ကရင်နှစ်သစ်ကူးရောက်တော့မယ်ဆိုတော့ ဆုတောင်းမေတ္တာပို့သ ချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်နှစ်လုံး တို့ကရင်အမျိုးသားတွေရဲ့ ပင်ပင်ပမ်းပမ်းနဲ့ စိုက်ပျိုးလာတဲ့ အသီးအနှံတွေရဲ့ရလဒ်ပေါ့နော်၊ တစ်နှစ် လုံးရဲ့ကြိုး စားမှုတွေကို ကောက်ပဲသီးနှံရက်ထွက်လာတဲ့အခါမှာ ပျော်ပျော်ပါးပါးနဲ့ မိသားစုတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နဲ့ အိမ်တိုင်း အိမ်တိုင်းမှာ စားကြသောက်ကြနဲ့ ချစ်စရာကောင်းတဲ့ အမွေအနှစ်တွေဖြစ်တဲ့အတွက် နှစ်သစ်မှာ မိသားစုတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နဲ့ ခံစားနိုင်ကြပါစေ။
ကရင်နှစ်သစ်ကူးဆိုတော့ အန်တီတို့ရဲ့ မိရိုးဖလာ ယဉ်ကျေးမှုတွေကို နောင်နှစ်တွေနှစ်တွေမှာလည်း မိရိုးဖလာ ယဉ်ကျေးမှုတွေ မပျောက်ပျက်ဘဲနဲ့ ဒါပေမယ့်ပိုပြီးရှင်သန်လာအောင်ပိုပြီးတော့ဒီထက် ခမ်းခမ်းနားနားပြုနိုင်အောင် နောင်လာနောက်သားတွေအားလုံး အန်တီတို့ရဲ့ ကရင်နှစ်သစ်ကူးနေ့လေးကို အမှတ်ရနေရအောင်ပေါ့နော်၊ အခုလက်ရှိ တာဝန်ရှိတဲ့လူတွေအပြင် ကရင်တိုင်းရင်းသားအားလုံးမှာလည်း တာဝန်ရှိတယ်။ ဒါတွေဆက်ပြီး ကြိုးစား ဆောင်ရွက်ကြပါလို့ အန်တီက တိုက်တွန်းချင်ပါတယ်။
၂၀၁၈မှာ အန်တီတို့ကြိုးစားဆောင်ရွက်ခဲ့တာတွေ အများကြီးရှိခဲ့တယ်။ အဲဒီကကောင်းတဲ့ ကောင်းကျိုးတွေကို အန်တီတို့ ၂၀၁၉ မှာ ခံစားရမှာပေါ့နော်။ အဲလိုပဲ ၂၀၁၉ ကျရင် အန်တို့က အရင်၂၀၁၈ က ရတဲ့ကောင်းကျိုးတွေကော ၂၀၁၉ မှာ ကြိုးစားခဲ့တဲ့ဟာတွေကော တစ်ခါ ပြန်ယူသွားရတယ်။ အဲဒါတွေကို အကုန်လုံး ဆောင်ရွက်ဖို့ဟာ နှစ်စဉ် နှစ်တိုင်း တက်လာမယ့်လူငယ်တွေအတွက် ကောင်းတဲ့အမွေတွေပေးနိုင်အောင် ကြိုးစားပေးခဲ့တယ်။ လူကြီးတွေအား လုံးဟာလည်း လူငယ်တွေအတွက် ကြိုးစားပေးပါ။ လူငယ်တွေကလည်း အဲဒီကောင်းမွေတွေကို ဆက်ပြီးထိန်းသိမ်းပါ။ သူတို့ကလည်း အဲဒီကောင်းမွေတွေကို လက်ဆင့်ကမ်းပေးနိုင်အောင် ကြိုးစားဆောင်ရွက်ပေးကြပါလို့ အန်တီက တိုက် တွန်းပေးလိုက်ပါတယ်။
အန်တီတို့ အမြဲပြောခဲ့တယ်၊ နှစ်ဟောင်းမှာ မကောင်းတဲ့ပြုမူတွေရှိခဲ့မယ် ။ အဲဒီမကောင်းတဲ့အပြုမူတွေကို သင်ခန်းစာယူပါ။ ဘာဖြစ်လို့လဲဆိုတော့ မကောင်းတဲ့အမှုတွေအတွက် အကျိုးကတော့ဘာမှ ကောင်းကျိုးတွေမရှိခဲ့ဘူး ။ မရှိတဲ့အတွက် သင်ခန်းစာယူပြီးတော့ ပြုပြင်ရမယ်။ ဒါကအားနည်းချက်တွေကို ဘယ်လိုပြန်ဖြည့် ဆည်းပြီးပြုပြင်ရမလဲ ဆိုတော့ အန်တီတို့ ဘယ်လိုထပ်ပြီး ကြိုးစားရမလဲဆိုတာ အားလုံးမှာတာဝန်ရှိတယ်။ ကြိုးစားဆောင်ရွက်ကြပါ။
နှစ်သစ်နှစ်သစ်တွေမှာ အန်တီတို့ပျော်ပျော်ရွှင်ရွှင် စားသောက်နိုင်တဲ့ဟာ ငြိမ်းချမ်းနေတယ်ဆိုရင် အန်တီတို့ပြည် နယ်ကြီးက ငြိမ်းချမ်းသာယာတယ်ဆိုရင် အန်တီတို့ပိုပြီးတော့ တောင်ပျော်ရွှင်ကြမှာပေါ့။ ဒါကြောင့်မို့ အန်တီတို့ တစ်ပြည် နယ်လုံး ကရင်တစ်ပြည်နယ်လုံးမကဘဲ တစ်နိုင်ငံလုံးမှာ ငြိမ်းချမ်းရေး အားလုံးရရှိကြပါစေ။ အန်တီတို့ငြိမ်းချမ်းရေးက လည်း ခိုင်မာတဲ့ ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေး အဓွန့်ရှည်နိုင်အောင် ဝိုင်းဝန်းကြိုးစားပါလို့ တိုက်တွန်းချင်ပါတယ်။