Home သတင်း KNU ဝင်း‌ရေးမြို့နယ် ညီလာခံကျင်းပပြီးစီး ဥက္ကဌအဖြစ် ပဒို‌စော‌မောင်‌ရွှေ ပြန်အ‌ရွေးခံရ

KNU ဝင်း‌ရေးမြို့နယ် ညီလာခံကျင်းပပြီးစီး ဥက္ကဌအဖြစ် ပဒို‌စော‌မောင်‌ရွှေ ပြန်အ‌ရွေးခံရ

3024

ဒီဇင်ဘာ ၁ ရက်၊ ၂ဝ၁၈ ခုနှစ်။ ‌စောမြတ်ဦးသာ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ဝင်း‌ရေးမြို့နယ်၏ ၄ ကြိမ်‌မြောက် မြို့နယ် ညီလာခံကို နိုဝင်ဘာ ၂၆ မှ ၂၉ ရက်ထိ ကျင်းပခဲ့ပြီး ညီလာခံတွင် ယခင်မြို့နယ်ဥက္ကဌ ပဒို‌စော‌မောင်‌ရွှေကို ညီလာခံကိုယ်စားလှယ်များက မဲ‌ပေး‌ရွေးချယ်လိုက်သည်။

မြို့နယ် ဥက္ကဌ ပဒို‌စော‌မောင်‌ရွှေက “ ကျ‌နော် အ‌ရွေးမခံရရင်‌တောင် ကိုယ့်အမျိုးသား‌တွေအတွက် သမိုင်း‌ပေး တာဝန်အရ ဆက်ထမ်း‌ဆောင်သွားမှာပါ။ မိဘပြည်သူ‌တွေက ယုံယုံကြည်ကြည်နဲ့ ပြန်လည်‌ရွေး‌ကောက် တင်‌မြှောက်လာတဲ့အတွက် ‌ကျေးဇူးအထူးတင်ပါတယ်။ ပြည်သူ‌တွေရဲ့ ‌စောင့်‌ရှောက်မှု‌ကြောင့် နှစ် ၆ဝ ‌ကျော် အထိ ‌ကေအဲန်ယူရပ်တည်နိုင်ခဲ့တာ ဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ညီလာခံကို ဝင်း‌ရေးမြို့နယ်ရုံးခန်းမ၌ ၄ ရက်ကြာ ကျင်းပခဲ့ပြီးညီလာခံတွင် ‌ကျေးရွာ အုပ်စု ၄ဝ ‌ကျော်မှ လူထုကိုယ်စားလှယ် ၄၀ဝ ဦး‌ကျော်တက်‌ရောက်ခဲ့ရာ ဖွဲ့စည်းပုံအရ မြို့နယ်အုပ်ချုပ်‌ရေး ကိုယ်စားလှယ်များကို လူထုက တိုက်ရိုက်မဲ‌ပေး ‌ရွေး‌ကောက်တင်‌မြှောက်ခြင်းဖြစ်သည်ဟု ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က ‌ပြောသည်။

ညီလာခံတွင် ဝင်အ‌ရွေးခံသူ ကိုယ်စားလှယ် ၃၇၂ ဦးထဲမှ မဲအများဆုံးရရှိသူ ၃ဝဦးကို မြို့နယ် အမြဲတမ်း‌ကော် မတီဝင်အဖြစ် အတည်ပြုသတ်မှတ်သည်။ ထို့‌နောက် ၎င်း ၃ဝ ဦးထဲမှ မြို့နယ်ဥက္ကဌ၊ အတွင်း‌ရေးမှူး၊ တရားသူ ကြီး‌နေရာကို ထပ်မံ‌ရွေးချယ်ရာတွင် ဥက္ကဌဖြစ် ပဒို‌စော‌မောင်‌ရွှေ၊ အတွင်း‌ရေးမှူးအဖြစ် ပဒို‌စောဝါးအယ်‌တော၊ တွဲဖက်အတွင်း‌ရေးမှူးအဖြစ် ပဒို‌စောအဲဒါးနှင့် ပဒို‌စောစည်သူထွန်းကို မြို့နယ်တရားသူကြီးအဖြစ် အသီးသီး ‌ရွေး‌ကောက် တာဝန်‌ပေးခြင်း ခံရသည်။

ထို့အပြင် ပဒို‌စောဆာ‌ဖေါ်နှင့် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA)၏ တပ်ရင်း ၁၆ တပ်ရင်းမှူ‌ဟောင်း မန်းတင်လှိုင်ကို မြို့နယ်အကြံ‌ပေးပုဂ္ဂိုလ်အဖြစ် လူထုကိုယ်စားလှယ်များက ‌ရွေးချယ်ခဲ့သည်။

ခလယ်‌ကျေးရွာအုပ်စု၊ အုပ်ချုပ်‌ရေးမှူး မန်းဆန်းညွန့်‌မောင်က “စီမံခန့်ခွဲမှု၊ အုပ်ချုပ်ကွပ်ကဲမှု၊ စစ်‌ရေးနိုင်ငံ‌ရေး၊ စည်းရုံး‌ရေး အပိုင်းနဲ့ ဖြတ်သန်းလာတဲ့အ‌တွေ့အကြုံအရ ဥက္ကဌ‌ဟောင်းကိုပဲ မဲ‌ပေးခဲ့တယ်။ ‌ကျေနပ်အားရမှု ရှိတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဒူးပလာယာခရိုင်၊ ဝင်း‌ရေးမြို့နယ်သည် အစိုးရအုပ်ချုပ်‌ရေးနယ်နိမိတ် မြို့နယ် ၆ ခုနှင့် ထိစပ်‌နေပြီး အုပ်ချုပ်‌ရေး ပိုင်း‌ရော‌နှော‌နေသည်များ၊ ပူးတွဲအုပ်ချုပ်ရသည်များလည်းရှိကာ အုပ်ချုပ်‌ရေးပိုင်း ထိုး‌ဖောက်ခံရမှု များဖြစ်‌ပေါ် ‌နေသည်ဟု မြို့နယ် အဆင့်တာဝန်ရှိသူများထံမှ သိရသည်။