခဲ့ပြီး လက်ရှိတွင် ဘဏ္ဍာ‌ရေးလို‌ငွေပြ‌နေပြီး ဝိုင်းကူညီကြရန် ‌ကော်မတီအတွင်း‌ရေးမှူး မန်းသန်းဝင်းဦးက ယခုလို‌ပြောသည်။

“ ပိုးနဲ့ စ‌ကော ပထမတန်း သင်ရိုးပြုစု‌ရေး အဖွဲ့ဝင်‌တွေ ရန်ကုန်မှာ တစ်လကို သုံးရက်‌လောက်ဆုံတယ်။ အဲ့ဒီ အတွက် သွားလာစရိတ်၊ ဧည့်ခံစရိတ်နဲ့ အဖွဲ့ဝင် ဆရာ၊ ဆရာမကြီး‌တွေကို ဂုဏ်ပြုစရိတ်‌တွေ သုံးရတယ်။ ‌နောက် ကရင်စကားနှစ် မျိုးလုံး စာရိုက်နိုင်တဲ့ ကွန်ပျူတာသမားခန့်ထားရတယ်။ သင်ရိုးအတွက် စာရွက်၊ စာတမ်း‌တွေ ပန်းချီဆွဲအဖွဲ့‌တွေလည်း သုံးရတယ်။ ဒီအတွက် အသုံးစရိတ်လိုတယ်။ ဝိုင်းကူဖို့ ပန်ကြားလိုတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိတွင် ကရင်စာ‌ပေ သင်ရိုးဖြစ်‌မြောက်‌ရေးအဖွဲ့သို့ အမည်မ‌ဖော်လိုသည့် ကရင်အမျိုးသားအလှူရှင်တစ်ဦးက ကျပ်သိန်းသုံးဆယ်လှူဒါန်း‌ပေးသည့် ‌ငွေဖြင့်လှည့်ပတ်သုံးစွဲ‌နေပြီး စ‌ကောနှင့် ပိုးကရင်သင်ရိုးအပြီးသတ် ‌ရေးဆွဲရန် အတွက် စုစု‌ပေါင်း ကျပ်သိန်း ၂၀ဝ ဝန်းကျင်ကုန်ကျမည်ဟု ခန့်မှန်းထား‌ကြောင်း မန်းသန်းဝင်းဦးက ဆက်‌ပြောသည်။

ကရင်စာ‌ပေ သင်ရိုးဖြစ်‌မြောက် ‌ရေးအဖွဲ့ ၆ လကြာ သင်ရိုး‌ရေးဆွွဲ‌ရေးလုပ်ငန်းများ လုပ်‌ဆောင်ခဲ့ရာ စ‌ကော ကရင် ပထမတန်းသင်ရိုးအတွက် သုံးပုံနှစ်ပုံခန့် ‌ရေးဆွဲပြီး ဖြစ်သလို ပိုးကရင်သင်ရိုးအတွက် ပန်းချီများ‌ရေးဆွဲရန်သာ ကျန်‌တော့သည်ဟု အဖွဲ့တာဝန်ရှိသူများက ‌ပြောသည်။

ကရင်စာ‌ပေ သင်ရိုးဖြစ်‌မြောက်‌ရေး‌ကော်မတီတွင် ဥက္ကဌအဖြစ် ယခင်ကရင်‌ရေးရာဝန်ကြီး ‌စောဂျူးပလီစံလှ၊ ဒုဥက္ကဌ များအဖြစ် တိုင်း‌ဒေသကြီးနှင့် ပြည်နယ် ၅ ခုမှ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ တာဝန်ရှိသူများဖြင့် ဖွဲ့စည်းထားပြီး ‌ကော်မတီအတွင်း‌ရေးမှူးအဖြစ် မန်းသန်းဝင်းဦးတို့က လုပ်‌ဆောင်လျက်ရှိသည်။

အလားတူ စ‌ကောကရင်သင်ရိုး ပြုစု‌ရေးဆွဲ‌ရေးအဖွဲ့တွင် အဖွဲ့‌ခေါင်း‌ဆောင်အဖြစ် ‌စောလင်းခယ် (ပုသိမ်ပညာ‌ရေး‌ကော လိပ် ‌ကျောင်းအုပ်ကြီး-ငြိမ်း)၊ ‌ဒေါက်တာ‌စောကြည်စိုး ပဲခူးတက္ကသိုလ် အငြိမ်းစားပါ‌မောက္ခချုပ်နှင့် ကရင် စာ‌ပေ ပညာရှင်များအပါအဝင် အဖွဲ့ဝင် ၁ဝဦးဖြင့် ဖွဲ့စည်းထားသည်။

အစိုးရ အ‌ခြေခံပညာ‌ကျောင်းများတွင် ကရင်စာသင်ကြား‌နေ‌သော်လည်း တ‌ပြေးညီ သင်ရိုးမရှိသည့်အတွက် ‌ခေတ်နှင့် အညီ ကရင်စာသင်ရိုး‌ရေးဆွဲ‌နေခြင်းဖြစ်ကာ ‌ရေးဆွဲပြီးပါက တိုင်းနှင့် ပြည်နယ်များရှိ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ကော်မ တီများ သ‌ဘောထားရယူကာ ပုံနှိပ်စာအုပ်အဖြစ် ပညာ‌ရေးဝန်ကြီးဌာနမှ ထုတ်‌ဝေနိုင်‌ရေး လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း ‌ကော်မတီထံမှ သိရသည်။