Home သတင်း ဖမ်းမိသည့် မဲ‌ဆောက် ၄‌လောင်းပြိုင်လူသတ်မှု ကျူးလွန်သူများကို မြန်မာနိုင်ငံဥပ‌ဒေအတိုင်း အ‌ရေးယူမည်

ဖမ်းမိသည့် မဲ‌ဆောက် ၄‌လောင်းပြိုင်လူသတ်မှု ကျူးလွန်သူများကို မြန်မာနိုင်ငံဥပ‌ဒေအတိုင်း အ‌ရေးယူမည်

2839

ဒီဇင်ဘာလ၊၂ဝရက်၊၂၀၁၈ခုနှစ်။ ‌ကေအိုင်စီ

ထိုင်းနိုင်ငံမဲ‌ဆောက်မြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ရက်‌နေ့က ဖြစ်ပွားခဲ့သည့် မြန်မာမိသားစုဝင် ၄ဦး အသတ်ခံရမှုနှင့်ပတ် သက်ပြီး ထွက်‌ပြေးတိမ်း‌ရှောင်‌နေရာမှ ပြန်လည်ဖမ်းဆီးရမိသူများကို မြန်မာနိုင်ငံတည်ဆဲ ဥပ‌ဒေအတိုင်း အ‌ရေးယူသွားမည်ဖြစ် ‌ကြောင်း ကရင်ပြည်နယ် ရဲမှူးကြီးက ‌ပြောဆိုသည်။

အဆိုပါလူသတ်မှုဖြင့် သံသယရှိသူ ၃ဦးအနက်မှ ၂ဦးဖြစ်သည့် ကို‌ဆွေ(ခ)အ‌ရွှေ၊ ‌ဇော်‌ဇော်(ခ) အငယ်‌ကောင်တို့ကို ကရင်ပြည် နယ် ဖားအံမြို့နယ် ဖားပု‌ကျေးရွာတွင် ယမန်‌နေ့ည‌နေပိုင်းက ‌ကျေးရွာအုပ်ချုပ်‌ရေးအဖွဲ့၏ သတင်း‌ပေးချက်အရ ရဲတပ်ဖွဲ့ဝင်များ ၏ ပူး‌ပေါင်းမှုဖြင့် ပြန်လည်ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု ကရင်ပြည်နယ်ရဲ တပ်ဖွဲ့ထံမှ သိရသည်။

ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး‌အောင်မြတ်မိုးက “ထိုင်းနိုင်ငံကို လွှဲအပ်ဖို့‌တော့ ‌လော‌လောဆယ် အစီအစဉ်မရှိပါဘူး။ မြန်မာနိုင်ငံ ဥပ‌ဒေနဲ့ပဲ အ‌ရေးယူမှာပါ။ ပြစ်မှုဆိုင်ရာ ဥပ‌ဒေပုဒ်မ ၃၀၂ လူသတ်မှုနဲ့ အမှုဖွင့် စစ်‌ဆေးပြီး အ‌ရေးယူ‌ဆောင်ရွက်မှာဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြန်လည်ဖမ်းဆီးရမိသည့် သံသယရှိသူနှစ်ဦးကို စစ်‌ဆေး‌မေးမြန်းမှုများ ပြုလုပ်ပြီး အ‌ရေးယူ‌ဆောင်ရွက်မှုများ ဆက်လက်ပြုလုပ် နိုင်ရန် လက်ရှိတွင် မြဝတီမြို့မရဲစခန်းသို့ လွှဲ‌ပြောင်းပို့‌ဆောင်ထား‌ကြောင်းလည်း သိရသည်။

မဲ‌ဆောက်မြို့ မြန်မာအလုပ်သမား မိသားစုဝင် ၄ဦး အသတ်ခံရခြင်းနှင့်ပတ်သက်၍ သံသယရှိသူ၃ဦးရှိသူအနက်မှ အမျိုးသမီး တစ်ဦးကို မဲ‌ဆောက်တွင် ယခုလ ၁၈ရက်‌နေ့က ထိုင်းရဲတပ်ဖွဲ့ဘက်မှ ဖမ်းဆီးရမိခဲ့‌ကြောင်းသိရပြီး ကျန်သံသယရှိသူ ၂ဦးကို မြန် မာနိုင်ငံရဲတပ်ဖွဲ့မှ ဆက်လက် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ယခုလ ဒီဇင်ဘာလ ၁၆ရက်‌နေ့က မဲ‌ဆောက်မြို့ပြင်ရှိ ‌နေရာတစ်‌နေရာတွင် မြန်မာမိသားစုဝင် ၄ဦး အသတ်ခံရမှုဖြစ်ပွားခဲ့ပြီး ‌သေဆုံးသူများမှာ လင်မယား ၂ဦး အပါအဝင် ၄နှစ်အရွယ်နှင့် ၄လသားအရွယ် က‌လေးငယ်များဖြစ်‌ကြောင်း သိရသည်။