Home Hotnews မြစ်ကမ်း‌ဘေး လယ်‌မြေဆုံးရှုံးသွားသူများကို ‌သောင်ထွန်း‌မြေ ပြန်‌ပေးရန် ဥပ‌ဒေနှင့်အညီ တိုင်းအစိုးရ ‌ဆောင်ရွက်မည်

မြစ်ကမ်း‌ဘေး လယ်‌မြေဆုံးရှုံးသွားသူများကို ‌သောင်ထွန်း‌မြေ ပြန်‌ပေးရန် ဥပ‌ဒေနှင့်အညီ တိုင်းအစိုးရ ‌ဆောင်ရွက်မည်

2763

ဒီဇင်ဘာ ၁၇ရက်၊ ၂၀၁၈ခုနှစ်။ ‌စောထွန်းလင်း

ရန်ကုန်တိုင်း‌ဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ကတွယ်‌ကျေးရွာအုပ်စုအတွင်းရှိ ‌ကျေးရွာများတွင် လှိုင်မြစ်‌ရေ တိုက်စားမှု‌ကြောင့် ကမ်းပြိုပြီး လယ်‌မြေ ဆုံးရှုံးသွားသူများကို ‌သောင်ထွန်းသည့် ‌မြေ‌နေရာများ ပြန်‌ပေးသွားမည်ဟု ထန်းတပင်မြို့နယ်၊ အမှတ် (၂) တိုင်း‌ဒေသကြီးလွှတ်‌တော်ကိုယ်စားလှယ် ဦး‌ဌေး‌မော် (ဆရာ‌ဒွေး)က ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ဒီကတွယ် ‌ကျေးရွာအုပ်စု၊ စာဖြူစု ‌ကျေးရွာနဲ့‌ကျေးရွာအချို့သည် ကမ်းပြိုမှု အကြီးအကျယ်ဖြစ်ခဲ့တယ်။ ကမ်းပြိုပြီး‌တော့ ‌သောင်အဖြစ်နဲ့ မြစ်လယ်မှာ ‌ပေါ်လာတယ်။ အဲ့ဒီ‌ပေါ်ထွန်းလာတဲ့ ‌သောင်‌မြေကို မူလဆုံးရှုံးသွားတဲ့ ‌တောင်သူ‌တွေကို ပြန်‌ပေးနိုင် ဖို့နဲ့ ‌မြေမဲ့၊ ယာမဲ့ ‌ဒေသခံ‌တွေကို ‌ပေးနိုင်ဖို့ လွှတ်‌တေ်ာမှာ ‌မေးခွန်း‌မေးပြီး ‌တောင်းဆိုပါတယ်။ တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ကလည်း မူလဆုံးရှုံးသူနဲ့ ‌မြေယာမဲ့‌တွေကို ဥပ‌ဒေနဲ့အညီ ‌ဆောင်ရွက်နိုင်ဖို့ ဆိုပြီး‌တော့ ‌ဖြေကြားတဲ့အတွက် ဒါကို အစိုးရအဖွဲ့က ဦး‌ဆောင် ပြီး‌တော့ ပြန်‌ပေးပါလိမ့်မယ်”ဟု ဒီဇင်ဘာ ၁၅ရက်‌နေ့က ‌ပြောသည်။

အဆိုပါ ‌ကျေးရွာအုပ်စုတွင် လှိုင်မြစ်‌ရေနှစ်စဉ် တိုက်စားမှု‌ကြောင့် ကမ်းပြိုကာ အနီးရှိ လယ်‌မြေများ ဆုံးရှုံးခဲ့ပြီး ‌သောင်ပြန်ထွန်း သည့် ‌မြေ‌နေရာများကိုမူ နီးစပ်ရာက သိမ်းယူလိုက်သည့်ပုံစံမျိုး ဖြစ်‌ပေါ်ခဲ့ကာ လယ်‌မြေဆုံးရှုံးသွားသူများကို ပြန်‌ပေးရန် ‌ဒေသခံ များက ‌တောင်းဆို‌နေခြင်းဖြစ်သည်ဟု ‌ဒေသခံဖြစ်သူ ရန်ကုန်တိုင်း‌ဒေသကြီး၊ ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီ ဒုဥက္ကဌ ‌စော‌မောင်တိုးက ယခုလို ‌ကေအိုင်စီသို့ ‌ပြောသည်။

“လှိုင်မြစ်‌ရေ တိုက်စား‌တော့ ကမ်းပြိုတယ်။ လယ်‌မြေ‌တွေပါသွားတယ်။ မြစ်လယ်မှာ ‌သောင်ပြန်ထွန်းတယ်။ နှစ်‌တွေကြာလာ ‌တော့ မြစ်‌ကြောင်းလည်း ‌ပြောင်းသွားတယ်။ ဒါ‌ပေမဲ့ ‌သောင်ထွန်းတဲ့‌မြေကို သိမ်းယူသွားတယ်။ လယ်ယာဆုံးရှုံးသွားသူ‌တွေက ပြန်မရဘူး။”ဟု ‌စော‌မောင်တိုးက ‌ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဒီဇင်ဘာ ၁၅ရက်‌နေ့တွင် ရန်ကုန်တိုင်း‌ဒေသကြီးလွှတ်‌တော်၊ တိုင်းရင်းသား‌ရေးရာ‌ကော်မတီ တာ ဝန်ရှိသူများနှင့် ‌ဒေသခံများ ‌တွေ့ဆုံပွဲကို ကတွယ်‌ကျေးရွာအုပ်စုရှိ ဓမ္မာရုံ၌ ပြုလုပ်ခဲ့ပြီး လယ်‌မြေဆုံးရှုံးသွားခြင်း ဖြစ်စဉ်များနှင့် လမ်းပမ်းဆက်သွယ်‌ရေး ခက်ခဲသည့် အ‌ခြေအ‌နေများကို ‌ဒေသခံများက တင်ပြခဲ့ကြသည့်အ‌ပေါ် ‌ကော်မတီတာဝန်ရှိသူများက လုပ်‌ဆောင်‌ပေးမည့်အ‌ကြောင်း ပြန်လည် ရှင်းလင်း တင်ပြခဲ့ခြင်းဖြစ်သည်။

ထန်းတပင်မြို့နယ်၊ ကတွယ်‌ကျေးရွာအုပ်စုအတွင်းရှိ လှိုင်မြစ်ကမ်းအနီးရွာများတွင် ၁၉၈၈ခုနှစ်ခန့်မှစ၍ နှစ်စဉ် မြစ်‌ရေတိုက်စား မှု‌ကြောင့် ကမ်းပြိုကာ လယ်‌မြေဆုံးရှုံးခဲ့ကြပြီး လက်ရှိအချိန်ထိ ‌ဒေသခံ လယ်သမား ၁၀ဝနီးပါးမှာ လယ်‌မြေများ ဆုံးရှုံးခဲ့ရသည့် အပြင် ‌သောင်ဖြစ်ထွန်းလာသည့် ‌မြေ‌နေရာမှာမူ သိမ်းယူခြင်း ခံထားရသည်ဟု ‌ဒေသခံများက ‌ပြောသည်။