Home သတင်း ငြိမ်းချမ်း‌ရေး ခရီးလမ်းအ‌ပေါ် စိတ်ရှည်ကြရန် DKBA စစ်ဦးစီးချုပ် တိုက်တွန်း‌ပြောကြား

ငြိမ်းချမ်း‌ရေး ခရီးလမ်းအ‌ပေါ် စိတ်ရှည်ကြရန် DKBA စစ်ဦးစီးချုပ် တိုက်တွန်း‌ပြောကြား

3440

ဒီဇင်ဘာ ၂၁ရက်၊ ၂၀၁၈ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီခရိုင် စုကလိမြို့နယ်ခွဲရှိ ဒီမိုက‌ရေစီအကျိုးပြုကရင့်တပ်မ‌တော်-DKBA ဌာနချုပ်တွင် ဒီဇင်ဘာလ ၂၁ရက် (ယ‌နေ့) ကျ‌ရောက်သည့် ၎င်းတို့၏(၂၄)နှစ်‌မြောက် တပ်နှစ်ပတ်လည်‌နေ့ အခမ်းအနားတွင် -DKBA ရဲ‌ဘော်များနှင့် ပြည်သူများ အ‌နေဖြင့် ငြိမ်းချမ်း‌ရေးခရီးလမ်းအ‌ပေါ် စိတ်ရှည်ကြရန် DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စောမို‌ရှေးက ‌ပြောကြားလိုက်သည်။

၎င်းက “ရဲ‌ဘော်တို့ ဒီ‌နေ့ ငြိမ်းချမ်း‌ရေးခရီးလမ်းဟာ ရပ်တန့်‌နေတာမဟုတ်ပါဘူး။ ယ‌နေ့ ငြိမ်းချမ်း‌ရေး ခရီးလမ်းဟာ ဆက်သွား ‌နေတာပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်း‌ရေး ခရီးလမ်းအ‌ပေါ်မှာ စိတ်ရှည်ကြဖို့ ရဲ‌ဘော်အားလုံးနဲ့ ပြည်သူအားလုံးကို ကျ‌နော် ဒီ‌နေရာက ‌နေ အ‌လေးအနက် တိုက်တွန်းပါတယ်။”ဟု ဆုံဆည်းမြိုင်‌ကျေးရွာ ဒီ‌ကေဘီ‌အေဌာနချုပ်၌ ကျင်းပခဲ့သည့် အခမ်းအနားတွင် ‌ပြောဆိုခဲ့သည်။

ထို့အပြင် DKBA အ‌နေဖြင့် ရည်မှန်းချက်ရှိသူများဖြစ်သလို ပန်းတိုင်းကိုလည်း သိသူများဖြစ်ပြီး ရည်ရွယ်ချက် ‌ပေါက်‌မြောက် ‌အောင်မြင်သည့်တိုင် ပြည်သူလူထုနှင့် အတူတကွ ပူး‌ပေါင်းကာ ဒီမိုက‌ရေစီ အ‌ခြေခံ‌သော ဖက်ဒရယ်ပြည်‌ထောင်စုကြီး ‌ပေါ်ထွန်းလာသည့်အထိ အတူတကွ လက်တွဲ‌ဆောင်ရွက်သွားကြရန်လည်း ဆက်လက် တိုက်တွန်း‌ပြောကြားခဲ့သည်။

DKBA အဖွဲ့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ်(NCA)ကို လက်မှတ်‌ရေးထိုးထားသည့် ကရင် လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သလို KNU-ကရင်အမျိုးသားအစည်းအရုံး၏ နိုင်ငံ‌ရေး ဦး‌ဆောင်မှုဖြင့် ၂၁ရာစုပင်လုံညီလာခံ၏ နိုင်ငံ‌ရေး‌ဆွေး‌နွေးမှုများတွင် အခြား‌သော လက်မှတ်‌ရေးထိုးထားသည့် အဖွဲ့များနှင့်အတူ ပူး‌ပေါင်းပါဝင်မှုများ လုပ်‌ဆောင်‌နေ သည့်အဖွဲ့တစ်ခုလည်း ဖြစ်သည်။

အဆိုပါ အခမ်းအနားသို့ ပြည်‌ထောင်စုဝန်ကြီး‌ဟောင်း ဦး‌အောင်မင်း၊ ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီးနှင့် အခြားလွှတ်‌တော်ကိုယ် စားလှယ်များ၊ နယ်ခြား‌စောင့်တပ် အမှတ် (၁၀၂၂)၊ တပ်နယ်မှူး ဗိုလ်မှူး‌စောမုတ်သုန်၊ KNU/KNLA ငြိမ်းချမ်း‌ရေး‌ကောင်စီမှ ဗိုလ် ချုပ်‌နော်က‌ပေါ်ထူးနှင့် အခြား‌သော တိုင်းရင်းသားမဟာမိတ် ‌ခေါင်း‌ဆောင်များ၊ ဒီ‌ကေဘီ‌အေ တပ်မှူးတပ်သားများနှင့် ‌ဒေသခံလူ ထု စုစု‌ပေါင်း ၂‌ထောင်ခန့် တက်‌ရောက်ခဲ့ကြသည်။

ပြည်‌ထောင်စု ဝန်ကြီး‌ဟောင်း ဦး‌အောင်မင်းက “၂၀၁၈ခုနှစ် ‌အောက်တိုဘာလ ၁၅ရက်‌နေ့ ‌နေပြည်‌တော်မှာ ပြုလုပ်ခဲ့တဲ့ ထိပ် သီး‌ဆွေး‌နွေးပွဲမှာ ခွဲမထွက်ရကိစ္စ၊ တစ်ခုတည်း‌သော တပ်မ‌တော်ကိစ္စတို့‌ကြောင့် ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးပွဲ တစ်ဆို့မှု‌တွေရှိခဲ့ ‌ကြောင်း စိတ်မ‌ကောင်းစွာ ‌တွေ့ရှိခဲ့ရပါတယ်။ မည်သို့ဆိုပါ‌စေ ဒီမိုက‌ရေစီ ငြိမ်းချမ်း‌ရေး ခရီးစဉ်ကြီးကို ပြီးဆုံး‌အောင် ‌လျှောက် လှမ်းရမှာက ကျ‌နော်တို့ ရဲ‌ဘော်တို့ရဲ့ သမိုင်း‌ပေးတာဝန်ပဲဖြစ်ပါတယ်။ ဆက်မလုပ်ဘဲ ရပ်တန့်ထားမယ်ဆိုရင် ငြိမ်းချမ်း‌ရေးရမှာ မဟုတ်ပါဘူး။ ကျ‌နော်တု့ိတ‌တွေဟာ သမိုင်းမှာ တရားခံ ဖြစ်သွားရ ပါလိမ့်မယ် “ဟု အခမ်းအနားတွင် အမှာစကား ‌ပြောဆိုသွား ခဲ့သည်။

ယ‌နေ့ကျင်းပသည့် အခမ်းအနားတွင် ဒီ‌ကေဘီ‌အေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စောမို‌ရှေးမှ မိန့်ခွန်း‌ပြောကြားခဲ့ပြီး အထူးဧည့်သည် ‌တော်များမှ အမှာစကား‌ပြောကြားခြင်း၊ တိုင်းရင်းသားမဟာမိတ်နှင့် နိုင်ငံ‌ရေးပါတီ အသီးသီးမှ ‌ပေးပို့လာသည့် သဝဏ်လွှာများ ကို သက်ဆိုင်ရာ ‌ခေါင်း‌ဆောင်များက ဖတ်ကြားခြင်းအပြင် စစ်‌ရေးပြအခမ်းအနားနှင့် ‌ဖျော်‌ဖြေ‌ရေးအစီအစဉ်များ ပါဝင်ခဲ့သည်။

DKBA အဖွဲ့သည် KNU အဖွဲ့အစည်းမှ ၁၉၉၄ခုနှစ်တွင် စတင် ခွဲထွက်ခဲ့ပြီး‌နောက် တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မ‌တော်-DKBA အဖြစ် ရပ်တည်ခဲ့ရာမှ ၂၀၁၂ခုနှစ်၊ ဧပြီလတွင် ဒီမိုက‌ရေစီအကျိုးပြုကရင်တပ်မ‌တော်-DKBA အဖြစ် နာမည် ‌ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဒီ‌ကေဘီ‌အေမှ ထုတ်ပယ်ခံခဲ့ရသည့် ဗိုလ်ချုပ်‌စော‌ကျော်သက်နှင့် ဗိုလ်မှူးကြီး‌စောဆန်း‌အောင်တို့ ဦး‌ဆောင်သည့် ခွဲ ထွက် ဒီ‌ကေဘီ‌အေအဖွဲ့ဟူ၍လည်း ရှိသည်။