Home သတင်း မိုင်းကိစ္စ ပူး‌ပေါင်းအ‌ဖြေရှာရန် KNU နှင့် မွန်ပြည်သစ်တို့ သ‌ဘောတူ

မိုင်းကိစ္စ ပူး‌ပေါင်းအ‌ဖြေရှာရန် KNU နှင့် မွန်ပြည်သစ်တို့ သ‌ဘောတူ

4056

ဒီဇင်ဘာ ၇ ရက်၊ ၂ဝ၁၈ ခုနှစ်။ ‌စောမြတ်ဦးသာ

တနသင်္ာရီတိုင်း‌ဒေသကြီး၊ ‌ရေဖြူမြို့နယ်နှင့် မွန်ပြည်နယ်၊ ‌ရေးမြို့နယ်အတွင်းရှိ ဆက်စပ်နယ်‌မြေများတွင် နှစ်ဖက်အထင်အမြင်လွှဲ‌နေသည့် မိုင်း‌ထောင်ခြင်းကိစ္စကို အတူပူး‌ပေါင်းအ‌ဖြေရှာရန် ဒီဇင်ဘာ ၅ ရက်‌နေ့တွင် ထားဝယ်ခရိုင်၊ မွန်ပြည်သစ်ပါတီ ဝယ်ဇင်ရုံး၌ နှစ်ဖက်ညှိနှိုင်း‌တွေ့ဆုံပွဲတွင် သ‌ဘောတူညီမှုရရှိ‌ကြောင်း သိရသည်။

“ မွန်နဲ့ ကရင် ပဋိပက္ခမဖြစ်ဖို့နဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ‌နေထိုင်ဖို့ရယ်၊ နှစ်ဖက်တိုင်ပင်‌ဆွေး‌နွေးပြီး‌တော့မှ ဆက်သွယ် သွားလာမှု ပြုလုပ်ကြဖို့‌ပေါ့‌နော်။ မိုင်းကိစ္စအ‌နေနဲ့ နှစ်ဖက်အထင်အမြင်လွှဲ‌နေကြတဲ့အခါကျ‌တော့ မဖြစ်သင့်တာ‌တွေ ဖြစ်မှာစိုးလို့ အတူတကွ ပူး‌ပေါင်းအ‌ဖြေရှာဖို့‌တော့ သ‌ဘောတူတယ်” ဟု KNU ဝင်း‌ရေးမြို့နယ် တရားသူကြီး ပဒို‌စော စည်သူထွန်းက ဒီဇင်ဘာ ၆ ရက်(ယမန်‌နေ့)တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ‌ဒေသခံတို့၏ စားဝတ်‌နေ‌ရေးအတွက် သစ်ထုတ်လုပ်မှုကိစ္စနှင့်ပတ်သက်ပြီး KNU ဘက်က ‌တောင်းဆိုမှုအ ‌ပေါ် မွန်ပြည်သစ်ပါတီမှ ဗဟိုသို့ဆက်တင်ပြသွားမည်ဟု ပဒို‌စောစည်သူထွန်းက ဆက်‌ပြောသည်။

လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုခုသည် မိမိတို့မွန်ပြည်သစ်ပါတီနှင့် ‌ဒေသခံပြည်သူများအကြား ယုံကြည်မှုကင်း မဲ့‌စေ ရန်နှင့် ခြံလုပ်ကိုင်‌နေ‌သော မွန်လူမျိုးများအား ၎င်း‌ဒေသတွင် မ‌နေနိုင်‌စေရန် လူသွားလမ်းနှင့် ယာခြံတို့တွင် လူထု အားရည်ရွယ်ချက်ရှိရှိ မိုင်း‌ထောင်ခြင်းများရှိသည်ဟု ဒီဇင်ဘာ ၄ ရက်‌နေ့ ရက်စွဲပါ ထားဝယ်ခရိုင် မွန်ပြည်သစ် ပါတီ၏ သ‌ဘောထားထုတ်ပြန်ချက်စာ၌ ထင်မြင်ချက် ‌ဖော်ပြထားပြီး‌နောက် ယခုလိုနှစ်ဖက်‌တွေ့ဆုံမှု ဖြစ်‌ပေါ်လာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ KNU ဝင်း‌ရေးမြို့နယ် တာဝန်ရှိသူများနှင့် မွန်ပြည်သစ်ပါတီမှ ဒုဗိုလ်မှူးကြီး နိုင်ချမ်းလွင်နှင့် ကိုယ်စားလှယ်အဖွဲ့တို့ ‌တွေ့ဆုံညှိနှိုင်းမှု ပြုလုပ်ခဲ့သည့်အ‌ပေါ် ‌ကေအိုင်စီမှ မွန်ပြည်သစ်ပါတီ တာဝန်ရှိသူများကို ဖုန်းဖြင့်ဆက်သွယ်‌မေးမြန်းခဲ့‌သော်လည်း အဆက်အသွယ်မရခဲ့‌ပေ။

မွန်ပြည်နယ်လွှတ်‌တော် ဒုဥက္ကဌ ‌ဒေါက်တာ‌အောင်နိုင်ဦးက “ဒီကိစ္စကို လုပ်သွားတာ ဘယ်အဖွဲ့အစည်းလဲ ‌တော့မသိ ဘူး။ ကျ‌နော်တို့က‌တော့ လုံးဝရှုတ်ချတယ်။ NCA လက်မှတ်‌ရေးထိုးထားပြီးဖြစ်တဲ့ KNU အဖွဲ့ကို‌ရော၊ မွန်ပြည်သစ်ကို ‌ရော၊ တစ်ဖက်က တပ်မ‌တော်ဘက်က‌ရော ‌ဒေသခံပြည်သူလူထုဖြစ်‌နေတဲ့ကိစ္စအ‌ပေါ်မှာ အပြုသ‌ဘော ဆန်ဆန် သုံး ဖက်စလုံး ‌တွေ့ဆုံ‌ဆွေး‌နွေးသင့်တယ်။ မိုင်းရှင်းလင်း‌ရေးကိစ္စကိုလည်း အပြုသ‌ဘောဆန်ဆန် ‌ဆောင်ရွက်သင့်တယ်။ သူ့ဘက်ကိုယ့်ဘက် ကတိကဝတ်စည်း‌တွေကို မချိုး‌ဖောက်‌အောင် အပြန်အလှန် ‌စောင့်ကြည့်ထိန်း‌ကျောင်းဖို့လိုတယ် ။”ဟု ယ‌နေ့(ဒီဇင်ဘာ ၇ ရက်) ‌ကေအိုင်စီသို့ ‌ပြောသည်။

တနသင်္ာရီတိုင်း‌ဒေသကြီး ကလိန်‌အောင်မြို့နယ်ခွဲတွင် ထားဝယ်ခရိုင် မွန်ပြည်သစ်ပါတီ အမှတ် (၂) တပ်ရင်းနှင့် KNU တပ်မဟာ (၄) တပ်ရင်း ၁ဝ၊ တပ်မဟာ (၆) တပ်ရင်း ၁၆ တို့ ထိစပ်နယ်‌မြေဖြစ်ပြီး ‌အောက်တို့ဘာလအတွင်း နှစ်ဖက် ပစ်ခတ်မှုအချို့ ဖြစ်ပွားကာ ၎င်း‌ဒေသတွင် မိုင်းနင်းမိသဖြင့် ‌ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့‌ကြောင်း သိရသည်။