Home သတင်း မင်းလှမြို့နယ်တွင် ကရင်ရိုးရာ ပုံ‌ပြောပြိုင်ပွဲ ပြုလုပ်ပြီးစီး

မင်းလှမြို့နယ်တွင် ကရင်ရိုးရာ ပုံ‌ပြောပြိုင်ပွဲ ပြုလုပ်ပြီးစီး

2837

ဒီဇင်ဘာလ ၇ ရက်၊ ၂၀၁၈ ခုနှစ်။ နန့်ဘွားခလိန်

ကရင်တိုင်းရင်းသားဘာသာစကားကို ကရင်လူငယ်များ ပိုမိုတန်ဖိုးထားတတ်‌စေရန်ရည်ရွယ်ပြီး ပြုလုပ်သည့် ကရင်တိုင်းရင်းသားရိုးရာပုံ‌ပြောပြိုင်ပွဲကို ယမန်‌နေ့ ( ဒီဇင်ဘာလ ၆ရက်‌နေ့)က ပဲခူးတိုင်း‌ဒေသကြီး၊ မင်းလှမြို့ နယ် ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေးရုံး၌ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ပြန်ကြား‌ရေးနှင့် ပြည်သူ့ ဆက်ဆံ‌ရေး ဦးစီးဌာန၏ ဦး‌ဆောင်မှုနှင့်အတူ မင်းလှမြို့နယ် ကရင်စာ‌ပေနှင့်ယဉ်‌ကျေး မှု အဖွဲ့တို့မှ စု‌ပေါင်းပြုလုပ်သည့်
၎င်းပုံ‌ပြောပြိုင်ပွဲနှင့်ပတ်သက်၍ ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီ အတွင်း ‌ရေးမှူး ‌စော‌ရွှေသိန်းက “ကိုယ့်ကရင်ပုံပြင်‌တွေကို သိရှိခြင်းအားဖြင့်လည်း ကရင်တိုင်းရင်းသား‌တွေ စည်းလုံးညီ ညွတ်မှုရဲ့ အ‌ကြောင်းတရား‌တွေကို က‌လေး‌တွေ သိသွားမယ်။ ကိုယ့်စကားကို ‌ပြောတတ်ပြီး‌တော့ ပိုပြီး တန်ဖိုး ထား‌စေချင်တဲ့အတွက်‌ကြောင့်လည်းပါတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ပြုလုပ်‌ပေးခြင်းဖြင့် ကရင်ဘာသာစကားနှင့်စာ‌ပေကို ကျွမ်းကျွမ်းကျင်ကျင် ‌ပြောဆို၊ ဖတ်တတ်လာခြင်း၊ ‌ပြောရဲဆိုရဲရှိလာခြင်း၊ မိမိစာ‌ပေ ဘာသာစကားကို ပို၍တန်ဖိုးထားတတ်လာခြင်းစသည့် အကျိုး‌ကျေးဇူးများရရှိ ‌စေ‌ကြောင်းလည်း မင်းလှမြို့နယ် ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီ အတွင်း‌ရေးမှူးက ဆက်‌ပြောသည်။

စ‌ကောကရင်ဘာသာစကားဖြင့်ပြုလုပ်သည့် ယင်းပုံ‌ပြောပြိုင်ပွဲတွင် ကရင်က‌လေးငယ် ၁၂ ဦးဝင်‌ရောက် ယှဉ် ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအကဲဖြတ်ဒိုင်များအဖြစ် သိက္ခာ‌တော်ရ ဆရာ‌တော်‌စောထူး‌ဝေ‌ကျော်၊ နယ်လှည့် ဆရာ‌တော် ‌စောဝါးနဲမူး နှင့် သင်းအုပ်ဆရာမ ‌နော်‌ဖော‌ဂေးတို့မှ အကဲဖြတ် အမှတ်‌ပေးခဲ့ရာ ဝတ်စားဆင်ယင်မှု နှင့် နှုတ်ခွန်း ဆက်ခြင်း၊ အသံပီသရှင်းလင်းခြင်း၊ ဖြတ်‌တောက်ရပ်နားမှန် ကန်ခြင်း၊ အသံအနိမ့်အမြင့် ‌လေယူ‌လေသိမ်းမှန် ကန်ခြင်းနှင့် သတ်မှတ်ချိန်အတွင် နိဂုံးချုပ်နိုင်ခြင်း စသည့် အမှတ်‌ပေးစည်းမျဉ်းများဖြင့် အမှတ်‌ပေးခဲ့ခြင်းလည်းြ ဖြစ်သည်။

အဆိုပါပြိုင်ပွဲတွင် သတ်မှတ်‌ပေးထားသည့် ကရင်ရိုးရာပုံပြင်သုံးပုဒ်ကို ပြိုင်ပွဲဝင် က‌လေးငယ် ၁၂ ဦးမှ တစ်ဦး ချင်းစီ မဲနှိုက်ကာ မိမိမဲကျရာ တစ်ပုဒ်ဖြင့်ယှဉ်ပြိုင်ရပြီး ၎င်းအထဲတွင် ‌နော်ထူးခူ‌ဖောမှ ပထမ ၊ ‌နော်ဂျူးရီထူးမှ ဒုတိယ၊ ‌စောချိုင်ရိုးတတိယ နှင့် နှစ်သိမ့်ဆု များအား အသီးသီး ‌ပေးခဲ့သည်ဟု သိရသည်။

ပဲခူးတိုင်း‌ဒေသကြီး မင်းလှမြို့နယ် ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေးရုံးတွင် ပြုလုပ်သည့် ကရင်ရိုးရာ ပုံ‌ပြောပြိုင်ပွဲကို ပြီးခဲ့သည့် ၂၀၁၇ခုနှစ်က ပထမဆုံးအကြိမ်အဖြစ် ၎င်းရုံး၌ပင် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ယင်းပြိုင်ပွဲကို နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်သွား မည်ဖြစ်‌ကြောင်းလည်း ပြိုင်ပွဲတာဝန်ရှိသူများက ‌ပြောသည်။