Home သတင်း ‌ငွေစက္ကူအတု ကိုင်‌ဆောင်သည့်အမှု အာမခံရရန် လုပ်‌ဆောင်‌နေ‌ကြောင်း ပဲခူး ကရင်‌ရေးရာဝန်ကြီး‌ပြော

‌ငွေစက္ကူအတု ကိုင်‌ဆောင်သည့်အမှု အာမခံရရန် လုပ်‌ဆောင်‌နေ‌ကြောင်း ပဲခူး ကရင်‌ရေးရာဝန်ကြီး‌ပြော

3650

ဒီဇင်ဘာ ၁၃ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

ပဲခူးတိုင်း‌ဒေသကြီး၊ ဒိုက်ဦးမြို့နယ်အတွင်း၌ တစ်‌သောင်းတန် ‌ငွေစက္ကူအတု ကိုင်‌ဆောင်မှုဖြင့် အမှုဖွင့် ဖမ်းဆီးထိန်းသိမ်းခံ ထားရသည့် ‌နော်‌သောသွဲ့ထူးအမှုကို အာမခံရရှိရန် ကြိုးပမ်းလုပ်‌ဆောင်‌နေ‌ကြောင်း ပဲခူးတိုင်း‌ဒေသကြီး ကရင်တိုင်း ရင်း သား‌ရေးရာဝန်ကြီး ‌နော်ပွယ်‌စေးက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌နော်‌သောသွဲ့ထူးအ‌နေဖြင့် ပြီးခဲ့သည့် ဒီဇင်ဘာလ ၆ ရက်‌နေ့က အဆိုပါ ‌ငွေစက္ကူ တစ်‌သောင်းတန်အတု ၁၅၄ ရွက် ကိုင်‌ဆောင်မှုနှင့် ပတ်သက်ပြီး ဒိုက်ဦးမြို့မ ရဲစခန်း(ပ) ၁၄၂၀/၂၀၁၈၊ မြန်မာနိုင်ငံ‌တော် ဗဟိုဘဏ်ဥပ‌ဒေပုဒ်မ ၁၀၅ /၁၀၆ ဖြင့်အမှုဖွင့် အ‌ရေးယူခံရခြင်းဖြစ်သည်။

အဆိုပါကိစ္စကို လိုက်ပါကူညီ‌ဆောင်ရွက်မှုများပြုလုပ်‌ပေး‌နေသည့် ပဲခူးတိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌နော်ပွယ်‌စေးက “ရိုးရိုးသားသား မိဘကိုလုပ်‌ကျွေး‌နေတဲ့ ဒီညီမငယ်ကို အမှုက‌နေ ကွင်းလုံးကျွတ်လွတ်‌မြောက်ဖို့အထိ ကြိုးပမ်းကူညီသွားမယ်။ အခုလွှတ်‌တော်ကိုယ်စားလှယ်‌ရော၊ ‌ရှေ့‌နေ‌တွေ‌ရော လိုက်ပါကူညီ‌နေပါတယ်”ဟု ယမန်‌နေ့ ည( ဒီဇင်ဘာ ၁၂ ရက်) ‌ပြောသည်။

ထို့အပြင် လက်ရှိ အချုပ်ထဲတွင် ကျန်းမာ‌ရေးမ‌ကောင်းဖြစ်‌နေသည့် ‌နော်‌သောသွဲ့ထူးကို အာမခံရရှိကာ အချုပ်ထဲမှ လွတ်‌မြောက်နိုင်ရန်သာမက အမှုမှ အလုံးစုံလွတ်‌မြောက်နိုင်ရန် ဥပ‌ဒေ‌ရေးရာကျွမ်းကျင်သည့် ဥပ‌ဒေ ပညာရှင်များ၏ အကူအညီများကိုပါ ရယူသွားမည်ဖြစ်‌ကြောင်း ဝန်ကြီး ‌နော်ပွယ်‌စေးက ဆက်‌ပြောသည်။

ဒိုက်ဦးမြို့နယ် လယ်ကြား‌မြောင်‌ကျေးရွာတွင် ‌နေထိုင်သူ ‌နော်‌သောသွဲ့ထူးမှာ ပြီးခဲ့သည့် ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ အတွင်း က စကင်္ာပူနိုင်ငံသို့ အိမ်အကူအလုပ်ဖြင့် သွား‌ရောက်အလုပ်လုပ်ကိုင်ခဲ့ပြီး‌နောက် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် မြန်မာနိုင်ငံ သို့ ပြန်လည်‌ရောက်ရှိခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသို့ ပြန်လာရန်အတွက် ၎င်းရရှိသည့် လုပ်အားခများကို အိမ်ရှင်မှ စကင်္ာပူနိုင်ငံရှိ MM Sharife Trader တွင် ‌ငွေလဲလှယ်‌ပေးခဲ့ခြင်းဖြစ်သည်ဟု သိရပြီး ပြီးခဲ့သည့် သီတင်းပတ်က သတင်းအရ ‌နော်‌သောသွဲ့ထူး အိမ်သို့ သွား‌ရောက်ရှာ ‌ဖွေရာ ရရှိလာ‌သော မြန်မာကျပ်‌ငွေများမှာ ‌ငွေစက္ကူအတုများဖြစ်‌ကြောင်း သိရှိရသဖြင့် အ‌ရေးယူထား‌ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

လတ်တ‌လော ‌ငွေစက္ကူတုကိစ္စနှင့်ပတ်သက်၍ အ‌ရေးယူခံထားရမှုအ‌ပေါ် သတင်းအမျိုးမျိုးထွက်‌ပေါ်‌နေ‌သော်လည်း ‌နော် ‌သောသွဲ့ထူး၏မိသားစုဝင်များကမူ ‌ငွေအတုမှန်းသိပြီးသည့် အချိန်တွင် ရဲစခန်းအား အပ်နှံရန် ကနဦးအ‌ကြောင်းကြား ထားပြီးမှ ရဲစခန်းက အဖမ်းပြကာ ဖမ်းဆီးသွားခြင်းဖြစ်‌ကြောင်း ‌ကေအိုင်စီသို့ ‌ပြောသည်။

‌နော်‌သောသွဲ့ထူး၏မိခင် ‌နော်သီသီခိုင်က “သမီးကို အမြန်ဆုံးဘဲ ပြန်ပြီး လွတ်‌ပေး‌စေချင်တယ်။ သမီးလွတ် ‌မြောက်လာ ဖို့ အတွက် အခုလိုက်လံကူညီ‌ပေး‌နေတဲ့သူက‌တော့ ဝန်ကြီး( ‌နော်ပွယ်‌စေး)၊ လွှတ်‌တော်ကိုယ်စားလှယ်အဖွဲ့‌တွေ အပြင် အလုပ်သမားသမဂ္ဂအဖွဲ့‌တွေလည်းပါပါတယ်”ဟု ‌ပြောသည်။

ဒီဇင်ဘာလ ၈ ရက်‌နေ့တွင် ဝန်ကြီး ‌နော်ပွယ်‌စေးနှင့် ပဲခူးတိုင်း‌ဒေသကြီးလွှတ်‌တော်ကိုယ်စားလှယ် ဦးသူရ‌ဇော်တို့က ‌နော်‌သောသွဲ့ထူး၏မိသားစုဝင်များအား သွား‌ရောက်‌တွေ့ဆုံသည့်အပြင် ရဲစခန်းတွင် ထိန်းသိမ်းခံ‌နေရသည့် ‌နော်‌သောသွဲ့ထူးထံသို့ သွား‌ရောက်ကာ အား‌ပေးစကားများ‌ပြောကြားခဲ့ကြသည်ဟု သိရသည်။