Home သတင်း 19th ASEAN University Games တွင် ကရင်လူငယ် ၃ဦး ‌ရွှေနှင့်‌ငွေတံဆိပ်ဆုများ ဆွတ်ခူး

19th ASEAN University Games တွင် ကရင်လူငယ် ၃ဦး ‌ရွှေနှင့်‌ငွေတံဆိပ်ဆုများ ဆွတ်ခူး

2552

ဒီဇင်ဘာ ၂ဝရက်၊ ၂၀၁၈ခုနှစ်။ ‌စောရှား

‌နေပြည်‌တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံတွင် ဒီဇင်ဘာလ ၈ရက်မှ ၁၉ရက်‌နေ့အထိ ယှဉ်ပြိုင်ကစားခဲ့သည့် ၁၉ကြိမ်‌မြောက် အာဆီ ယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ (19th ASEAN University Games)တွင် ကရင်လူငယ် ၃ဦးက ‌ရွှေနှင့်‌ငွေတံဆိပ်ဆုများ ဆွတ်ခူးရရှိခဲ့သည်။

မြန်မာတက္ကသိုလ် လက်‌ရွေးစင်များဖြစ်ကြသည့် ‌နော်နီရယ်လင်း(ခ)‌မေဟန်နီ‌အောင်လွင်က ဗိုဗီနမ်ပြိုင်ပွဲတွင် ပထမ (‌ရွှေတံ ဆိပ်)ဆုကိုလည်း‌ကောင်း၊ ‌စော‌အောင်ဖြိုး‌ဝေနှင့် ‌စောဟိန်းသီဟဦးတို့ ပါဝင်သည့် ‌လှေ‌လှော်ပြိုင်ပွဲ၏ မီတာ ၅၀ဝ ပြိုင်ပွဲနှစ်ခုတွင် ဒုတိယဆု ၂ခုကိုလည်း‌ကောင်း အသီးသီး ဆွတ်ခူးသွားခဲ့ခြင်း ဖြစ်သည်။

ဒီဇင်ဘာ ၁၇ရက်‌နေ့တွင် ယှဉ်ပြိုင်ခဲ့‌သော ဗိုဗီနမ်(Ying Yang Sword Form) ပြိုင်ပွဲတွင် ‌ရွှေတံဆိပ်ဆု ရရှိခဲ့သူ ရန်ကုန်အ‌ရှေ့ ပိုင်းတက္ကသိုလ်မှ ‌နော်နီရယ်လင်းက “မိမိတတ်‌မြောက်တဲ့ ပညာရပ်နဲ့ အမိ‌မြေကို ကာကွယ်ခဲ့လို့ရယ်။ ကျန်တာက‌တော့ မိမိ မိသားစုနဲ့တကွ လူမျိုးစုရဲ့ဂုဏ်ကို မြှင့်တင်ခဲ့ရလို့ အတိုင်းမသိ ဝမ်းသာပါတယ်ရှင့်။”ဟု ဒီဇင်ဘာ ၁၉ရက်(ယမန်‌နေ့)က ‌ကေအိုင် စီသို့ ‌ပြောသည်။

ထို့အပြင် ဒီဇင်ဘာလ ၁၃ရက်‌နေ့က ယှဉ်ပြိုင်ခဲ့‌သော မီတာ ၅၀ဝ (၁ဝ တက်‌လှော်) ရိုးရာ‌လှေ‌လှော်ပြိုင်ပွဲဖြစ်သည့် အမျိုးသားပွဲ စဉ်နှင့် အတွဲလိုက်(အမျိုးသား၊ အမျိုးသမီး) ပွဲစဉ် နှစ်ရပ်လုံးတွင် ‌ငွေတံဆိပ်ရရှိခဲ့သည်ဟုလည်း မြန်မာတက္ကသိုလ် ‌လှေ‌လှော် လက်‌ရွေးစင် ‌ငွေတံဆိပ်ဆုရှင်‌စော‌အောင်ဖြိုး‌ဝေက ‌ပြောဆိုသည်။

ကျင်းပပြီးစီးခဲ့ပြီဖြစ်သည့် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ‌မော်လမြိုင်၊ ‌တောင်ငူ၊ ဖားအံ၊ ပုသိမ်၊ ရန်ကုန်အ‌ရှေ့ ပိုင်းနှင့် ဒဂုံ စသည့်တက္ကသိုလ်များမှ ကရင်‌ကျောင်းသား‌ကျောင်းသူ ၁၅ဦးက ဘတ်စကက်‌ဘော၊ ‌ဘော်လီ‌ဘော၊ ‌လေးပစ်၊ ‌လှေ ‌လှော်၊ ‌ပြေးခုန်ပစ်၊ ဗိုဗီနမ်(ဗီယက်နမ် ရိုးရာသိုင်း)၊ ပီတန်း စသည့် အားကစားနည်း ၇မျိုး၌ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲကို ၁၉၈၁ခုနှစ်တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ပထမဦးဆုံးအကြိမ် ကျင်းပခဲ့ရာ မြန်မာ တက္ကသိုလ် လက်‌ရွေးစင်အသင်းများအ‌နေဖြင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပသည့် ၁၅ကြိမ်‌မြောက် အာဆီယံတက္ကသိုလ် များ အားကစားပြိုင်ပွဲမှသာ စတင် ပါဝင်လာခဲ့‌ကြောင်း သိရသည်။

ယခု ၁၉ကြိမ်‌မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံအ‌နေဖြင့် အိမ်ရှင်အဖြစ် ပထမဦးဆုံးအကြိမ် လက်ခံကျင်းပခွင့် ရရှိခဲ့ခြင်းဖြစ်သည်။