Home သတင်း မွန်ပြည်နယ် ကရင်နှစ်သစ်ကူး ‌မော်လမြိုင်တွင် ကျင်းပမည်

မွန်ပြည်နယ် ကရင်နှစ်သစ်ကူး ‌မော်လမြိုင်တွင် ကျင်းပမည်

3786

ဒီဇင်ဘာ ၂ဝ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောမြတ်ဦးသာ

မွန်ပြည်နယ်လုံးဆိုင်ရာ ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော်ကို ‌မော်​လမြိုင်​မြို့ သံလွင်​ဥယျာဉ်​၌ ၅ ရက်​ကြာ ကျင်​းပသွားမည်​ဟု မွန်ပြည်နယ်၊ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ ဥက္ကဌ ‌စော‌အောင်‌ကျော် သိန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ ဒီနှစ်မှာ‌တော့ ပြည်နယ်အဆင့် ကျင်းပမှာ‌ပေါ့‌နော်။ ၁ဝ မြို့နယ်အလိုက် ပြိုင်ပွဲဒုံးအကနဲ့ ‌ဖျော်‌ဖြေ‌ရေးဒုံး‌တွေ လာပြီး အားဖြည့် ကူညီ‌ပေးသွားမှာပါ။ နှစ်သစ်ကိုကြိုဆိုတဲ့အ‌နေနဲ့ စက်ဘီးစီးပြိုင်ပွဲလည်း ကျင်းပသွားမယ်။ ကရင်ရိုးရာယဉ်‌ကျေးမှု ‌ဖော်ထုတ်တဲ့အပိုင်းမှာ လူငယ်‌တွေပိုသိချင်တာ‌ပေါ့‌နော်။ ချစ်ကြည်ရင်းနှီးမှု‌တွေရှိ‌စေဖို့ အခြားတိုင်းရင်းသား‌တွေကိုလည်း ဖိတ်‌ခေါ်ပြီး အစဉ်အလာ‌ကောင်း‌တွေကို ထိန်းသိမ်း‌စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပတာဖြစ်တယ်” ဟု ဒီဇင်ဘာ ၁၈ ရက်‌နေ့တွင် ‌ပြောသည်။

မွန်ပြည်နယ်လုံးဆိုင်ရာ ကရင်အမျိုးသား နှစ်သစ်ကူးပွဲ‌တော်ကို ကြိုဆို‌သောအားဖြင့် ဒီဇင်ဘာ ၃ဝ ရက်‌နေ့တွင် ‌မော်လမြိုင်၌ စက်ဘီးစီးပြိုင်ပွဲပြုလုပ်သွားမည်ဖြစ်သလို ဇန်နဝါရီ ၅ ရက်‌နေ့ည‌နေပိုင်းတွင် နှစ်သစ်ကူးမုဒ်ဦးဖွင့်ပွဲ အခမ်းနားပြုလုပ်မည်ဖြစ်ကာ ဇန်နဝါရီ ၆ ရက်‌နေ့တွင် ကျ‌ရောက်မည့် ကရင်နှစ် ၂၇၅၈ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော် အခမ်းအနားဆက်ကျင်းပ သွားမည်ဟု ကျင်းပ‌ရေး‌ကော်မတီ တာဝန်ရှိသူများက‌ပြောသည်။

မွန်ပြည်နယ်၊ ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌စော‌အောင်မြင့်ခိုင်က “ ‌ဝေးလံတဲ့ရွာ ၃၃ ရွာကို နှစ်သစ်ကူးပွဲအတွက် ၅ သိန်းစီ ‌ထောက်ပံ့မယ်။ မြို့နယ်အဆင့်အ‌နေနဲ့ ၁၅ သိန်း၊ ပြည်နယ်မှာ‌တော့ သိန်း ၁ဝဝ စုစု‌ပေါင်း ကျပ်သိန်း ၄၂ဝ ‌ထောက်ပံ့‌ပေး သွား မယ်” ဒီဇင်ဘာ ၁၉ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

မွန်ပြည်နယ်တွင် ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော်ကို မြို့နယ်နှင့် ‌ကျေးရွာ အလိုက် နှစ်စဉ်ကျင်းပခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ပြည်နယ်အဆင့် တစ်ကြိမ် ကျင်းပခဲ့ပြီး‌နောက် ယခုနှစ်တွင် ထပ်မံစု‌ပေါင်း ကျင်းပခြင်းဖြစ်သည်။ ယခင်နှစ်က မြို့နယ် အလိုက် နှစ်သစ်ကူးပွဲ‌တော်များသို့ ပြည်နယ်အစိုးရက တစ်မြို့နယ်လျှင် အလှူ‌ငွေ ကျပ်သိန်း ၄ဝ ‌ပေးအပ်ခဲ့‌ကြောင်း ပြည်နယ် အစိုးရ ထံမှ သိရသည်။