Home ဆောင်းပါး ထီးထာကလုန်းတွင် ‌မှေးမှိန်လာ‌နေသည့် ကရင်ရိုးရာ ဒုံးအက

ထီးထာကလုန်းတွင် ‌မှေးမှိန်လာ‌နေသည့် ကရင်ရိုးရာ ဒုံးအက

4326

နန့်ဘွားခလိန်
ဒီဇင်ဘာလ ၂၉ရက်၊ ၂၀၁၈ခုနှစ်။

“‌လေ‌လေး‌မောင်ရို့ …. ‌မောင်ရို့ ‌လေ‌လေး…” ဆိုတဲ့ မြူးကြွတဲ့ သီချင်းသံ၊ မာန်ပါတဲ့ တီးလုံးအသံ‌တွေနဲ့ တက်ကြွတဲ့ ကဟန် ‌တွေနဲ့ အခြားတိုင်းရင်းသားလူမျိုး‌တွေအထိပါ အသိအမှတ်ပြုခံရတာက‌တော့ ကရင်လူမျိုးတို့ရဲ့ ဒုံးအကပဲ ဖြစ်ပါတယ်။
လူမျိုးတစ်မျိုးစီတိုင်းမှာ သူတို့နဲ့သက်ဆိုင်တဲ့ သမိုင်း‌ကြောင်း၊ ယုံကြည်ကိုးကွယ်မှုနဲ့ ဓ‌လေ့စရိုက်၊ အသက်‌မွေးဝမ်း‌ကျောင်း‌တွေ ကို ထင်ဟပ်‌စေတဲ့ ယဉ်‌ကျေးမှုအ‌မွေအနှစ်‌တွေ ကိုယ်စီရှိကြပါတာနဲ့အတူ ဒါ‌တွေကိုအ‌ခြေခံပြီး သရုပ်‌ပေါ်‌စေတဲ့ ရိုးရာအက‌တွေ လည်း လူမျိုးတိုင်းမှာ ရှိကြပါတယ်။

ဒီအချက်‌တွေအ‌ပေါ် အ‌ခြေခံတဲ့ ကရင်လူမျိုး‌တွေရဲ့ အကများစွာထဲကမှ ကရင်ဒုံးအကဟာ လူသိများ ‌ကျော်ကြားပြီး အားလုံး စိတ်ဝင်စား‌နေရတဲ့ အကတစ်ခုလည်း ဖြစ်ပါတယ်။ ဒုံးအကဟာ ကရင်လူမျိုးတို့ရဲ့ ယဉ်‌ကျေးမှုအ‌မွေအနှစ်တစ်ခု ဖြစ်သလိုပဲ အဖွဲ့လိုက် စည်းလုံးညီညွတ်စွာနဲ့ ညီညီညာညာ၊ မြူးမြူးကြွကြွ ကပြသီဆိုရတာ‌ကြောင့် ကျန်းမာ‌ရေးအတွက် အကျိုးဖြစ်‌စေနိုင် တဲ့ အကတစ်ခုလို့ ‌ပြောရင်လည်း မမှားပါဘူး။

ဒီဒုံးတစ်ဖွဲ့ ဖြစ်‌မြောက်ဖို့ဆိုတာ တီးမှုတ်သူ၊ သီဆိုသူ၊ ကပြသူ‌တွေနဲ့ စုစု‌ပေါင်း လူဦး‌ရေ ၅၀‌ကျော် လိုအပ်ပါတယ်။ လူအင်အား လိုအပ်သလို ‌ငွေအင်အားကလည်း အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ဒါ့အပြင် ကရင်ရိုးရာဒုံးအကကို ကပြတင်ဆက် နိုင်ဖို့ ‌တေးသီချင်း သံစဉ်‌ကောင်းမွန်မှု၊ စာသားအဓိပ္ပါယ် ‌လေးနက်ပြည့်ဝမှု၊ ကကြိုးများ ပီပြင်မှုနှင့် ‌ခေါင်း၊ ခါး၊ ‌ခြေ၊ လက် ကိုယ် ဟန်ပန်‌သေသပ်မှုအပြင် ကကွက်သရုပ်‌ဖော်ရာမှာ ရှင်းလင်းပြီး မျက်စိပသာဒ ဆွဲ‌ဆောင်နိုင်မှုတို့က အလွန်အ‌ရေးကြီးပါတယ်။

ကရင်ဒုံးအကကို စိတ်ဝင်စားမှု၊ အသိအမှတ်ပြုမှု‌တွေ မြှင့်တက်‌နေတဲ့အချိန်မှာ ကရင်လူမျိုး အများအပြား ‌နေထိုင်ကြတဲ့ ထီးထာ ကလုန်း(ပိုးကရင်လို) ‌ခေါ် မြစ်ဝကျွန်း‌ပေါ်‌ဒေသတဖြစ်လည်း ဧရာဝတီတိုင်း‌ဒေသကြီးမှာ‌တော့ ယခု‌နောက်ပိုင်း ဒုံးတစ်ဒုံးဖြစ် ‌မြောက်လာဖို့ ခက်ခဲတဲ့ အ‌ခြေအ‌နေ(သို့မဟုတ်) စိန်‌ခေါ်မှု‌တွေနဲ့ ရုန်းကန်‌နေရတဲ့ အ‌ခြေအ‌နေကို ‌ရောက်ရှိလို့‌နေပါတယ်။

“ဒုံးအ‌နေနဲ့‌ပြောရရင် ဒို့ဧရာဝတီတိုင်းက ‌တော်‌တော်ဆိုးသွားပြီ။ လူ‌တွေက‌တော့ စိတ်လည်းရှိကြတယ်ကွ။ ကလည်းကချင်၊ သင် လည်း သင်ချင်ကြတယ်။ အဓိကက စီးပွား‌ရေး‌ပေါ့။ ဒို့က ဒီလူငယ်‌တွေကို အလုပ်ပျက် အကိုင်ပျက်နဲ့ စုစည်းဖို့က သိပ်မလွယ် ‌တော့ဘူး။ စုစည်းလို့ရပြန်‌တော့လည်း သူတို့ရဲ့ ‌ကျွေး‌မွေးစရိတ်၊ ‌လေ့ကျင့်စရိတ်၊ ဝတ်စုံစရိတ်‌တွေက ဒို့မှာ တစ်ပြားမှမရှိဘူး။ ဘယ်သူမှလည်း ‌ထောက်ပံ့‌ပေးမဲ့သူ မရှိဘူး။”လို့ ပန်းတ‌နော်မြို့နယ် ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီ အတွင်း‌ရေးမှူး မန်း ဝင်း‌မောင်က ‌ပြောပါတယ်။

“အိုးထဲ ဆန်မရှိရင်‌တော့ ချိမြိန်တဲ့ ချစ်ခြင်းဟာ အိမ်‌နောက်‌ဖေး‌ပေါက်က တိတ်တိတ်‌လေး ထွက်သွားတတ်တယ်” ဆိုတဲ့ စကား လိုပဲ။ ဆင်းရဲမွဲ‌တေမှုက ခြိမ်း‌ခြောက်လာတဲ့အခါ အားနည်းတဲ့ လူ့စိတ်သ‌ဘောက ထိန်းသိမ်းရမယ်ဆိုတဲ့အသိ၊ ကာကွယ်ရမယ် ဆိုတဲ့ တာဝန်သိစိတ်‌တွေလည်း ငုတ်လျှိုး‌နေတတ်တာ‌ကြောင့် စိတ်ဓာတ်ရှိ‌သော်ငြား ယဉ်‌ကျေးမှု တိမ်‌ကောမသွား‌အောင် စွမ်း ‌ဆောင်ရခက်လာတာ‌တော့ အမှန်ပါပဲ။

အင်းအိုင်မြစ်‌ချောင်း‌တွေ၊ လယ်ယာ၊ ကိုင်း၊ ကျွန်း သီးနှံစိုက်ပျိုးခြင်း လုပ်ကိုင်ကြပြီး အများစုဟာ အသက်‌မွေးဝမ်း‌ကြောင်း ပြု‌နေ ရတဲ့ မြစ်ဝကျွန်း‌ပေါ်‌နေ ကရင်လူမျိုး‌တွေက‌တော့ စိုက်ပျိုးစရိတ် ကြီးမြင့်လာတာ၊ သီးနှံ‌ဈေး မ‌ကောင်းတာ၊ ရာသီဥတု ‌ဖောက် ပြန်တာ‌တွေကို ယ‌နေ့အထိ ခါးစည်းခံ‌နေရဆဲအ‌ခြေအ‌နေပါ။ အားလုံးမဆိုသာ ‌ပေမယ့် ဒီလိုအချက်‌တွေ‌ကြောင့်လည်း ရိုးရာယဉ် ‌ကျေးမှု ထိန်းသိမ်းဖို့အတွက် ” ဒုံး ” ကဖို့မ‌ပြောနဲ့ စားဝတ်‌နေ‌ရေး အဆင်‌ပြေဖို့၊ ဘဝတက်လမ်းရှိဖို့အတွက်ကိုပဲ ဦးစား‌ပေးရင်းက အဲဒီမှာရှိတဲ့ မျိုးဆက်သစ် ကရင်လူငယ်‌တွေဟာ အခုဆို ရန်ကုန်တက်သူကတက်၊ နိုင်ငံရပ်ခြားထွက်သူကထွက်နဲ့ ‌မွေးရပ်‌မြေကို စွန့်ခွာပြီး ‌ဒေသအသီးသီးမှာ သွား‌ရောက်လုပ်ကိုင်‌နေကြရပါတယ်။

“‌ငွေ‌ရေး‌ကြေး‌ရေးအပြင် စားဝတ်‌နေ‌ရေးအရ လူငယ်‌တွေက တနယ်တ‌ကျေးထွက် အလုပ်လုပ်ကြ‌တော့ လူငယ်‌တွေလည်း ရှား လာတယ်။ အဓိကက‌တော့ ဆင်းရဲမွဲ‌တေမှု‌ပေါ့ကွာ။ အဲဒါက ရှိသမျှ ယဉ်‌ကျေးမှု‌ကော၊ စာ‌ပေ‌ကော၊ အသိပညာ ဗဟုသုတ‌ကော အားလုံးကို ဆွဲချသွားတာ။”လို့ မန်းဝင်း‌မောင်က သုံးသပ်‌ပြောဆိုပါတယ်။

လူတိုင်းဟာ ကိုယ့်‌မွေးဇာတိမှာသာ လုပ်ကိုင်စား‌သောက်ချင်သူ‌တွေရှိသလိုပဲ တစ်ရွာမ‌ပြောင်း သူ‌ကောင်းမဖြစ်ဆိုသူ‌တွေလည်း ရှိ‌နေပြန်ပါတယ်။ ကိုယ့်‌ဒေသ ကိုယ့်ရပ်ရွာမှာ လုပ်ကိုင်စား‌သောက်ရတာ အဆင်မ‌ပြေလာတာနဲ့အမျှ အသက်ရှင်ရပ်တည်ဖို့၊ ဘဝတိုးတက်ဖို့ မိမိတို့ရဲ့ဇာတိ‌မြေကို ‌ကျောခိုင်းခဲ့ကြတာပါ။

ဇာတိကို ခွဲခွာပြီး အလုပ်လုပ်ရတဲ့သူ‌တွေထဲမှာ ရန်ကုန်၊ အင်းစိန်မြို့နယ်က ” နွန်တဲယါ့ ” လို့ နာမည်‌ပေးထားတဲ့ ကရင်ရိုးရာ အစားအစာဆိုင် ဖွင့်ထားသူဖြစ်တဲ့ ‌မြောင်းမြသား စခွာခွာက‌တော့ “ရွာပြန်ဖို့က စိတ်ကူးထားတာက‌တော့ အကြီးအကျယ်ပဲ။ ရွာ မှာ ကျ‌နော်အသက် ၁ဝနှစ်‌လောက်ကတည်းက ဒုံးကတာ မရှိ‌တော့ဘူး။ ‌နေနိုင်စားနိုင်‌လောက်တဲ့ အ‌နေအထားရှိရင် ဒုံးမှမဟုတ် ဘူး။ စာ‌ပေ‌တွေ ကိုယ့်ရိုးရာ ယဉ်‌ကျေးမှု‌တွေကို ပြန်ပြီး‌တော့ ပြုစုပျိုး‌ထောင်ချင်တယ်။ ထိန်းသိမ်းချင်တယ်။ တိုးတက်မြင့်မားလာ ‌အောင် ပြန်ပြီး လုပ်‌ဆောင်ချင်တယ်။”လို့ သူ ရည်မှန်းထားတာကို ‌ပြောပြပါတယ်။

အထူးရည်ညွန်းလိုတဲ့ ဧရာဝတီတိုင်း‌ဒေသကြီးက ၂၆မြို့နယ်ထဲက ကရင်တိုင်းရင်းသား အများစု ‌နေထိုင်ကြတဲ့ မြို့နယ်တိုင်းလို လိုမှာလည်း ကရင်စာ‌ပေနဲ့ ယဉ်‌ကျေးမှု‌ကော်မတီ‌တွေ ဖွဲ့စည်းထားရှိ‌တော့ ကရင်စာ‌ပေ ပြန့်ပွားမြှင့်တင်‌ရေး‌တွေ လုပ်‌ဆောင်‌နေ ကြသလို ဒုံးပြိုင်ပွဲ‌တွေ ကျင်းပ‌ပေးပြီး ယဉ်‌ကျေးမှုကို မြှင့်တင် ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ သို့‌ပေမယ့် ‌မောင်မယ်ဦး‌ရေ စုစု‌ပေါင်း ၃၂‌ယောက် သတ်မှတ်ထားတဲ့ ဒုံးအဖွဲ့အတွက် ထီးထာကလုန်းမှာ အခုဆိုရင် ၂၄‌ယောက်ပြည့်‌အောင် မနည်း လိုက်စု‌နေရတဲ့ အ‌ခြေအ‌နေပါ။ တချို့‌ကျေးရွာ‌တွေမှာ ပြိုင်ဒုံးလို့ ‌ပြောတာထက် ‌ဖျော်‌ဖြေ‌ရေးဒုံး‌တောင် ကတဲ့ရွာ‌တွေ ရှားပါးလာ‌နေပါပြီ။

ထီးထာကလုန်းမှာ ဒုံးအက သင်‌ပေးခဲ့ဖူးသူ ကရင်ပြည်နယ် စာ‌ပေနဲ့ယဉ်‌ကျေးမှုတိုးတက်ပြန့်ပွား‌ရေးအသင်း ဒု-ဥက္ကဌ ‌စောချစ် သန်း ‌ခေါ် ခီ‌သောင့်(ခီသင့်)က “ဟိုးအနှစ် ၃၀‌လောက်တုန်းက သွားသင်တာက‌တော့ ‌တော်‌တော်‌လေးကို စိတ်အားထက်သန် ရှိ ကြတယ်။ ဒီ‌နောက်ပိုင်းကျ‌တော့ နည်းနည်း အဆက်ပြတ်တဲ့အခါကျ‌တော့ ခန့်မှန်း‌ပြောရတာ ခက်တယ်။ က‌လေး‌တွေကလည်း ကတာ အကုန်လုံး‌ကောင်းပါတယ်။ အဓိက အားနည်းလာတဲ့အချက်က ဓနအင်အား‌ကြောင့်လည်းပါတယ်။ အရင်က လူငယ် ‌တွေက အပြင်မထွက်ကြဘူး‌လေ။ ဧရာဝတီက ကရင်လူငယ် ‌တော်‌တော်များများက ကရင်ပြည်နယ်ကို ‌ရောက်လာကြတယ်။ တစ်ဖက်နိုင်ငံ သွားကြတဲ့အခါကျ‌တော့ လူအင်အားနည်းသွားတာ‌ကြောင့်လည်း ပါတယ်။”လို့ သုံးသပ်‌ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ၁ဝနှစ်ဝန်းကျင်‌လောက်အထိ ဧရာဝတီတိုင်း‌ဒေသကြီး ကျုံ‌ပျော်၊ ‌ကျောင်းကုန်း၊ ပန်းတ‌နော်မြို့နယ်‌တွေက ကရင်ရွာ ‌တွေမှာ လူအင်အားလုံ‌လောက်ရင် တစ်ရွာကို တစ်ဒုံး၊ လူအင်အားနည်းရင် အနည်းဆုံး ၂ရွာ ၃ရွာ‌ပေါင်းပြီး ဒုံးတစ်ဖွဲ့ဖြစ်‌အောင် ကြိုးစားကြပါတယ်။ ‌နေ့ဘက်ကျ အသက်‌မွေးဝမ်း‌ကျောင်းအလုပ်‌တွေဖြစ်တဲ့ လယ်ယာ၊ ကိုင်းကျွန်း အလုပ်‌တွေကို ပင်ပင်ပမ်း ပမ်း လုပ်ပြီး ညဘက်‌ရောက်မှသာ ဒုံးအက ‌လေ့ကျင့် တိုက်ကြရပါတယ်။

ထူးခြားချက်က ကရင်နှစ်သစ်ကူး‌ရောက်ခါနီးတိုင်း ကရင်အမျိုးသားအလံ‌တော်ကိုင်ရင်း ကရင်သီချင်း‌တွေဖွင့်ပြီး တစ်ရွာဝင် တစ် ရွာထွက်နဲ့ အဲဒီဒုံးအဖွဲ့‌တွေ ‌ခြေလျင်နဲ့လှည့်လည်ကြတာကို ‌ဒေသအ‌ခေါ် အလံလှည့်တယ်လို့ ‌ခေါ်ကြပါတယ်။ ‌လော်စပီကာနဲ့ဖွင့် တဲ့ ကရင်သီချင်းသံကြားရင် စားလက်စ ထမင်းပန်းကန်ပါ ထားပစ်ပြီး ခ‌လေးသဘာဝ အ‌ဖော်တစ်သိုက်နဲ့ အသံလာရာဘက် အ‌ပြေးအလွှား ဒုံးအက သွားကြည့်ခဲ့ရပါ‌သေးတယ်။

ဒီဒုံးအဖွဲ့‌တွေဟာ ‌ခြေလျင်‌လျှောက်ပြီး တစ်‌နေကုန် အလံလှည့်တာ တစ်ခါတစ်‌လေ ညအိပ်ရတဲ့အထိပါပဲ။ သူတို့‌တွေ တတ်ထား တဲ့ ဒုံးအကနဲ့ လှည့်လည်‌ဖျော်‌ဖြေမှုဟာ ခမ်းနားတဲ့ စင်မြင့်‌ပေါ်မဟုတ်ဘဲ ‌မြေကွက်လပ် ကျယ်ကျယ်‌လေးမှာပဲ ကိုယ့်လူမျိုး‌တွေ ရဲ့ ‌တောင်းဆိုအား‌ပေးမှုနဲ့ ကပြ‌ဖျော်‌ဖြေခဲ့ကြရတာပါ။ အဲသလို ကရင်အမျိုးသား အလံလှည့်ရင်း ဒုံးအက ကပြီး‌တော့ ကရင်အ မျိုးသားနှစ်သစ်ကူးအတွက် ရန်ပုံ‌ငွေရှာခဲ့ကြတဲ့ ‌ဒေသဓ‌လေ့ရှိခဲ့‌ပေမယ့် ဒီဓ‌လေ့ဟာ ရှားပါးသွားတာ‌ကြောင့် အမှတ်ရစရာအဖြစ် သာ ကျန်ရှိ‌နေခဲ့ပါတယ်။

အဲဒီလို ရိုးရာအ‌လေ့အထ‌တွေဟာ ‌ပျောက်ကွယ်လာ‌နေတဲ့ ကရင်လူမျိုး‌တွေ မြတ်နိုးတန်ဖိုးထားရတဲ့ ဒုံးအကဟာ ကရင်နှစ်သစ် ကူး‌နေ့လို ကရင်‌နေ့ထူး‌နေ့မြတ်‌တွေ၊ ‌ကျောင်းစုံညီပွဲ‌တော်‌တွေနဲ့ တက္ကသိုလ်‌ကျောင်း‌တွေရဲ့ ‌မောင်မယ်သစ်လွင် ကြိုဆိုပွဲ၊ ဆရာ ကန်‌တော့ပွဲ‌တွေမှာသာ ကြိုးစား ထိန်းသိမ်း ကပြ‌နေရ‌တော့တဲ့ အ‌ခြေအ‌နေဖြစ်လာ‌နေပါပြီ။

ဒုံးအကအတွက် အဓိက တီးမှုတ်ရတဲ့ ကျွဲချို၊ ဖားစည်၊ ဗုံ၊ လင်းကွင်း၊ ဝါးလက်‌ခေါက်၊ ‌မောင်း၊ နှဲ စတဲ့ တူရိယာ‌တွေဟာ မပါမဖြစ် အ‌ရေးကြီးသလို ခုချိန်မှာ‌တော့ နှဲ မှုတ်တတ်သူ‌တွေ‌တောင် မရှိသ‌လောက် နည်းပါးလာတာလည်း ပြဿနာတစ်ခု ဖြစ်‌နေပါ တယ်။ ‌ခေတ်စနစ်‌ကြောင့်လား မဆိုနိုင်‌ပေမယ့် ‌ခေတ်လူငယ်‌လေး‌တွေက‌တော့ ဒုံးအကအတွက် နှဲမှုတ်ဖို့ ဝါသနာပါသူ မရှိသ ‌လောက် ရှားပါးပါတယ်။ အဲဒီပြဿနာရဲ့ အကျိုးဆက်က ခုဆိုရင် ဧရာဝတီတိုင်းမှာ ဒုံးအတွက် နှဲမှုတ်မယ့်ဆရာ တစ်‌ယောက်မှ မရှိ‌တော့တဲ့ အ‌နေအထားက သက်‌သေပြ‌နေပါတယ်။

“ဝါးခယ်မ ဘက်က ‌ရွှေတံဆိပ်ဆုရတဲ့ နှဲဆရာတစ်‌ယောက်ကို ‌ခေါ်ပြီး သင်တန်း‌ပေး‌ပေမဲ့ သင်မယ့်သူ မရှိဘူး။ ဂီတာတီးတဲ့ဘက် ကို ပိုအားသန်လာကြတယ်။ နှဲမှုတ်တာကို ဝါသနာမပါကြဘူး။ နှဲမှုတ်တဲ့သူ မရှိတဲ့အတွက်‌ကြောင့် ဒုံးမှာ‌တော်‌တော် ပြဿနာဖြစ် ‌နေတယ်။”လို့ မန်းဝင်း‌မောင်က ‌ပြောဆိုပါတယ်။

တူရိယာ အခက်အခဲ‌တွေအပြင် ဧရာဝတီတိုင်းရဲ့ တစ်ချို့နယ်‌တွေမှာ ‌ငွေ‌ကြေးအခက်အခဲ‌တွေ‌ကြောင့် လက်ရှိမှာ ဒုံးကဖို့အ တွက် ‌နောက်ခံ‌တေးသီချင်း‌တွေကို အသံသွင်း၊ Loud Speaker(‌လော်စပီကာ)‌တွေဖွင့်၊ ရသမျှလူနဲ့စု၊ အလုပ်ဖြစ်ဖို့ကို နည်းနည်း နဲ့ ကျဲကျဲ ဝိုင်း‌နေရတဲ့ အ‌ခြေအ‌နေဖြစ်‌နေသလို ဒါ‌တွေ မ‌ပျောက်ပျက်ရ‌အောင် ပြန်လည် ကြိုးစားရုန်းကန်‌နေကြသူ‌တွေလည်း ရှိ ပါတယ်။ ယခင် ထီးထာကလုန်း ဒုံးအကသင်ဆရာ‌တွေရှိခဲ့‌ပေမယ့် ခုဆို ဒုံးဆရာ‌တွေ နည်းပါးလာတာ‌ကြောင့် ကရင်ပြည်နယ်က ဒုံးသင်ဆရာ‌တွေကို ‌ခေါ်ယူသင်ကြား‌နေရပါတယ်။ ဒီလိုသင်ကြားရတဲ့‌နေရာမှာလည်း ကရင်ပြည်နယ်က ဒုံးဆရာနဲ့ လက်ခံသင် ယူသူ‌တွေကြား ပိုးကရင်စကား ကွာခြား ကွဲလွဲမှု‌တွေ‌ကြောင့် ဒုံးသီချင်းကိုလည်း ပြည်နယ်ဒုံးဆရာ ‌ရေးစပ်ထားတဲ့ ဒုံးသီချင်း ‌နောက်ခံနဲ့ပဲ ကပြကြရပါတယ်။

အိမ်မဲမြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ ဥက္ကဌ မန်းညက်ပိန်ကလည်း “နည်းပါးလာတဲ့ ဒုံးကို ပြန်အား‌ကောင်းလာဖို့ အိမ်မဲ၊ ‌ကျောင်းကုန်း၊ ပန်းတ‌နော်၊ ကျုံ‌ပျော်မြို့နယ် ‌လေးမြို့နယ်က စာယဉ်‌တွေက တစ်လတစ်ခါ ‌တွေ့ကြတာ ရှိတယ်။ အဲ့မှာ ကရင်ပြည်နယ်က ဒုံးဆရာ‌တွေ ‌ခေါ်ပြီး‌တော့ တစ်ရွာမှာ မိန်းက‌လေးတစ်‌ယောက်၊ ‌ယောက်ျား‌လေးတစ်‌ယောက် လာသင်ပြီး ‌တော့ ကိုယ့်ရပ်ရွာမှာ ပြန်သင်‌ပေးနိုင်ဖို့ စဉ်းစားထားတာရှိတယ်။”လို့ ‌ပြောပါတယ်။

ပြိုင်ပွဲဝင် ဒုံး‌တွေ ဧရာဝတီတိုင်းဘက်မှာတင် ‌မှေးမှိန်လာတာမဟုတ်ဘဲ ကရင်ပြည်နယ်မှာလည်း ပြိုင်ပွဲဝင်ဒုံးအ‌ရေအတွက်က တစ်နှစ်ထက်တစ်နှစ် ‌လျော့နည်းလာ‌နေပါတယ်။ (၆၂)နှစ်‌မြောက် ကရင်ပြည်နယ်‌နေ့က ပြိုင်ပွဲဝင် ဒုံး ၁၆ဖွဲ့ ရှိခဲ့‌ပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာလက ကျင်းပခဲ့တဲ့ (၆၃)နှစ်‌မြောက် ကရင်ပြည်နယ်‌နေ့ အခမ်းအနားမှာ‌တော့ ပြိုင်ပွဲဝင် ဒုံး ၁၄ဖွဲ့သာ ဝင်‌ရောက်ယှဉ်ပြိုင် ခဲ့ပါတယ်။

ပြိုင်ဒုံး‌တွေ ‌လျော့နည်းလာတာနဲ့ပတ်သက်လို့ (၆၃)နှစ်‌မြောက် ကရင်ပြည်နယ်‌နေ့ အထိမ်းအမှတ် ဒုံးအကပြိုင်ပွဲရဲ့ ဒိုင်ချုပ် ‌စော ခင်‌မောင်မြင့်က “ဒုံးတစ်ဒုံးဖြစ်ဖို့က သိန်းငါးဆယ်၊ ‌ခြောက်ဆယ်‌လောက် ကုန်တယ်။ ပြန်ရတဲ့ဆုနဲ့ မကာမိဘူး။ ပြည်နယ်ပွဲဆို ‌တော့ စည်ကားသိုက်မြိုက်‌အောင် မဖြစ်မ‌နေ ဝင်‌ရောက်ယှဉ်ပြိုင်‌ပေးကြတာ။ တစ်ချို့ကျ‌တော့ ဒီ‌လောက် ကုန်ကျစရိတ်များတဲ့ အတွက် ‌ကျေးရွာအုပ်စုတစ်ခုအ‌နေနဲ့ မတတ်နိုင်တဲ့အခါ‌တွေကျ‌တော့ ပြိုင်ဒုံး‌တွေ ‌လျော့နည်းလာတာ ဖြစ်တယ်။”လို့ ‌ကေအိုင်စီ ကို ‌ပြောပြခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံမှာ ကုန်‌ဈေးနှုန်း‌တွေ မြင့်တက်လာမှုနဲ့အတူ ဒုံးအကအတွက် ဝတ်စုံ‌ဈေးကလည်း မ‌သေးပါဘူး။ တာဝန်ရှိသူ‌တွေ အဘက်ဘက်က‌နေ စရိတ်‌တွေ အပြည့်အဝ ‌ထောက်ပံ့‌ပေးနိုင်မယ်ဆိုရင် ဒုံးအ‌ရေအတွက်လည်း ပိုများလာနိုင်တယ်လို့ အဆိုပါ ဒိုင်ချုပ်က ‌ပြောပါတယ်။

ပန်းတ‌နော်မြို့နယ်၊ စံကျ‌ကျေးရွာမှာ ယခင်က တစ်နှစ်ကို ဒုံး ၃ဖွဲ့အထိ ဖွဲ့စည်းနိုင်ခဲ့ပြီး ပြိုင်ပွဲဆု‌တွေ ရရှိခဲ့ဖူး‌ကြောင်း ‌ပြောပြသူ က ကရင်အမျိုးသားပါတီ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး မန်း‌ကျော်ငြိမ်းပါ။ “ကရင်ပြည်နယ်က ဒုံး‌တွေဆို တစ်ဖွဲ့ကို အနည်းဆုံး ၃၂ ‌ယောက်နဲ့ ကကြတယ်။ တို့ဆီမှာ‌တော့ ၃၂‌ယောက် စုစည်းဖို့ မလွယ်‌တော့ ၂၄‌ယောက်နဲ့ကတယ်။ ဒါ‌တောင် လူငယ်‌တွေ မရှိ ‌တော့ဘူး။ စားဝတ်‌နေ‌ရေးအတွက် လူငယ်‌တွေ ရပ်‌ဝေးကို ထွက်အလုပ်လုပ်ရတယ်။ ရှိတဲ့လူ‌တွေကလည်း ဒါနဲ့ လုံးပမ်း‌နေ‌တော့ အချိန်‌ပေးဖို့ မလွယ်ဘူး။ ‌ပေးနိုင်ပြန်‌တော့လည်း စရိတ်ထုတ်မဲ့သူ မရှိပြန်ဘူး။ ဒီလို‌တွေ ဖြစ်‌နေတယ်။”လို့ ‌ပြောပါတယ်။

ကရင်နှစ်သစ်ကူးပွဲ‌တော်ကို ယခင်က ဧရာဝတီတိုင်းက ‌ကျေးရွာ‌တွေမှာ ရွာတိုင်းရွာတိုင်း ကျင်းပခဲ့ကြသလို က‌လေးဒုံး၊ လူလတ် ဒုံး၊ လူကြီးဒုံး၊ ကျားဒုံး၊ စု‌ပေါင်းဒုံး စသည်ဖြင့် ဒုံးအဖွဲ့များစွာ ထွက်နိုင်တဲ့အပြင် ပန်းတ‌နော်မြို့နယ် ဒုံးအဖွဲ့ဆိုလည်း ရန်ကုန်မြို့၊ အာလိန်ငါးဆင့်ဘုန်းကြီး‌ကျောင်းဝင်းထဲမှာ ကရင်နှစ်သစ်ကူးကျင်းပ‌ရေး ဗဟို‌ကော်မတီ(မဟာရန်ကုန်)က ကျင်းပပြုလုပ်တဲ့ ဒုံး ပြိုင်ပွဲမှာ နှစ်တိုင်းလိုလို ဆု‌တွေ ရယူနိုင်ခဲ့ကြတယ်။ ကရင်လူမျိုးအများစုဖြစ်တဲ့ ပန်းတ‌နော်မြို့နယ်ဟာ ကရင်စာ‌ပေ သင်ကြား လာခဲ့တာလည်း နှစ်‌ပေါင်း ၅၀‌ကျော်ကြာခဲ့ပြီဖြစ်သလို ပြိုင်ဒုံးအစဉ်အလာရှိခဲ့တာ‌တောင်မှ အ‌ကြောင်းအမျိုးမျိုး‌ကြောင့် ကြာကြာ ရပ်တည်ဖို့ မလွယ်‌တော့တဲ့ အ‌နေအထား‌ရောက်‌နေပြီးလို့ ဦးစီးဦး‌ဆောင်သူ‌တွေက ဖွင့်ဟ‌ပြောဆိုလာကြပါပြီ။

ကရင်ရိုးရာအက‌တွေထဲမှာ ပြိုင်ဒုံးအက၊ ဝါးညှပ်အက၊ ကြိုးကျစ်အက၊ ကျွဲဒုံးအက၊ ကျားဒုံးအက၊ စု‌ပေါင်း ဒုံးအက၊ ရှာလဖလုံ (ခ) သက်ကြီးဒုံးအကအပြင် ကရင်ဓားသိုင်းအက၊ ပျားဖွပ်အက၊ ‌တေးသရုပ်‌ဖော် အကစတဲ့ အမျိုးအစားများစွာအနက် ကရင်ဒုံး အက ‌မှေးမှိန်လာ‌ပေမယ့်လို့ တခြား‌သော ကရင့်ရိုးရာအက‌တွေကို ထီးထာကလုန်းမှာ ပြန်လည်‌ဖော်ထုတ်နိုင်ပါ‌သေးတယ်။

လူအား‌ငွေအား ‌လျှော့ချပြီး ကရင်ဒုံးအက ကွယ်‌ပျောက်မသွား‌အောင် ပြန်လည်ထိန်းသိမ်းနိုင်သလိုပဲ ‌ငွေနည်းနည်း၊ လူတစ် ‌ယောက်နှစ်‌ယောက်နဲ့ ‌ဖော်ထုတ်ကပြနိုင်တဲ့ ဓားနှစ်လက်၊ အိုးစည်၊ လင်းကွင်း၊ ‌မောင်းတီးခတ်သူ အပါအဝင် လူ ၁၀‌ယောက် ‌လောက်နဲ့ ကပြနိုင်တဲ့ ကရင်ရိုးရာအက‌တွေလည်း ရှိ‌နေပါ‌သေးတယ်။ ဒါ‌ကြောင့် ကရင်ရိုးရာ ဓားသိုင်းအက‌တွေနဲ့ အခြား‌သော ရိုးရာအက‌တွေ ပြန်လည်‌ဖော်ထုတ်ကပြကြရင်း အားသာချက်ထက် အားနည်းချက် ပိုများ‌နေ‌သေးတဲ့ ထီးထာကလုန်းက ကရင့် ဒုံး ‌မှေးမှိန်ပျက်သုဉ်းမသွား‌စေဖို့ “‌ပြောင်းလဲချိန်တန်ပြီ” ဆိုပြီး ကရင့်အ‌ရေး လက်‌နှေး‌နေဆဲ အမန်း‌တွေ၊ အဂါ့‌တွေဆီမှာ ပုံအပ်၊ ယုံမှတ်မ‌နေကြဘဲ “စည်းလုံး ချိန်တန်ပြီ” ဆိုတဲ့ အမျိုးသား‌ရေးအသိစိတ် ‌ရှေ့တန်းတင်ကာ ရှိသမျှ ခွန်အား‌တွေကို စွမ်းအင်အ ဖြစ် ထုတ်သုံးရင်း ဒုံးအကကို ဆက်ကကြပါစို့လို့သာ တိုက်တွန်းလိုက်ပါရ‌စေ။