Home သတင်း လှိုင်သာယာမြို့ နယ်လုံးဆိုင်ရာ ပထမဆုံးအကြိမ် စု‌ပေါင်း နှစ်သစ်ကူးပွဲ‌တော် ကျင်းပမည်

လှိုင်သာယာမြို့ နယ်လုံးဆိုင်ရာ ပထမဆုံးအကြိမ် စု‌ပေါင်း နှစ်သစ်ကူးပွဲ‌တော် ကျင်းပမည်

2618

ဒီဇင်ဘာ ၁ဝ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောထွန်းလင်း

ရန်ကုန်တိုင်း‌ဒေသကြီး၊ လှိုင်သာယာမြို့ နယ်လုံးဆိုင်ရာ ပထမဦးဆုံး အကြိမ် စု‌ပေါင်းနှစ်သစ်ကူးပွဲ‌တော်ကို ဇန်နဝါရီ ၆ ရက်‌နေ့တွင် လှိုင်သာယာမြို့ ၊ ‌အောင်‌မြေသာယာ ဘုရားအနီးရှိ အားကစားကွင်း၌ ကျင်းပသွားမည်ဟု ကျင်းပ‌ရေး‌ကော်မတီ ဒုဥက္ကဌ နန့်စု‌ရွှေစင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “လှိုင်သာယာမှာက ခါတိုင်းက‌တော့ သုံး‌လေး‌နေရာခွဲလုပ်တယ်။ ကိုယ့်ဘာသာအလိုက်‌ပေါ့၊ ဒီနှစ်က အားလုံး စု‌ပေါင်းပြီး‌တော့ လုပ်တာ‌ပေါ့‌နော်။ မြို့နယ်လုံးဆိုင်ရာက‌တော့ ဒါပထမဦးဆုံးအကြိမ်ပဲ။ အခမ်းအနား ကုန်ကျစရိတ်အတွက်‌တော့ နှစ်သစ်ကူးနှုတ်ဆက်သီချင်းလိုက်ဆိုပြီး‌တော့ အလှူ‌ငွေ‌ကောက်‌နေတယ်”ဟု ‌ပြော သည်။

၂၇၅၈ ခုနှစ်၊ လှိုင်သာယာမြို့နယ်လုံးဆိုင်ရာ ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော်ကို ဇန်နဝါရီ ၅ ရက်‌နေ့တွင် ဖွင့် ပွဲ ပြုလုပ်မည်ဖြစ်ပြီး နှစ်သစ်ကူး‌နေ့ (ဇန်နဝါရီ ၆) တွင် နှစ်သစ်ကူး ကရင်အမျိုးသားအလံတင်အခမ်းအနား ပြုလုပ်မည်ဖြစ်ကာ ည‌နေပိုင်းတွင် ကရင့်ရိုးရာဒုံးအကနှင့် ‌ဖျော်‌ဖြေ‌ရေး အစီအစဉ်များ ပြုလုပ်သွားမည်ဟု ကျင်းပ‌ရေး‌ကော်မတီ တာဝန်ရှိသူများက ‌ပြောသည်။

လှိုင်သာယာမြို့နယ်သည် ရန်ကုန်တိုင်း‌ဒေသကြီးအတွင်း အကြီးမားဆုံး စက်မှုဇုံရှိသည့် မြို့ဖြစ်ကာ ဧရာဝတီတိုင်း၊ ပဲ ခူးတိုင်း‌ဒေသကြီး စသည်ဖြင့် ‌ဒေသစုံမှ အလုပ်သမားများ လာ‌ရောက်လုပ်ကိုင်‌နေထိုင်သလို ကရင်တိုင်းရင်းသားများလည်း အ‌ခြေချ‌နေထိုင်မှုရှိ‌ကြောင်း သိရသည်။