ဧပြီလ ၁၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မုပွန်နယ်မြေရဲစခန်းတွင် ပြီးခဲ့သည့် ဧပြီလ(၁၇)ရက်နေ့က အချုပ်ဖောက်ပြေးမှုဖြစ်ပွားခဲ့ပြီး ထွက်ပြေးသည့်အချုပ်သား(၃)ဦးအနက် လက်နက်နှင့်တကွ (၂)ဦးလွတ်မြောက်သွားကြောင်း ရဲစခန်းနှင့်နီးစပ်သည့်သတင်းအရင်းအမြစ်မှ သိရသည်။
အဆိုပါအချုပ်ဖောက်ပြေးသူ(၃)ဦးမှာ ၎င်းတို့နေအိမ်မှပေးပို့လာသော ပစ္စည်းများအား အချုပ်ခန်း အတွင်းဝင်ပေးသည့် ရဲတပ်ဖွဲ့ဝင်၏သေနတ်ကို လုယူ၍ ထွက်ပြေးလွတ်မြောက်သွားခြင်းဖြစ်ပြီး အပြန်...