Home သတင်း နှစ်နှစ်ကြာ ရပ်နားထားသည့် KUPC အစည်းအ‌ဝေး ပြန်ကျင်းပမည်

နှစ်နှစ်ကြာ ရပ်နားထားသည့် KUPC အစည်းအ‌ဝေး ပြန်ကျင်းပမည်

2807

နိုဝင်ဘာ ၁၂ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောထွန်းလင်း

နှစ်နှစ်ကြာ အစည်းအ‌ဝေးပြုလုပ်မှု ရပ်နား‌နေသည့် ကရင်အမျိုးသားစည်းလုံးညီညွတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေး ‌ကော်မတီ (KUPC) အစည်းအ‌ဝေးကို လာမည့် ဒီဇင်ဘာ ၁၁-၁၂ ရက်များတွင် ထားဝယ်မြို့၌ ‌ကော်မတီအစည်းအ‌ဝေး ပြန်လည် ပြုလုပ်သွားမည်ဟု ‌ကော်မတီဝင်တစ်ဦးဖြစ်သူ မန်းသန်းဝင်းဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“အစည်းအ‌ဝေးမှာ တိုင်းနဲ့ပြည်နယ်အလိုက် စာ‌ပေနဲ့ယဉ်‌ကျေးမှု‌ကော်မတီ စာတမ်း‌တွေ စသဖြင့် ဆိုင်ရာပြင်ဆင်‌နေတယ်။ ‌နောက်ပြီး ကရင်အမျိုးသားညီလာခံလုပ်ဖို့ကိစ္စ‌တွေ ‌ဆွေး‌နွေးမယ်။ ‌ကော်မတီကို ကရင်အမျိုးသားများရဲ့ ဦး‌ဆောင်‌ကော်မ တီဖြစ်‌အောင် ပြန်လုပ်‌ဆောင်သွားမယ်”ဟု ရန်ကုန်တိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ အတွင်း‌ရေးမှူး ဖြစ်သူ မန်းသန်းဝင်းဦးက ‌ပြောသည်။

ယခုလို KUPC ‌ကော်မတီ အစည်း‌ဝေး ပြန်လည် ကျင်းပနိုင်‌ရေးအတွက် ပြီးခဲ့သည့် ‌အောက်တိုဘာ ၂၃ ရက်‌နေ့ တွင် ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ဘူတာရုံလမ်း အမှတ် 7/C ၌ ‌ကော်မတီ အလုပ်အဖွဲ့ဝင်များ ‌တွေ့ဆုံ‌ဆွေး‌နွေး ညှိနှိုင်းမှုတစ်ခု ပြုလုပ်ခဲ့ပြီး ‌ကော်မတီအစည်းအ‌ဝေးပြုလုပ်ရန်နှင့် ‌ကော်မတီ‌ရှေ့လုပ်ငန်းစဉ်များကို ‌ဆွေး‌နွေးခဲ့သည်ဟု ‌ကော်မတီဝင် အစည်းအ‌ဝေးတက်‌ရောက်ခဲ့သည့် ‌ကော်မတီဝင်များထံမှ သိရသည်။

အဆိုပါ ‌ကော်မတီကို ကရင့်လက်နက်ကိုင်အဖွဲ့အစည်းများ၊ ကရင်နိုင်ငံ‌ရေးပါတီများ၊ ကရင်လွှတ်‌တော်အမတ်များနှင့် ကရင့်‌ရေးရာဝန်ကြီးများ၊ ‌ဒေသအသီးသီးရှိ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီဝင်များ၊ ကရင်လူမှု‌ရေး အဖွဲ့အစည်းများ စသူတို့ဖြင့် ဖွဲ့စည်းထားပြီး ‌ကော်မတီ၏ နဝမအကြိမ်အစည်းအ‌ဝေးကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၂၄မှ ၂၆ ရက်‌နေ့အထိ ဖားအံမြို့၊ ဇွဲကပင်ခန်းမ‌ဆောင်၌ ကျင်းပခဲ့ပြီး‌နောက်ပိုင်း နှစ်နှစ်ခန့် အစည်းအ‌ဝေးကျင်းပမှု ရပ်နားခဲ့သည်။

KUPC ကို ၂၀၁၃ ခုနှစ်၊ မတ်လ ၂၉-၃ဝရက်‌နေ့က ဖားအံမြို့၊ ဇွဲကပင်ခမ်းမ၌ ကျင်းပခဲ့သည့် ကရင့်‌ရေးရာအစည်း အ‌ဝေး တွင် နယ်ပယ်စုံ ကရင်အမျိုးသား‌ခေါင်း‌ဆောင်များ ပါဝင်သည့် ‌ကော်မတီဝင် ၃၇ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ယခု ‌ကော်မတီ ဝင် ၅ဝ ဦး‌ကျော်ရှိ‌ကြောင်း သိရသည်။

‌ကော်မတီအ‌နေဖြင့် ကရင်အမျိုးသား အကြိုညီလာခံ ကျင်းပခြင်း၊ ကရင်နိုင်ငံ‌ရေး ပါတီများ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲများ ပြုလုပ်ခြင်း၊ ၂၁ ရာစု ပင်လုံ အစည်းအ‌ဝေးတွင် တင်သွင်းမည့် စာတမ်းများ ‌ဆွေး‌နွေးခြင်း တို့ကို ပြုလုပ်ခဲ့သည်။