Home သတင်း နှီး‌နှောဖလှယ်ပွဲမှ လူငယ်ညီလာခံ ‌ခေါ်ဆိုနိုင်‌ရေး ကရင်လူငယ် ၃ဝဝ ‌ကျော် ‌ဆွေး‌နွေး‌နေ

နှီး‌နှောဖလှယ်ပွဲမှ လူငယ်ညီလာခံ ‌ခေါ်ဆိုနိုင်‌ရေး ကရင်လူငယ် ၃ဝဝ ‌ကျော် ‌ဆွေး‌နွေး‌နေ

2714

နိုဝင်ဘာ ၁၉ ရက်၊ ၂၀၁၈ ခုနှစ်။ စအိုင်ဆူး

ကရင်လူငယ်အစည်းအရုံး-KYO မှ ဦး‌ဆောင်၍ ပြည်တွင်း၊ ပြည်ပ၊ နယ်စပ်‌ဒေသ ရှိ ကရင်လူငယ်များပါဝင်သည့် ကရင် လူငယ်နှီး‌နှောဖလှယ်ပွဲ (Karen Youth Seminar) ကို ယ‌နေ့ (နိုဝင်ဘာလ ၁၉ရက်)မှစ၍ ‌ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ ဖားအံခရိုင်၊ ‌လေးဝါး(‌လောဟီးလာ)တွင် စတင်ကျင်းပ‌နေပြီးဖြစ်သည်။

ကရင်လူငယ်အစုအဖွဲ့များအကြား အပြန်အလှန်နားလည်မှုနှင့် ချစ်ခင်ရင်းနှီးမှုပိုမိုရရှိရန်အပြင် လက်ရှိနိုင်ငံ‌ရေးအ‌ခြေအ‌နေ များကို ပိုမိုသိရှိနားလည်ပြီး လူငယ်များပါဝင်မှု အခန်းကဏ္ဍများကို ပြင်ဆင်သွားနိုင်ရန်နှင့် နှီး‌နှောဖလှယ်ပွဲမှတစ်ဆင့် ကရင်လူငယ်ညီလာခံကို ‌ခေါ်ဆိုကျင်းပနိုင်ရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်ဟု KYO ဥက္ကဌ ‌စောလယ်နယ်က ‌ပြောသည်။

၎င်းက “အခုက ကျ‌နော်တို့ တစ်စုတည်း တစ်ဖွဲ့တည်း စုဖွဲ့နိုင်ဖို့က အ‌ရေးကြီးတဲ့အချိန်ဖြစ်တယ်။ ဘာဖြစ်လဲ ဆို‌တော့ ကျ‌နော်တို့ ကရင့်‌တော်လှန်‌ရေးက နှစ် (၇၀)အထိ‌ရောက်‌တော့မယ်ဆို‌ပေမဲ့ အခုချိန်ထိ လိုချင်တဲ့ ပန်းတိုင်ကို မ‌ရောက် ‌သေးဘူးဖြစ်တယ်။ ကျ‌နော်တို့ လိုချင်တဲ့ ပန်းတိုင်ကို ပြည့်ပြည့်စုံစုံရရှိနိုင်ဖို့က ‌ရှေ့ဆက်လုပ် ‌ဆောင်သွားရမယ့် အ‌ပေါ် အများအပြားရှိ‌နေတဲ့ ကရင်လူငယ်အစုအဖွဲ့အားလုံးကို စုဖွဲ့သင့်ပြီးဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် လက်ရှိ ကျင်းပ‌နေသည့် နှီး‌နှောဖလှယ်ပွဲမှတစ်ဆင့် အစုအဖွဲ့များအကြား နှီး‌နှောဖလှယ်ကြသည့် အ‌တွေးအမြင် အယူအဆများအ‌ပေါ် စု‌ပေါင်း၍ နည်းလမ်းတစ်ခုတည်းဖြစ်ရန်နှင့် လူငယ်‌ပေါ်လစီ ‌ရေးဆွဲအတည်ပြုရာတွင်လည်း တူညီ သည့် နည်းလမ်းတစ်ခုတည်းဖြင့် ပိုမိုအား‌ကောင်းလာ‌စေရန်လည်း နှီး‌နှောဖလှယ်ပွဲ၏ ‌နောက်ဆုံးရလဒ်အ‌နေဖြင့် ‌မျှော်လင့်ထား‌ကြောင်း ‌စောလယ်နယ်က ဆက်‌ပြောသည်။

၎င်းနှီး‌နှောဖလှယ်ပွဲသို့ ပြည်တွင်းရှိ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ တနသင်္ာရီတိုင်းနှင့် ကရင်၊ မွန်ပြည်နယ်ရှိ ကရင် လူငယ်အဖွဲ့အစည်း အသီးသီးမှ လူငယ်ကိုယ်စားလှယ်များ၊ နယ်စပ်အ‌ခြေစိုက် လူငယ်အဖွဲ့များမှ လူငယ်ကိုယ်စား လှယ်များ၊ ပြည်တွင်းပြည်ပ၊ နယ်စပ်လူငယ်ကွန်ယက် အဖွဲ့အစည်းများ ၊ ကရင်ဖြူ လူငယ်ကိုယ်စားလှယ်များအပြင် အခြားတိုင်းရင်းသား လူငယ်ကိုယ်စားလှယ်များလည်း ‌လေ့လာသူများအဖြင့် တက်‌ရောက်ခဲ့ပြီး လူငယ်ကိုယ်စား လှယ်‌ပေါင်း(၃၀၀) ‌ကျော် ပါဝင်တက်‌ရောက်ခဲ့ကြသည်။

နိုဝင်ဘာ ၁၉ ရက်မှ ၂၃ ရက်‌နေ့အထိ ၅ရက်တာ ကျင်းပမည့် ၎င်းနှီး‌နှောဖလှယ်ပွဲတွင် KNU တွဲဖက်အတွင်း ‌ရေးမှူး(၂)မှ ပဒို‌စောလှထွန်း၊ တတ်သိပညာရှင်တစ်ဦးဖြစ်သူ ‌နော်‌မေဦးတို့မှ လက်ရှိနိုင်ငံ‌ရေးအ‌ခြေအ‌နေ၊ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုနှင့် ကရင်လူငယ်များအခန်းကဏ္ဍများကို ‌ဆွေး‌နွေးခြင်း၊ ကရင်လူငယ်နှင့် အနာဂတ်ကရင့်အမျိုးသားတို့၏ ဘဝတည်‌ဆောက် ‌ရေး၊ လူငယ်သ‌ဘောထားနှင့် လမ်းညွှန်မှု စာတမ်းနှစ်‌စောင်ကို ‌ဆွေး‌နွေးခြင်း၊ အဖွဲ့လိုက်တင်ပြ‌ဆွေး‌နွေးခြင်း၊ ‌ရှေ့လုပ်ငန်း စဉ်များချမှတ်ခြင်းနှင့် သ‌ဘောထားထုတ်ပြန်ခြင်းများကို ပြုလုပ်သွားမည်ဟုသိရသည်။

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်မှ လူငယ်ကိုယ်စားလှယ် နန့်သဇင်လင်းက “ဒီနှီး‌နှောဖလှယ်ပွဲကို တက်လာဖြစ်တဲ့ ရည်ရွယ် ချက်က ကရင့်နိုင်ငံ‌ရေးကို ပိုမိုနားလည်နိုင်ဖို့ ကျမတို့လူငယ်‌တွေအကြား ပိုမို ရင်းနှီးနားလည်မှုရှိလာဖို့အပြင် ဒီနှီး‌နှောဖ လှယ်ပွဲက‌နေ ‌ဆွေး‌နွေးပြီး ရရှိလာမဲ့ အ‌ခြေအ‌နေအားလုံးကို ရရှိဖို့ ‌မျှော်မှန်းပြီးတက်‌ရောက်လာခြင်းဖြစ်ပါတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ လူငယ်နှီး‌နှောဖလှယ်ကို ၂ဝ၁၆ ခုနှစ်၊ ဇွန်လက ကျင်းပသည့် ကရင်လူငယ်အစည်းအရုံး (KYO)၏ (၅)ကြိမ် ‌မြောက် ကွန်ဂရက် ဆုံးဖြတ်ချက်အရ အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်ခြင်းဖြစ်ပြီး အစိုးရနှင့် ‌ကေအဲန်ယူ အကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ် (NCA) လက်မှတ်‌ရေးထိုးပြီး‌နောက်ပိုင်း ပထမဦးဆုံးအကြိမ် ပြုလုပ်ကျင်းပခြင်းဖြစ်သည်။