Home သတင်း နိုင်ငံတကာ ရိုက်ခတ်တူရိယာ‌ဖျော်‌ဖြေပွဲ ဖားအံမြို့တွင် ဒုတိယအကြိမ် ကျင်းပ

နိုင်ငံတကာ ရိုက်ခတ်တူရိယာ‌ဖျော်‌ဖြေပွဲ ဖားအံမြို့တွင် ဒုတိယအကြိမ် ကျင်းပ

3991

နိုဝင်ဘာ ၁၃ ရက်၊ ၂၀၁၈ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ရိုက်ခတ်တူရိယာများ ဖလှယ်သည့်အ‌နေဖြင့် နိုင်ငံတကာနှင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားများ ရိုက်ခတ်တူရိယာ များ‌ပေါင်းစပ်၍ Gongs &Skins lll နိုင်ငံတကာ ဂီတ‌ဖျော်‌ဖြေပွဲ‌တော်ကို ကရင်ပြည်နယ်၊ ဖားအံမြို့ ဇွဲကပင် ခန်းမ၌ ယမန်‌နေ့(နိုဝင်ဘာ ၁၂ရက်)က ကျင်းပပြုလုပ်ခဲ့ကြသည်။

မြန်မာနှင့် ကမ္ဘာတစ်လွှားမှ မတူကွဲပြား‌သော ဂီတယဉ်‌ကျေးမှုကြားမှ ငြိမ်းချမ်း‌သော အပြန်အလှန်ရရှိမှု ရသကို ‌ပေးစွမ်းနိုင်ရန် ရည်ရွယ်ကျင်းပသည့် အဆိုပါ ဂီတပွဲ‌တော်ကို အီတလီ၊ ဒိန်းမတ်၊ ဂျာမနီ၊ ပြင်သစ်၊ ပိုလန်၊ က‌နေ ဒါ၊ တရုတ်၊ မ‌လေးရှား၊ ဂျပန်၊ နိုင်ငံတို့မှ ရိုးရာရိုက်ခတ်တူရိယာနှင့် မြန်မာနိုင်ငံရှိ ကရင်၊ ရှမ်း၊ ရခိုင်၊ ဗမာ စသည့် တိုင်းရင်းသားများ၏ တီးခတ်တူရိယာများနှင့်အတူ အဖွဲ့ ၃ဖွဲ့ခွဲပြီး ပူးတွဲတီးခတ်‌ဖျော်‌ဖြေသွားခဲ့ကြသည်။

ရိုက်ခတ်တူရိယာဂီတပွဲ‌တော်တွင် ကရင်အ‌နေဖြင့် “‌မောင်ရိုး‌လေး.‌လေး.” ကရင်ဒုံးအက သီချင်း‌တေးသွားကို ယူပြီး ဒုံးအကတွင် ပါဝင်သည့် ဖားစည်၊ ဘင်၊ ကျွဲချို၊ ‌မောင်း၊ ဝါးလက်‌ခေါက်၊ လင်းကွင်း၊ နှဲ စသည့် ရိုးရာတူရိယာများနှင့် တီးခတ်‌ဖျော်‌ဖြေသွားခဲ့သည်ဟု ပွဲ‌တော်တွင် ပါဝင်သူ K ဖိုးခွါးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဒီပွဲမှာ ကျ‌နော်တို့‌တွေက အုပ်စုခွဲပြီးတီးတယ်။ ကျ‌နော်တို့ ကရင်အဖွဲ့မှာ ဗမာပါတယ်။ ပြီး‌တော့ ဂျာမနီ၊ ဂျပန်၊ ပိုလန်နဲ့ အာဖရိက တစ်‌ယောက်ပါတယ်။ ကျ‌နော်တို့ ကရင်တူရိယာ‌တေးသံကို တီးတဲ့ခါဆိုရင် ကျန်တဲ့ လူ‌တွေ က သူတို့တူရိယာနဲ့ လိုက်တီးတယ်။ သူတို့တီးတဲ့အခါမှာလည်း ကျ‌နော်တို့ပြန်လိုက်တီးတယ်၊ ‌ရောတာ‌ပေါ့။ ဘာသာစကားမတူ‌ပေမယ့်လည်း တူရိယာဖလှယ်နိုင်တာက ဒီ Music ပဲ။” ဟု K ဖိုးခွားက ‌ပြောသည်။

Gongs & Skins lll ပွဲ‌တော်သည် ယဉ်‌ကျေးမှုအချင်းချင်း ကူးလူးဆက်သွယ်သည့်ပွဲ‌တော်တစ်ရပ်ဖြစ်သလို ရိုက်ခတ်တူရိယာများ အတူတကွလာ‌ရောက်ဆုံဆည်းကြသည့်ပွဲ‌တော်ဖြစ်ကာ ယခုပွဲ‌တော် ဖြစ်‌မြောက်‌ရေးအတွက် Goethe- Institute (Myanmar) မှ ပူး‌ပေါင်းကျင်းပပြီး အီတလီသံရုံး၊ ဒိန်းမတ်သံရုံးနှင့် ဥ‌ရောပသမဂ္ဂတို့မှ ကူညီ‌ထောက်ပံ့‌ပေးထားသည်ဟုလည်း သိရသည်။

အဆိုပါ ပွဲ‌တော်ကို မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်မှ စတင်ကာ ယခု ၂ဝ၁၈ခုနှစ်အထိတွင် တတိယအကြိမ်‌မြောက် ကျင်းပခြင်းဖြစ်ကာ ကရင်ပြည်နယ်အ‌နေဖြင့် ၂၀၁၆ ခုနှစ်က တစ်ကြိမ်နှင့် ယခု ဒုတိယ အကြိမ်လာ‌ရောက် ကျင်းပခြင်းဖြစ်သည်။