Home သတင်း အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှုပ‌ပျောက်‌ရေး KWO ၏ ၁၆ ရက်တာလှုပ်ရှားမှု လူထု ၅၀ဝနီးပါး ပါဝင်

အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှုပ‌ပျောက်‌ရေး KWO ၏ ၁၆ ရက်တာလှုပ်ရှားမှု လူထု ၅၀ဝနီးပါး ပါဝင်

2591

နိုဝင်ဘာ ၂၅ရက်၊ ၂၀၁၈ခုနှစ်။ နန်း‌ဝေဖြိုးဇာ

KWO – ကရင်အမျိုးသမီးအစည်းအရုံးက ဦး‌ဆောင်ပြီး အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှု ပ‌ပျောက်‌ရေး ၁၆ရက်တာ လှုပ်ရှားမှု အခမ်းအနားကို ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေ သထုံခရိုင်၊ တပ်မဟာ ၁ရှိ တမို‌ဒေါ(‌ကျောက်‌တောင်)‌ကျေးရွာ ‌လေးဂယ်ကလယ်‌နေရာတွင် နိုဝင်ဘာလ ၂၅ရက်(ယ‌နေ့) ကျင်းပပြုလုပ်ခဲ့ရာ ၎င်း‌ဒေသရှိ ကရင်ပြည်သူလူထုနှင့် နယ်‌မြေ အသီးသီးမှ ကရင်အမျိုးသမီး‌ခေါင်း‌ဆောင်များက ပါဝင်တက်‌ရောက်ခဲ့ကြသည်။

အဆိုပါလှုပ်ရှားမှု၏ ‌ဆောင်ပုဒ်မှာ “အနာဂတ်မျိုး ဆက်သစ်များ အကြမ်းဖက်မှုအားလုံး လွတ်‌မြောက်‌စေရန်” ဖြစ်ပြီး KWO ဗဟို အ‌နေဖြင့် ဒုက္ခသည်စခန်းများနှင့် ခရိုင်‌ဒေသအသီးသီးရှိ အမျိုးသမီးကိုယ်စားလှယ်များ ပါဝင်မှုဖြင့် ပထမဆုံးအကြိမ် စု‌ပေါင်း ကျင်းပပြုလုပ်သည့် လှုပ်ရှားမှုလည်းဖြစ်သည်ဟု KWO ဗဟိုအလုပ်အမှု‌ဆောင်မှ လူမှု‌ရေးတာဝန်ခံ ‌နော်ဒါးမုက ကရင်ဘာသာ ဖြင့် ယခုလို ‌ပြောသည်။

“ဒီလိုမျိုး လှုပ်ရှားမှု‌တွေက ကျမတို့ KWO အ‌နေနဲ့ အရင်က နယ်စပ်‌ဒေသမှာ ကျင်းပလုပ်ကြတာများတယ်။ ပြီး‌တော့ သက်ဆိုင် ရာ ခရိုင်အသီးသီး‌တွေမှာ KWO တာဝန်ရှိသူ‌တွေမှာလည်း အနည်းနဲ့အများ ကျင်းပကြတာရှိတယ်။ ပြီး‌တော့ စာသင်‌ကျောင်း ‌တွေ၊ လူထု‌တွေကို အမျိုးသမီးများလုံခြုံ‌ရေး၊ အကြမ်းဖက်မှု‌တွေ၊ အမျိုးသမီးအခွင့်အ‌ရေးနဲ့အိမ်တွင်း အကြမ်းဖက်မှုနဲ့ ပတ်သက် ပြီး အသိပညာ‌ပေးလုပ်တာ ရှိတယ်။ ဒီလိုစု‌ပေါင်းပြီး ပြည်တွင်းမှာ လှုပ်ရှားမှုပြုလုပ်တာက မရှိဖူး‌သေးဘူး။”ဟု ‌နော်ဒါးမုက ‌ကေအိုင်စီသို့ ‌ပြောသည်။

ယ‌နေ့ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားမတိုင်ခင် နိုဝင်ဘာလ ၂၄ရက်‌နေ့ကလည်း ‌ကေအဲန်ယူ သထုံခရိုင်အတွင်းရှိ ကျန်း မာ‌ရေး၊ ပညာ‌ရေးဌာန အပါအဝင် ‌ဒေသခံ ပြည်သူလူထုများ ပါဝင်သည့် ခြင်းလုံး၊ ‌ဘောလုံး၊ ‌ဘောလီ‌ဘော အားကစားပွဲများအ ပြင် အမျိုးသမီးနှင့် ခ‌လေးသူငယ်များအတွက် အခြားကစားနည်းအမျိုးမျိုး ယှဉ်ပြိုင်‌ပေးခဲ့ကြပြီး ညဘက်တွင် ဆု‌ပေးပွဲ၊ ‌ဟော ‌ပြောပွဲနှင့် ‌ဖျော်‌ဖြေ‌ရေးအစီအစဉ်များကို ပြုလုပ်‌ပေးခဲ့ကြသည်။

လှုပ်ရှားမှု‌နေ့အခမ်းအနားတွင် ၁၆ရက်တာ လှုပ်ရှားမှု ဖြစ်‌ပေါ်လာသည့်အ‌ကြောင်း ရှင်းပြခြင်း၊ အမျိုးသမီးအခွင့်အ‌ရေးနှင့် အကြမ်းဖက်မှုများ ဖြစ်ပွား‌စေသည့် အ‌ကြောင်းရင်းများ၊ ကုစား‌ဖြေရှင်းခြင်းများနှင့် လှုပ်ရှားမှုအတွက် ကိုယ်စားပြုသည့် ဖဲကြိုးဖြူ ၏ အဓိပ္ပါယ်များကို တက်‌ရောက်လာသူူများအား အသိပညာ‌ပေး မျှ‌ဝေမှုများ ပြုလုပ်ခဲ့သည်။

ဤအခမ်းအနားသို့ တက်‌ရောက်လာသူ ‌ကေအဲန်ယူ သထုံခရိုင် အတွင်း‌ရေးမှူး ပဒို‌စောစိုးမြင့်က အကြမ်းဖက်မှု‌လျော့ချရန်အ တွက် လူထုအတွင်း ယခုလို လှုပ်ရှားမှုများ ပြုလုပ်ကျင်းပ‌ပေးခြင်းဖြင့် အမျိုးသမီးအကြမ်းဖက်ခံရမှုများနှင့်ပတ်သက်၍ ‌ကျေးရွာ လူထုအတွင်း အသိပညာများ တိုးပွားလာကာ အကျိုးရလဒ်‌ကောင်း ရရှိလာသည့်အတွက် ‌ကျေနပ်အားရ ဂုဏ်ယူရင်း KWO ကို လည်း ‌ကျေးဇူးတင်‌ကြောင်းလည်း မှတ်ချက်ပြု‌ပြောဆိုသည်။

ထို့အပြင် ယ‌နေ့ လှုပ်ရှားမှုအခမ်းအနားတွင် သာမန်လူထုများသာမကဘဲ စစ်‌ရေးပဋိပက္ခ ကာလများအတွင်း ဆိုးကျိုးများ ‌ကြောင့် အကြမ်းဖက်မှုများကို ရင်ဆိုင်ဖြတ်သန်း ခံစားခဲ့ရသူ အမျိုးသမီးများနှင့် တစ်ချိန်က ပဋိပက္ခနယ်‌မြေများအတွင်း ရွာ၏ တာဝန်ကို ထမ်း‌ဆောင်ခဲ့ရ‌သော အမျိုးသမီးသူကြီး ၄၁ဦးလည်း ပါဝင်တက်‌ရောက်ခဲ့ကြသည်။

‌ကေအဲန်ယူ တပ်မဟာ ၆နယ်‌မြေမှ လာ‌ရောက်သည့် ရွာသူကြီးမ ‌နော်စုက “ကျမ ရွာသူကြီးဖြစ်တဲ့ အနှစ် ၂၀‌ကျော်အတွင်းမှာ ဒီလိုလှုပ်ရှားမှုပွဲမျိုးက အခု ပထမဦးဆုံးအကြိမ် တက်‌ရောက်ဖူးတာဖြစ်တယ်။ ဒီလိုပွဲမျိုး တက်‌ရောက်‌တော့ ဟိုးလွန်ခဲ့တဲ့အချိန် ‌တွေတုန်းက ကျမ‌ဒေသမှာ အကြမ်းဖက်ခံရပြီး ‌သေဆုံးခဲ့ရတဲ့ ‌ဒေသက အမျိုးသမီး‌တွေကို ပြန်‌အောက်‌မေ့တယ်။ ဒီပွဲမှာ ကျမ မြင်ရတဲ့ဆိုင်းဘုတ်က အကြမ်းဖက်မှုရပ်တန့်‌အောင် လုပ်မယ်ဆိုတဲ့စာသားကို‌တွေ့‌တော့ ကျမ အရမ်းအားရှိသွားတယ်။”ဟု ‌ပြော ဆိုသည်။

ယခုလို အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှုပ‌ပျောက်‌ရေး ၁၆ရက်တာ လှုပ်ရှားမှု အခမ်းအနားကို ကရင်ပြည်နယ်၊ ဖားအံမြို့ ဇွဲ ကပင်ခန်းမတွင်လည်း Local Resource Centre-LRC အပါအဝင် အရပ်ဖက်အဖွဲ့အစည်းများ စု‌ပေါင်းကျင်းပရာ ပြည်နယ်အစိုးရ အဖွဲ့မှ ပအိုဝ်းတိုင်းရင်းသား‌ရေးရာဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ခံအချို့၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ ပါဝင်တက်‌ရောက်ခဲ့ကြသည်။