Home သတင်း မိမိ‌ဒေသဆိုင်ရာ အချက်အလက်များကို ဌာနဆိုင်ရာအချို့ အ‌မှောင်ချမှုများရှိဟု သမ္မတဦးဝင်းမြင့်‌ပြော

မိမိ‌ဒေသဆိုင်ရာ အချက်အလက်များကို ဌာနဆိုင်ရာအချို့ အ‌မှောင်ချမှုများရှိဟု သမ္မတဦးဝင်းမြင့်‌ပြော

2868

ဒီဇင်ဘာ ၁၆ရက်၊၂၀၁၈ခုနှစ်။ နန်း‌ဝေဖြိုးဇာ

တိုင်းနှင့်ပြည်နယ်များတွင် ရှိသည့် အချို့ဌာနဆိုင်ရာများအ‌နေဖြင့် ‌အောက်‌ခြေအဆင့်ဆင့်မှ တင်ပြလာသည့် အချက်အလက် များကို သက်ဆိုင်ရာ တာဝန်ရှိသူ အဖွဲ့အစည်းအသီးသီးထံသို့ မတင်ပြဘဲ အ‌မှောင်ချမှုများရှိ‌နေ‌ကြောင်း ကရင်ပြည်နယ်သို့ လာ ‌ရောက်ခဲ့သည့် နိုင်ငံ‌တော်သမ္မတ ဦးဝင်းမြင့်က ‌ပြောဆိုလိုက်သည်။

ပြုပြင်‌ပြောင်းလဲမှုများ လုပ်‌ဆောင်‌နေသည့်အချိန်တွင် ဌာနဆိုင်ရာများကို ကြပ်မတ်ဖို့ရန်အတွက် ကရင်ပြည်နယ်ရှိ ဝန်ကြီးများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ လွှတ်‌တော်ကိုယ်စားလှယ်များနှင့်အတူ ဖားအံမြို့၊ ဇွဲကပင်ခန်းမ၌ ဒီဇင်ဘာလ ၁၅ရက် ‌နေ့က ပြုလုပ်သည့် နိုင်ငံ‌တော်သမ္မတနှင့် ‌တွေ့ဆုံပွဲတွင် သမ္မတ ဦးဝင်းမြင့်က ထိုသို့‌ပြောဆိုလိုက်ခြင်းဖြစ်သည်။

သမ္မတက “တချို့က ကိုယ့်အထက်အဆင့် အဖွဲ့အစည်း အသီးသီးထံ တင်ပြရမယ့်ဟာကို မတင်ပြဘူး။ တချို့က‌တော့ အချိန်နဲ့ တ‌ပြေးညီ လုပ်‌ပေးရမယ့်ဟာကို မလုပ်‌ပေးဘူး။ မသိချင်‌ယောင်‌ဆောင်‌နေတယ်။ ကိုုယ့်ပြည်နယ်တိုင်းမှာ ရှိ‌နေတဲ့ အချက်အ လက်‌တွေကို အ‌မှောင်ချတယ်။ မ‌ပြောဘူး။ ‌အောက်‌ခြေ မြို့နယ်၊ ခရိုင်မှာ တိုင်လိုက်တဲ့အခါမှာ တချို့က ဘာလုပ်လဲဆိုရင် အဲဒီ မှာ အဆင့်ဆင့် ၅‌ယောက်၊ ၆‌ယောက်ရှိတယ်။ တင်ရတယ်။ တင်ပြပါသည်။ တင်ပြပါသည်နဲ့ ဘာကိုတင်ပြတာလဲ။”ဟု ‌ပြော သည်။

‌အောက်‌ခြေအဆင့်ဆင့်မှ တင်ပြလာသည့် အချက်များနှင့်ပတ်သက်ပြီး “တင်ပြပါသည်” တစ်ခုတည်းမဟုတ်ဘဲ သက်ဆိုင်ရာ ဝန်ကြီးများအ‌နေဖြင့် ဆုံးဖြတ်ရန် လိုအပ်ပါက လျင်မြန်စွာ ဆုံးဖြတ်ချက်ချနိုင်ရန် လုပ်ထုံးလုပ်နည်း၊ ဥပ‌ဒေ စည်းကမ်းချက်များ နှင့်ပတ်သက်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဝန်ကြီးများထက် သိထားသည့်အတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၏ သ‌ဘော ထား မှတ်ချက်‌ပေးရမည်ဖြစ်‌ကြောင်းလည်း သမ္မတဦးဝင်းမြင့်က ‌ပြောဆိုခဲ့သည်။

ယင်းသို့ တင်ပြလာမှုများအ‌ပေါ် သက်ဆိုင်ရာ ဝန်ကြီးများကလည်း ‌ပြောဆိုပြီးစီး‌ကြောင်း၊ ဆုံးဖြတ်ချက်ချ ပြီးစီး‌ကြောင်းမဟုတ် ဘဲ တကယ့်လက်‌တွေ့တွင် ဌာနဆိုင်ရာများဘက်က လိုက်နာပြီး လုပ်‌ဆောင်‌ပေးမှုရှိမရှိ အမြဲ စစ်‌ဆေးရန် လိုအပ်‌ကြောင်း လည်း ဝန်ကြီးများကို သမ္မတက တိုက်တွန်း‌ပြောဆိုခဲ့သည်။

ယမန်‌နေ့က ပြုလုပ်သည့် သမ္မတနှင့် ကရင်ပြည်နယ်ရှိ ဌာနဆိုင်ရာများ‌တွေ့ဆုံပွဲတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် အပါအဝင် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်‌ရောက်ခဲ့ကြသည့်အပြင် ‌ဒေသခံပြည်သူများအ‌နေဖြင့် သမ္မတထံ တင်ပြ တိုင်ကြားလိုသည်များရှိပါက တိုင်ကြားနိုင်ရန် ၎င်း‌ရောက်ရှိချိန်တွင် တိုင်ကြားစာ လက်ခံသည့်‌နေရာတစ်ခုကိုလည်း ‌ဆောင်ရွက်‌ပေးထားသည်။

လယ်ယာ‌မြေသိမ်းဆည်းခံရမှု တိုင်ကြားစာလာတင်သည့် လှှိုင်းဘွဲ့မြို့ရှိ ဦး‌ဂေါ်ပြားက “ကျ‌နော်တို့ လယ်ပြန်ရဖို့ ဌာနဆိုင်ရာ အဆင့်ဆင့်ကို အမြဲတင်ပြတယ်။ သူတို့လည်း အထက်ကိုပြန်တင်ပြမယ်လို့ပဲ ‌ပြောတယ်။ အ‌ပေါ်ကို ‌ရောက်မ‌ရောက် မသိဘူး။ အခုလည်း ကျ‌နော်တို့လာတင်တဲ့စာ‌တွေလည်း သမ္မတထံ ပြန်တင်ပြမယ်လို့‌ပြောတယ်။ တင်ပြပါသည်လို့ပဲ ‌ပြောအုံးမှာပဲ။ အကုန်‌ရောက်မယ်လို့ ကျ‌နော်က ရာခိုင်နှုန်းပြည့် မယုံကြည်ရဲဘူး။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် နိုင်ငံ‌တော်သမ္မတက နိုင်ငံ့ဝန်ထမ်းများအ‌နေဖြင့် ပြည်သူ့ဘက်မှ မှန်မှန်ကန်ကန် ရပ်တည်‌ပေးရန် အုပ်ချုပ်‌ရေး၊ တရား စီရင်‌ရေး၊ ဥပ‌ဒေပြု‌ရေးအတွက် သတိ‌ပေး ‌ပြောဆိုခဲ့သည့်အပြင် မူးယစ်‌ဆေးဝါးကိစ္စ၊ အဂတိလိုက်စားမှုကိစ္စ၊ ပြည်သူ့ဘဏ္ဍာ‌ငွေ ‌လေလွှင့်ဆုံးရှှုံးမှု မရှိ‌စေ‌ရေး စသည့်ကိစ္စများကိုလည်း ထည့်သွင်း‌ပြောဆိုသွားသည်။

လက်ရှိ NLD အစိုးရလက်ထက်တွင် နိုင်ငံ‌တော်အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည်၊ ဒုသမ္မတ ဦးဟန်နရီဗန်ထီးယူ၊ ဒုသမ္မတ ဦးမြင့်‌ဆွေတို့ ကရင်ပြည်နယ်သို့ လာ‌ရောက်ခဲ့ကြ‌သော်လည်း နိုင်ငံ‌တော်သမ္မတ ဦးဝင်းမြင့်၏ ယခု ကရင်ပြည်နယ် ခရီးစဉ်မှာ ပထမဦးဆုံးအကြိမ် ဖြစ်သည်။