Home တွေ့ဆုံမေးမြန်းခန်း ASEAN University Games ၏ ဗိုဗီနမ် ‌ရွှေတံဆိပ်ဆုရှင် ‌နော်နီရယ်လင်းနှင့် ‌မေးမြန်းခြင်း

ASEAN University Games ၏ ဗိုဗီနမ် ‌ရွှေတံဆိပ်ဆုရှင် ‌နော်နီရယ်လင်းနှင့် ‌မေးမြန်းခြင်း

3472

“အိမ်မှာ ‌အောင်း‌နေမယ့်အစား အားကစားကို လုပ်ကြည့်လိုက်ပါ။ အားကစားနဲ့ ဝင်‌ငွေရှာလို့ရတယ်။ နိုင်ငံဂုဏ် ‌ဆောင်လို့ ရတယ်။”

———
‌နေပြည်‌တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံတွင် ဒီဇင်ဘာလ ၈ရက်မှ ၁၉ရက်‌နေ့အထိ ပြုလုပ်ခဲ့သည့် ၁၉ကြိမ်‌မြောက် အာဆီ ယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ (19th ASEAN University Games)ကို မြန်မာနိုင်ငံမှ အိမ်ရှင် အဖြစ် လက်ခံကျင်းပခဲ့သည်။
အာဆီယံ ၁၁ နိုင်ငံရှိ တက္ကသိုလ်များမှ အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ယင်းအားကစားပြိုင်ပွဲတွင် ဗိုဗီနမ်(ဗီယက်နမ်သိုင်း)ပြိုင်ပွဲဝင်‌ရောက်ယှဉ်ပြိုင်ပြီး ပထမ (‌ရွှေတံဆိပ်) ဆုကို ဆွတ်ခူးရရှိခဲ့သည့် မြန်မာတက္ကသိုလ် လက်‌ရွေးစင်တစ်ဦးဖြစ်သူ ‌နော်နီရယ်လင်း (ခ) ‌မေဟန်နီ‌အောင်လွင်ကို ‌ကေအိုင်စီ သတင်း‌ထောက် ‌စောရှားမှ ‌မေးမြန်းထားသည်များကို တင်ပြလိုက်ပါသည်။

‌ကေအိုင်စီ ။ ။ ညီမက အခုဘယ်‌ကျောင်းမှာပညာသင်ကြား‌နေပါလဲ။

‌နော်နီရယ်လင်း။ ။ သမီးက ရန်ကုန်အ‌ရှေ့ပိုင်းတက္ကသိုလ်၊ သမိုင်း‌မေဂျာ၊ ပထမနှစ် တက်‌နေပါတယ်။

‌ကေအိုင်စီ ။ ။ ဗိုဗီနမ်အားကစားနည်းက ဘယ်လိုအားကစားနည်းလည်းဆိုတာ ရှင်းပြ‌ပေးပါလား။

‌နော်နီရယ်လင်း။ ။ ဗီယက်နမ်ရဲ့ ကိုယ်ခံပညာကစားနည်း‌ပေါ့‌နော်။ အတိုက်က မြန်မာ့သိုင်းနဲ့ဆင်တယ်။ အပြကျ‌တော့ လည်ပင်း‌ပေါ်မှာ ‌ခြေ‌ထောက်နဲ့ တက်ညှပ်တာရှင့်။ တစ်ကိုယ်‌တော်ရှိတယ်။ အတွဲ အပြ‌တွေရှိပါတယ်။

‌ကေအိုင်စီ ။ ။ အခု ပြိုင်ပွဲရဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ အ‌ခြေ‌နေ‌လေးကို ‌ပြောပြပါဦး။

‌နော်နီရယ်လင်း ။ ။ ဒီနှစ်ပွဲမှာ‌တော ပြိုင်ပွဲတစ်မျိုးကို တစ်‌ယောက်ပဲပြိုင်လို့ရတယ်။ သမီးက တစ်ကိုယ်‌တော်ဓားတစ်လက် အပြပြိုင်ပွဲမှာ ၁၁ နိုင်ငံက ကစားသမား‌တွေနဲ့ ယှဉ်ပြိုင်ရတယ်။ တခြားနိုင်ငံကလည်း သူတို့ဟာနဲ့ သူတို့ ‌ကောင်းကြတယ်။ ဗီယက်နမ်က သူတို့ အားကစားနည်းဆို‌တော့ဟာ သမီးအ‌နေနဲ့ နည်းနည်းစိုးရိမ်စရာရှိတဲ့ Main ပြိုင်ဘက်က ဗီယက်နမ် ‌ပေါ့။ သက်ဆိုင်ရာ နိုင်ငံက (ဓား‌ရေးပြပွဲ)ယှဉ်ပြိုင်ပြီးတဲ့အခါ အ‌ကောင်းဆုံးလူကို ဆု‌ပေးတယ်။ သမီးက‌ရွှေ၊ ဗီယက်နမ်က ‌ငွေ၊ က‌မ္ဘောဒီးယားက ‌ကြေးတံဆိပ်ရရှိခဲ့ပါတယ်။

‌ကေအိုင်စီ။ ။ ‌ရွှေတံဆိပ်ရဖို့ ဘယ်လို ကြိုးစား‌လေ့ကျင့်ခဲ့ရသလဲ။

‌နော်နီရယ်လင်း။ ။ ဒီပွဲအတွက် ဗိုဗီနမ်အဖွဲ့ချုပ်က‌နေ ဇွန်လက‌နေ ဒီဇင်ဘာလအထိ ၆ လအထိ စခန်းသွင်း ‌လေ့ကျင့်ခဲ့ရပါတယ်။ ဗီယက်နမ်က‌နေ နည်းပြဆရာ‌တွေ ငှားပြီး ‌လေ့ကျင့်သင်ကြားခဲ့ရပါတယ်။

‌ကေအိုင်စီ။ ။ ဗိုဗီနမ်ကို ဘယ်တုန်းက စကစားလဲ။ ဗိုဗီနမ်ရဲ့ ဘယ်အမျိုးအစား အားကစားနည်း‌တွေကို ကစားဖူးလဲ။

‌နော်နီရယ်လင်း။ ။ ၂၀၁၄ ခုနှစ်က‌နေ ဗိုဗီနမ်ကို စကစားတယ်။ ဗိုဗီနမ် အတိုက်‌ရော အပြ‌ရော ပြိုင်ဖူးတယ်။ အတွဲလိုက်နဲ့ တစ်ကိုယ်‌တော်လည်း အကုန်ပြိုင်ဖူးတယ်။ အဲထဲမှာမှ ကိုယ်ကစားချင်တဲ့လိုင်းကို နည်းပြ‌တွေဆီ တင်ပြတယ်‌ပေါ့‌နော်။ နည်းပြ‌တွေက ခွင့်ပြုတယ်ဆိုရင် ကစားခွင့်ရတာ‌ပေါ့‌နော်။ အ‌ဖေက သိုင်းဆရာဆို‌တော့ ငယ်ငယ်‌လေးကတည်းက သမီးကို ကိုယ်ခံပညာ‌တွေသင်‌ပေးတယ်။ ‌လေ့ကျင့်ပြုစုပျိုး‌ထောင်အား‌ပေးခဲ့တာ ‌ပေါ့‌နော်။

‌ကေအိုင်စီ။ ။ ဘယ်နှစ်ခုနှစ်က ပြိုင်ပွဲ‌တွေမှာ ဘာဆု‌တွေရခဲ့ဖူးလဲ။

‌နော်နီရယ်လင်း။ ။ ပြည်တွင်းပြိုင်ပွဲ‌တွေဆိုရင် ၂၀၁၆ နဲ့ ၂၀၁၇ မှာ‌ရွှေရတယ်။ ဒီနှစ် ၂၀၁၈ ခုနှစ် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံပြုလုပ်တဲ့ နိုင်ငံခြားပွဲနှစ်ပွဲကစားခဲ့တယ်။ အဲ့ဒီ ၂ ပွဲထဲက ဗိုဗီနမ် အာရှပြိုင်ပွဲမှာ ‌ကြေးတံ ဆိပ်ရပြီး‌တော့ အခု အာဆီယံတက္ကသိုလ်ပွဲမှာ ‌ရွှေတံဆိပ်ရခဲ့ပါတယ်။

‌ကေအိုင်စီ။ ။ ‌ရှေ့ဆက် ဘာပွဲ‌တွေပြိုင်သွားဖို့ရှိလဲ။

‌နော်နီရယ်လင်း ။ ။ ၂၀၁၉၊ ‌ဖေ‌ဖော်ဝါရီလမှာ ဘဂင်္လား‌ဒေ့ရှ်မှာလုပ်မယ့် အားကစားပြိုင်ပွဲ တစ်ပွဲနဲ့ ၂၀၁၉ အာဆီယံ Sea Games မှာ တစ်ပွဲ ဝင်‌ရောက်ယှဉ်ပြိုင်သွားဖို့ရှိပါတယ်။

‌ကေအိုင်စီ။ ။ ညီမကိုယ်တိုင်က ကရင်အမျိုးသမီးငယ်တစ်‌ယောက်လည်းဖြစ်တဲ့အတွက် ကိုယ့်ကရင်အမျိုးသမီးငယ်‌လေး ‌တွေကို ဘယ်လို စကားလက်‌ဆောင်‌လေး‌ပေးချင်လဲ။

‌နော်နီရယ်လင်း ။ ။ မိန်းက‌လေး‌တွေက ဒီလို ကိုယ်ခံပညာ‌တွေ၊ အားကစား‌တွေလုပ်ဖို့ မိဘ‌တော်‌တော်များများက မပံ့ပိုး ‌ပေးကြဘူး။ မိန်းက‌လေး‌တော်‌တော်များများကလည်း ဝါသနာမပါကြဘူး။ အိမ်မှာ‌နေပြီး အိမ်မှုကိစ္စ‌တွေပဲလုပ်မယ်လို့ ‌တွေး ကြတယ်‌လေ။ သမီးအကြံ‌ပေးချင်တာက ဝါသနာမပါ‌ပေမယ့် စမ်းလုပ်ကြည့်၊ စလုပ်ကြည့်။ သူ့ဟာနဲ့သူ အလိုက်သင့်‌တော့ ဝါသနာပါလာလိမ့်မယ်။ အိမ်မှာ‌အောင်း‌နေမယ့်အစား အားကစားကိုလုပ်ကြည့်လိုက်ပါ။ အားကစားနဲ့ ဝင်‌ငွေရှာလို့ရတယ်။ နိုင်ငံဂုဏ်‌ဆောင်လို့ရတယ်။ အားကစားလုပ်ရင် ကျန်းမာ‌ရေးအတွက်လည်း ‌ကောင်းတဲ့အတွက် အားကစားတစ်ခုခုလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။
—————————————————————————————————————————-
၁၉ ကြိမ်‌မြောက် အာဆီ ယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ (19th ASEAN University Games)တွင် မြန်မာတက္ကသိုလ် လက်‌ရွေးစင်များဖြစ်ကြသည့် ‌နော်နီရယ်လင်း(ခ)‌မေဟန်နီ‌အောင်လွင်က ဗိုဗီနမ်ပြိုင်ပွဲတွင် ပထမ (‌ရွှေတံဆိပ်)ဆုကိုလည်း‌ကောင်း၊ ‌စော‌အောင်ဖြိုး‌ဝေပါဝင်သည့် ‌လှေ‌လှော်ပြိုင်ပွဲ၏ မီတာ ၅၀ဝ ပြိုင်ပွဲနှစ်ခုတွင် ဒုတိယဆု ၃ခုကိုလည်း‌ကောင်း အသီးသီး ဆွတ်ခူးနိုင်ခဲ့ကြသည်။