Home တွေ့ဆုံမေးမြန်းခန်း ASEAN University Games ၏ ‌ငွေတံဆိပ်ဆုရှင် ‌စော‌အောင်ဖြိုး‌ဝေနှင့် ‌မေးမြန်းခြင်း

ASEAN University Games ၏ ‌ငွေတံဆိပ်ဆုရှင် ‌စော‌အောင်ဖြိုး‌ဝေနှင့် ‌မေးမြန်းခြင်း

2429

“ကိုယ်ဖြစ်ချင်တဲ့အရာတစ်ခုအတွက် ကြိုးစားပါ။ တစ်‌နေ့‌နေ့‌တော့ သူ့အလိုလိုဖြစ်လာမယ်”

‌နေပြည်‌တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံတွင် ဒီဇင်ဘာလ ၈ရက်မှ ၁၉ရက်‌နေ့အထိ ပြုလုပ်ခဲ့သည့် ၁၉ကြိမ်‌မြောက် အာဆီ ယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ (19th ASEAN University Games)ကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။
အာဆီယံ ၁၁ နိုင်ငံရှိ တက္ကသိုလ်များမှ အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ယင်းအားကစားပြိုင်ပွဲတွင် ရိုးရာ‌လှေ‌လှော်ပြိုင်ပွဲဝင်‌ရောက်ယှဉ်ပြိုင်ပြီး ဒုတိယ(‌ငွေတံဆိပ်) ၃ဆုကို ဆွတ်ခူးရရှိခဲ့သည့် မြန်မာတက္ကသိုလ် လက်‌ရွေးစင် တစ်ဦးဖြစ်သူ ‌စော‌အောင်ဖြိုး‌ဝေကို ‌ကေအိုင်စီ သတင်း‌ထောက် ‌စောရှားမှ ‌မေးမြန်းထားသည်များကို စုစည်းတင်ပြလိုက် ပါသည်။

‌ကေအိုင်စီ။ ။ ဖူခွါ့ (ညီ‌လေး) အ‌နေနဲ့ အခုဘယ်‌ကျောင်းမှာ ပညာသင်ကြား‌နေပါလဲ။ ဘယ်ဇာတိလဲ။

‌စော‌အောင်ဖြိုး‌ဝေ။ ။ ကျ‌နော်က ဒဂုံတက္ကသိုလ်၊ အားကစားပညာ‌မေဂျာ၊ ‌နောက်ဆုံးနှစ်‌အောင်ထားပါတယ်။ ‌နောက်နှစ်ဘွဲ့ယူပါမယ်။ ကျ‌နော်က‌တော့ ဧရာဝတီတိုင်း‌ဒေသကြီး၊ ‌ညောင်တုန်းမြို့နယ်ဇာတိဖြစ်ပါတယ်။

‌ကေအိုင်စီ ။ ။ အခု ဘာပြိုင်ပွဲ အမျိုးအစား‌တွေမှာ ပြိုင်ခဲ့ရတာလဲ။

‌စော‌အောင်ဖြိုး‌ဝေ။ ။ ကျ‌နော်ပါဝင်ခဲ့တဲ့အသင်းက ပြိုင်ပွဲ ၃ မျိုးဖြစ်တဲ့ မီတာ ၅၀ဝ အမျိုးသားပြိုင်ပွဲ၊ မီတာ ၅၀ဝ အတွဲလိုက်ပြိုင်ပွဲနဲ့ မီတာ ၁,၀၀ဝ အမျိုးသားပြိုင်ပွဲ‌တွေမှာ ယှဉ်ပြိုင်ခဲ့ပါတယ်။ အားလုံးက (၁ဝ တက်‌လှော်) ‌တွေချည်းပဲ။ အမျိုးသားသီးသန့် ၁ဝ ‌ယောက်တွဲရှိတယ်။ အတွဲလိုက်(အမျိုးသား၊ အမျိုးသမီး) ပွဲစဉ်မှာဆိုရင် အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၄ ဦးတို့ပါဝင်တာ‌ပေါ့‌နော်။

‌ကေအိုင်စီ။ ။ အခု ပြိုင်ပွဲရဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ အ‌ခြေအ‌နေ‌လေးကို ‌ပြောပြပါဦး။

‌စော‌အောင်ဖြိုး‌ဝေ။ ။ ကျ‌နော်တို့‌လှေ‌လှော်အသင်းဟာဆိုရင် ထိုင်း၊ စကင်္ာပူ၊ မ‌လေးရှားတို့နဲ့ယှဉ်ပြိုင်ခဲ့ရတယ်။ အဓိက ပြိုင်ဘက်က‌တော့ ထိုင်းအသင်း‌ပေါ့။ သူတို့က ‌လေ့ကျင့်မှုအကြာကြီး လုပ်ထားတဲ့အားကစားသမား အများကြီးပါဝင်ခဲ့ တယ်။ ကိုယ်ကာယအပိုင်းက ကျ‌နော်တို့ထက် အများကြီးသာတယ်‌လေ။ ပြိုင်ပွဲသုံးမျိုးစလုံးမှာ မြန်မာနိုင်ငံက ဒုတိယ၊ ထိုင်းက ပထမနဲ့ စကင်္ာပူက တတိယ အသီးသီးရရှိခဲ့ တယ်‌ပေါ့‌နော်။

‌ကေအိုင်စီ။ ။ ဆုရရှိဖို့ ဘယ်လို ကြိုးစား‌လေ့ကျင့်ခဲ့ရလဲ။

‌စော‌အောင်ဖြိုး‌ဝေ။ ။ တက္ကသိုလ်‌ပေါင်းစုံပြိုင်ပွဲကတည်းက ရည်ရွယ်ပြီးကြိုးစားခဲ့တယ်။ အချိန်ကာလအားဖြင့် တစ်နှစ်နီးပါး‌လောက် အချိန်ယူ ‌လေ့ကျင့်ခဲ့တယ်။

‌ကေအိုင်စီ။ ။ ‌လှေ‌လှော်အားကစားနည်းကို ဘယ်တုန်းက စတင်ကစားဖြစ်ခဲ့တာလဲ။ တခြားဘာ အားကစားနည်း‌တွေကို စိတ်ပါဝင်စား‌သေးလဲ။

‌စော‌အောင်ဖြိုး‌ဝေ။ ။ ကျ‌နော့်ရဲ့ အဓိက စိတ်ပါဝင်စားတဲ့ အားကစားနည်းက ‌ဘောလုံး‌ပေါ့‌နော်။ ‌လှေ‌လှော်အားကစား က‌တော့ ကျ‌နော် ဒီတက္ကသိုလ်စတက်တဲ့အချိန်မှ စပြီး ကစားဖြစ်ခဲ့တယ်။ သူငယ်ချင်း‌တွေနဲ့ စည်းစည်းလုံးလုံး ‌ပျော်‌ပျော် ပါးပါးဖြစ်တဲ့အတွက် ‌လှော်ဖြစ်သွားတာ‌ပေါ့။

‌ကေအိုင်စီ။ ။ ‌လှေ‌လှော်ပြိုင်ပွဲတစ်‌လျှောက် ဆုရရှိခဲ့မှုအ‌ခြေအ‌နေ‌လေးကို ‌ဝေမျှ‌ပေးပါအုံး။

‌စော‌အောင်ဖြိုး‌ဝေ။ ။ ၂၀၁၆ ခုနှစ်တုန်းက တက္ကသိုလ်‌လှေ‌လှော်ပြိုင်ပွဲရှိတယ်ဆို‌တော့ ကျ‌နော်တို့ သူငယ်ချင်း ‌တွေစုပြီး ဒဂုံတက္ကသိုလ် ကိုယ်စားပြု ‌လှေ‌လှော်အသင်းကို စပြီး ဖွဲ့စည်းဖြစ်သွားတယ်။ ၂၀၁၆-၁၇ နဲ့ ၂၀၁၇-၁၈ ပညာသင်နှစ်‌တွေ တုန်းက တက္ကသိုလ်‌ကျောင်း‌ပေါင်းစုံ ‌လှေ‌လှော်ပြိုင်ပွဲ‌တွေမှာဆိုရင် ဒဂုံတက္ကသိုလ် ကိုယ်စားပြု အ‌နေနဲ့ ၂ နှစ်လုံး ‌ရွှေရခဲ့ပါတယ်။ ဒီ အာဆီယံတက္ကသိုလ်ပွဲမှာ‌တော့ ‌ငွေ ၃ ဆု ရခဲ့တာ‌ပေါ့။

‌ကေအိုင်စီ။ ။ ဖူခွါ့ကိုယ်တိုင်က ကရင်လူငယ်တစ်‌ယောက်လည်းဖြစ်တဲ့အတွက် ကိုယ့်ကရင်လူငယ်‌လေး‌တွေကို ဘယ်လို စကားလက်‌ဆောင်‌လေး ‌ပေးချင်လဲ။

‌စော‌အောင်ဖြိုး‌ဝေ။ ။ ကိုယ်ဖြစ်ချင်တဲ့အရာတစ်ခုအတွက် ကြိုးစား‌ပေါ့‌နော်။ တစ်‌နေ့‌နေ့‌တော့ သူ့အလိုလိုဖြစ်လာမယ်‌ပေါ့‌နော်။
၁၉ကြိမ်‌မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ (19th ASEAN University Games)တွင် မြန်မာတက္ကသိုလ် လက်‌ရွေးစင်များဖြစ်ကြသည့် ‌နော်နီရယ်လင်း(ခ)‌မေဟန်နီ‌အောင်လွင်က ဗိုဗီနမ်ပြိုင်ပွဲတွင် ပထမ (‌ရွှေတံဆိပ်)ဆုကို လည်း‌ကောင်း၊ ‌စော‌အောင်ဖြိုး‌ဝေ၊ ‌စောဟိန်းသီဟဦးတို့ ပါဝင်သည့် ‌လှေ‌လှော်ပြိုင်ပွဲ ၃ ရပ်တွင် ဒုတိယဆု ၃ ဆုကိုလည်း‌ကောင်း အသီးသီး ဆွတ်ခူးနိုင်ခဲ့ကြသည်။