Home သတင်း အိမ်ဖျက်ခံရသည့်အ‌ပေါ် တရားစွဲဆိုသွားမည်ဟု နစ်နာသူများက ရှင်းလင်း‌ပြောဆို

အိမ်ဖျက်ခံရသည့်အ‌ပေါ် တရားစွဲဆိုသွားမည်ဟု နစ်နာသူများက ရှင်းလင်း‌ပြောဆို

2378

ဒီဇင်ဘာ ၅ ရက်၊ ၂၀၁၈ ခုနှစ်။ စအိုင်ဆူး

မြန်မာ-ထိုင်းနယ်စပ်၊ မြဝတီနှင့် မဲ‌ဆောက်မြို့ကို ဆက်သွယ်ထား‌သော အမှတ် (၂) ချစ်ကြည်‌ရေးတံတား စီမံကိန်းဧရိယာ လမ်းအူ‌ကြောင်းတွင် ပါဝင်‌နေသည့် ‌နေအိမ် ၆ လုံး အဖျက်ခံခဲ့ရ ပြီး ၎င်းတို့အနက် အိမ်ပိုင်ရှင် ငါးဦးက မိမိတို့၏ ‌နေအိမ် များ အဖျက်ဆီးခံရမှုအ‌ပေါ် ပြန်လည်တရားစွဲဆိုသွားမည်ဖြစ်‌ကြောင်း မြဝတီမြို့တွင် ယ‌နေ့ (ဒီဇင်ဘာ ၅ရက်) သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ‌ပြောကြားလိုက်သည်။

ဒီဇင်ဘာလ ၂ ရက်‌နေ့က ‌နေအိမ် ၆လုံးကို အာဏာပိုင်များက အင်အားသုံး ဝင်‌ရောက် ဖယ်ရှားရှင်းလင်းလိုက်ခြင်းမှာ ဥပ‌ဒေ ‌ကြောင်းအရ ညီညွတ်မှုမရှိသည့်အတွက် ၎င်းဖယ်ရှား ရှင်းလင်းရာတွင် ပါဝင်ပတ်သက်သူများကို ယခုရက်ပိုင်း အတွင်း ပြန်လည်တရားစွဲဆိုသွားမည်ဟု ‌နေအိမ်အဖျက်ခံရသူ ဦးကြင်ထွန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“အခုပါဝင်တဲ့ ပြည်သူ‌တွေက သူတို့(အစိုးရ) ‌လျော်‌ကြေး‌ပေးတယ်။ မယူတာလို့ မဟုတ်ပါဘူး။ သူတို့က ‌ရွှေ့‌ပြောင်း စရိတ်ပဲ ‌ပေးတာပါ။ ကျ‌နော်တို့ ပြည်သူ‌တွေက ဘာ‌ကြောင့်မဖယ်လည်းဆို‌တော့ ဒီလမ်းအူ‌ကြောင်း ‌ပြောင်း‌နေပါတယ်။ ‌ဖြေရှင်း‌ပေး ပါ၊ အကြိမ်ကြိမ်တင်ပြခဲ့တယ်။ သူတို့က‌နေပြီး‌တော့ ကျ‌နော့်အိမ်ကို နိုင်ငံ‌တော်‌မြေဥပဇာကျူး‌ကျော်ဆိုပြီး‌တော့ ‌နေအိမ်ကို ကုတ်သွားပါတယ်။ ဥပ‌ဒေနဲ့မညီဘဲနဲ့ အင်အားသုံးပြီး ဖယ်ရှားလိုက်တယ်။ အစ်ကိုတို့က ပြည်သူ။ အစ်ကိုတို့ နစ် နာသွား တယ်။ ဒီမြို့နယ်အုပ်ချုပ်‌ရေးမှူးက အမိန့်‌ပေးတယ်။ မနက် ၅ နာရီထိုးမှာ စဖျက်တယ်။ အဲ့ဒီအ‌ပေါ်မှာ အစ်ကိုတို့က သူနဲ့အ ‌ပေါင်းအပါ‌တွေကို တရားစွွဲသွားမယ်” ဟု ‌ပြောသည်။

၎င်းဖြိုဖျက်ခံခဲ့ရသည့် ‌နေအိမ်တန်ဖိုးနှင့်‌မြေဖို့စရိတ်မှာ ပျမ်းမျှသိန်း‌လေးရာတန်‌ကြေးရှိပြီး ‌မြေတန်ဖိုးအ‌နေဖြင့် ကာလ ‌ပေါက်‌ဈေးအရ သိန်း‌ထောင်ချီခန့် တန်‌သော်လည်း အစိုးရမှ ‌ခေါ်ယူ‌ဆွေး‌နွေးညှိနှိုင်းမှုတွင် ၎င်းတို့အား ‌ရွှေ့‌ပြောင်းစရိတ် အ‌နေဖြင့် (၆၆)သိန်းသာ‌ပေးရန် ညှိနှိုင်းခဲ့မှု‌ကြောင့် ၎င်းညှိနှိုင်းမှုကို လက်မခံခဲ့ခြင်းဖြစ်‌ကြောင်း ဦးကြင်ထွန်းက ဆက်‌ပြော သည်။

၎င်း‌နေအိမ်ဖယ်ရှားရှင်းလင်းခံခဲ့ရသည့် ‌နေအိမ်ပိုင်ရှင် ငါးဦးထဲမှ တစ်ဦးသည် ‌ပြောင်း‌ရွှေ့‌ကြေးကို လက်ခံရယူခဲ့ပြီး ကျန်ရှိသည့် ဖယ်ရှားရှင်းလင်းခံရသူ အိမ်ပိုင်ရှင် ငါဦးအနက် နှစ်ဦးမှာ ဖယ်ရှားခံရသည့်‌နေ့တွင် တရားစွဲဆိုမှုပြုထားခဲ့ပြီးဖြစ် ကာ ကျန်ရှိသည့် သုံးဦးမှ ဆက်လက်တရားစွဲဆိုသွားမည်ဖြစ်သည်ဟု သတင်းစာရှင်းလင်းပွဲ၌ ‌ပြောဆိုခဲ့ကြသည်။

အဆိုပါ ဖယ်ရှားရှင်းလင်းမှုနှင့်ပတ်သက်ပြီး ယမန်‌နေ့(ဒီဇင်ဘာ ၄ ရက်)က စီမံကိန်း တာဝန်ရှိသူများမှ ဖားအံမြို့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာ ‌နေအိမ်ပိုင်ရှင်များနှင့် အကြိမ်ကြိမ်ညှိနှိုင်းခဲ့‌သော်လည်း မ‌ပြေလည်မှု‌ကြောင့် ၎င်းဖယ်ရှား ရှင်းလင်းမှုကို ဥပ‌ဒေလုပ်ထုံးလုပ်နည်းအရ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ညှိနှိုင်းမှု မ‌ပြေလည်သည့် ‌နေအိမ် ပိုင်ရှင်ငါးဦးနှင့် ဥပ‌ဒေ အတိုင်း ဆက်လက်‌ဖြေရှင်းသွားမည်ဟုလည်း ကရင်ပြည်နယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေး၊ သစ်‌တော၊ သတ္တုနှင့် လမ်းပန်း ဆက်သွယ်‌ရေးဝန်ကြီး ‌စောပြည်သာက ‌ပြောဆိုခဲ့သည်။

အဆိုပါ အမှတ် (၂) ချစ်ကြည်‌ရေးတံတား စီမံကိန်း‌ဆောက်လုပ်မှုကို အပြီးသတ်ရန်အတွက် စီမံကိန်း ဧရိယာအတွင်း ပါဝင်‌နေသည့် ‌မြေယာ၊ ‌နေအိမ်များ ဖယ်ရှားရှင်းလင်းမှုကို ယခုလ ဒီဇင်ဘာလအတွင်း အပြီးသတ်၍ ထိုင်းဘက်ခြမ်းသို့ အပ်နှံရန်အတွက် ယခုလို ရှင်းလင်းမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

တံတား စီမံကိန်း ဧရိယာအတွင်း ပါဝင်သည့် အိမ်‌ထောင်စု (၉၀)‌ကျော်အတွက် ‌မြေယာ‌လျော်‌ကြေးများကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ‌လောက်တွင် မြဝတီမြို့၌ ‌ပေးအပ်ခဲ့ပြီးဖြစ်‌သော်လည်း လမ်းအူ‌ကြောင်းကို (၅)ကြိမ်တိုင် ‌ပြောင်း‌ရွှေ့ တိုင်းတာခဲ့မှု‌ကြောင့် မူလ‌လျော်‌ကြေးရရှိခဲ့သည့် ‌နေအိမ်အချို့မှာ စီမံကိန်းဧရိယာ၌ ဖယ်ရှားရှင်းလင်းခံရခြင်းမရှိဘဲ လက်ရှိ ‌မြေဂရမ်ကျပြီးသား ‌နေအိမ်တစ်လုံးအပါအဝင် ‌နေအိမ် ၆လုံးကို ဖယ်ရှား ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ‌ဒေသခံများဘက်က ဆိုသည်။

နိုင်ငံ‌တော်စီမံကိန်းဖြစ်ပြီး မဟာမဲ‌ခေါင်‌ဒေသကြီးအတွက် စီးပွား‌ရေးအကျိုးဖြစ်ထွန်းနိုင်မည့် မြန်မာ-ထိုင်း နှစ်နိုင်ငံ အမှတ် (၂) ချစ်ကြည်‌ရေးတံတား စီမံကိန်းကို ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်၊ ဩဂုတ်လ ၃ဝ ရက်‌နေ့က စတင်တည်‌ဆောက်ခဲ့ခြင်း ဖြစ်သည်။ လာမည့်နှစ် ၂၀၁၉ ခုနှစ်၊ မတ်လတွင် တံတားကို ဖွင့်လှစ်သွားရန် နှစ်နိုင်ငံအစိုးရက စီစဉ်ထားသည်ဟု သိရသည်။