Home သတင်း ငြိမ်းချမ်း‌ရေးဖြစ်စဉ် အပစ်ရပ် အ‌ခြေအ‌နေသာရှိဟု လူထုစစ်တမ်းတွင် ‌ဖော်ပြထား

ငြိမ်းချမ်း‌ရေးဖြစ်စဉ် အပစ်ရပ် အ‌ခြေအ‌နေသာရှိဟု လူထုစစ်တမ်းတွင် ‌ဖော်ပြထား

2762

နိုဝင်ဘာ ၁၂ ရက်၊ ၂၀၁၈ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

လက်ရှိ ‌ဖော်‌ဆောင်‌နေသည့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်သည် အပစ်အခတ်ရပ်စဲ‌ရေး အ‌ခြေအ‌နေသာရှိ‌သေး သည် ဟု Karen Development Network-KDN အဖွဲ့က ယ‌နေ့ (နိုဝင်ဘာ ၁၂ ရက်) ဖားအံမြို့၊ GABBNAR ၌ ပြုလုပ်သည့် လူထုစစ်တမ်း အစီရင်ခံစာ မိတ်ဆက်ပွဲတွင် ‌ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် အစိုးရတပ်မ‌တော်ကြား အပစ်အခတ်ရပ်စဲ‌ရေးရယူသည့်‌နောက်ပိုင်း တွင် ပြည်သူများ၏အ‌ခြေအ‌နေ၊ စိုးရိမ်ချက်နှင့် အပစ်အခတ်ရပ်စဲ‌ရေးအ‌ပေါ် ယုံကြည်ထားမှုရှိမရှိ အ‌ခြေ အ ‌နေကို အ‌ခြေခံပြီး နှစ်ဖက်‌သောလက်နက်ကိုင်တပ်ဖွဲ့များ၊ အစိုးရ၊ အရပ်ဖက်အဖွဲ့နှင့် လူထုများ သိရှိ‌စေရန် ယင်းအစီရင်ခံစာကို ရည်ရွယ်ထုတ်‌ဝေခြင်းဖြစ်သည်ဟု KDN မှ ဒါရိုက်တာ ဆရာ‌တော် မက်သရူး ‌အေးက ‌ပြောသည်။

“ဒီအစီရင်ခံစာထဲမှာ တိုင်းရင်းသား လူထုများရဲ့ တူညီတဲ့ သ‌ဘောထားတစ်ခုက‌တော့ အခုရ‌နေတာက ငြိမ်းချမ်း‌ရေးမဟုတ်‌သေးဘူး။ အပစ်ခတ်ရပ်စဲတာပဲရှိ‌သေးတယ်။ သူတို့က ထာဝရငြိမ်းချမ်း‌ရေးကို လို ချင်တာ ဒီအထဲမှာ လူထုအသံမကဘဲ ၂၀၁၅ ခုနှစ်မှာစတင်ပြီး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့က တပ်သား‌တွေ၊ အရာရှိငယ်‌တွေသူတို့ဘယ်လိုခံစားရလဲ သူတို့အသံက‌နေစတယ်။ ပြီးမှ ၂၀၁၇ ခုနှစ်မှာ လူထု‌တွေရဲ့အသံ‌တွေကို ထပ်ပြီးပြန်ထပ်ယူတယ်”ဟု ဆရာ‌တော်မက်သရူး‌အေးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ယခုအချိန်တွင် အပစ်အခတ်ရပ်စဲ‌ရေး ယူထားသည့် ကာလဖြစ်‌သော်လည်း အချို့‌နေရာ များတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား‌နေခဲ့သည့်အတွက် ပဋိပက္ခများ ပြန်လည်ဖြစ်ပွားလာမည်ကို ‌ဒေသခံလူမှု အသိုင်းအဝိုင်းများက စိုးရိမ်မှုရှိကြသည်ဟု စစ်တမ်းအစီရင်ခံစာထဲတွင် ‌ဖော်ပြထားသည်။

စာမျက်နှာ ၁၃၈ မျက်နှာပါ အစီရင်ခံစာတွင် ကရင်၊ မွန်၊ ကချင်၊ ကယား(ကရင်နီ)၊ ‌တောင်ပိုင်း ရှမ်းပြည်နယ်၊ ‌မြောက်ပိုင်းရှမ်းပြည်နယ်ရှိ လူထု‌ပေါင်း ၄,၀၀ဝ ‌ကျော်အား လက်ရှိငြိမ်းချမ်း‌ရေးဖြစ်စဉ် အ‌ပေါ် အမြင်သ‌ဘောထားများ၊ လူမှုအသိုင်းအဝိုင်းများမှကြုံ‌တွေ့ရ‌သော စိန်‌ခေါ်မှုများ၊ ‌မျှော်လင့်ချက် များနှင့် စိတ်အားထက်သန်မှုများ၊ ၂၀၁၆မှ ၂၀၁၈ ခုနှစ်အတွင်း တူညီချက်များနှင့် ခြားနားချက်များကို ‌မေးမြန်းပြုစုထားသည့် စစ်တမ်းအစီရင်ခံစာလည်းဖြစ်သည်။

“ကျွန်ုပ်တို့ လူမှုအသိုင်းအဝိုင်း‌တွေကို ပြန်‌ပေးပါ၊ တိုက်ပွဲ‌တွေ၊ အကြမ်းဖက်မှု‌တွေ မလိုလားပါ”‌ခေါင်းစဉ် ဖြင့် ထုတ်‌ဝေသည့် ၎င်းအစီရင်ခံစာကို ကရင်ဖွံ့ဖြိုး‌ရေးကွန်ရက်(ကရင်)၊ ကရုဏာမြန်မာလူမှု‌ရေးအသင်း(ကချင်)၊ တအာင်း‌ကျောင်းသားနှင့် လူငယ်အစည်းအရုံး(‌မြောက်ပိုင်းရှမ်းပြည်နယ်)၊ ‌ပြေငြိမ်း သုခ (‌တောင်ပိုင်းရှမ်း ပြည်နယ်)၊ ကယားပြည်နယ် ငြိမ်းချမ်း‌ရေး‌စောင့်ကြည့်‌လေ့လာ‌ရေး ကွန်ရက် (ကယား)နှင့် မွန်အမျိုးသမီးများ ကွန်ရက်(မွန်) စသည့်အဖွဲ့များမှ စစ်တမ်းများ ‌ကောက်ယူထားခြင်းဖြစ်သည်။