Home သတင်း ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ကို အလွတ်သ‌ဘော‌တွေ့ဆုံမှုဖြင့် အချိန်ယူအ‌ဖြေရှာသွားရန် KNUဆုံးဖြတ်

ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ကို အလွတ်သ‌ဘော‌တွေ့ဆုံမှုဖြင့် အချိန်ယူအ‌ဖြေရှာသွားရန် KNUဆုံးဖြတ်

2952

နိုဝင်ဘာ ၁၁ ရက်၊ ၂၀၁၈ခုနှစ်။ စအိုင်ဆူး

ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များကို တရားဝင်‌ဆွေး‌နွေးပွဲအစည်းအ‌ဝေးများထက် အလွတ်သ‌ဘော‌တွေ့ဆုံမှုဖြင့် အချိန်ယူ‌ဆွေး ‌နွေးအ‌ဖြေရှာသွားရန် ယမန်‌နေ့ (နိုဝင်ဘာလ ၁ဝ ရက်)က ပြီးဆုံးသွားခဲ့သည့် KNU-ကရင်အမျိုးသားအစည်းအရုံး၏ (၆) ကြိမ်‌မြောက် ဗဟိုအမြဲတမ်း‌ကော်မတီ၏ အ‌ရေး‌ပေါ်အစည်းအ‌ဝေးတွင်
သ‌ဘောတူဆုံးဖြတ်ခဲ့ကြသည်။

ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ၎င်းတို့အဖွဲ့အစည်းတစ်ခုလုံး တညီတညွတ်တည်း ပါဝင်ရန်နှင့် အဓိပ္ပာယ်ပြည့်ဝစွာ ပါဝင်မှုဖြစ်‌စေရန် လုံ‌လောက်သည့် အချိန်ကာလတစ်ခုကို ရယူရန် လိုအပ်သည့်အတွက် တရားဝင် ‌တွေ့ဆုံ‌ဆွေး‌နွေးမှုအ တွင်းပါဝင်မှုများကို ယာယီရပ်ဆိုင်းပြီး အလွတ်သ‌ဘော‌တွေ့ဆုံ‌ဆွေး‌နွေးမှုများဖြင့်သာ ‌ရှေ့ဆက်သွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်‌ကြောင်း KNU ၏ အတွင်း‌ရေးမှူးချုပ် ပဒို‌စောတာဒိုမူးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “အခုအချိန်မှာ အစိုးရနဲ့ ကျ‌နော်တို့ အကြားမှာ NCAအ‌ပေါ် အမြင်မတူညီမှု‌တွေ၊ ဆုံးဖြတ်ချက်‌တွေအ‌ပေါ် အမြင် မတူညီမှု‌တွေကို အတူတကွ ‌ဆွေး‌နွေးအ‌ဖြေရှာဖို့အတွက် အလွတ်သ‌ဘော‌တွေ့ဆုံမှုနဲ့ ‌တွေ့ဆုံဖို့က အရမ်း အ‌ရေးကြီးတယ်။ ဒါ‌ကြောင့် အချိန်ယူပြီး‌တော့ တစ်ဖက်မှာကကျ‌နော်တို့ အဖွဲ့အစည်းအတွင်း ပြင်ဆင်သင့် တာ‌တွေ ပြင်ဆင်ပြီး‌တော့ တစ်ချိန်ထဲမှာပဲ အစိုးရနဲ့ အလွတ်သ‌ဘော ‌တွေ့ဆုံမှုနဲ့ မတူညီမှု‌တွေကို ‌ဆွေး‌နွေး အ‌ဖြေရှာသွားရမယ်”ဟု ‌ပြောသည်။

KNU၏ ဖားအံခရိုင်၊ ‌လေးဝါး၌ နိုဝင်ဘာလ ၆ရက်မှ ၁ဝ ရက်‌နေ့အထိ ပြုလုပ်ခဲ့သည့် ၎င်းအ‌ရေး‌ပေါ်အစည်းအ‌ဝေးတွင် ဗဟိုမြဲတမ်း ‌ကော်မတီဝင်များ၊ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA)မှ တပ်မှူးကြီးများနှင့် အထူးဖိတ်ကြား ထားသူများ စုစု‌ပေါင်း ၈၈ ဦးတက်‌ရောက်ခဲ့ကြပြီး ‌အောက်တိုဘာလ (၁၅-၁၆)ရက်‌နေ့က ‌နေပြည်‌တော်တွင် ပြုလုပ်ခဲ့သည့် အစိုးရနှင့် တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်း‌ခေါင်း‌ဆောင်များ၏ သီးသန့်အစည်းအ‌ဝေး အခင်းအကျင်း ဖြစ်စဉ်နှင့် သ‌ဘောတူညီချက်များ၊ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် အ‌ကောင်အထည်‌ဖော်မှု၏ အားနည်းချက် အားသာ ချက်များကို သုံးသပ်ခဲ့ကြသည်ဟု သိရသည်။

၎င်းအစည်းအ‌ဝေးပြီးထုတ်ပြန်သည့် သ‌ဘောထားထုတ်ပြန်ချက်တွင် အစိုးရနှင့် တပ်မ‌တော်ဘက်မှ NCA သ‌ဘောတူစာ ချုပ်တွင် မပါဝင်သည့် ခွဲမထွက်ရ နှင့် တစ်ခုတည်း‌သော တပ်မ‌တော်ကိစ္စရပ် အဆိုကိုလည်း KNU အ‌နေဖြင့် လုံခြုံ‌ရေးစနစ် ကို ‌ကျေ‌ကျေလည်လည် ‌ဆွေး‌နွေးပြီးမှသာလျှင် ၎င်းကိစ္စရပ်များကို ဆက်လက် ‌ဆွေး‌နွေးသွားမည်ဟု ‌ဖော်ပြပါရှိသည်။

ထို့အပြင် နိုင်ငံ‌ရေး‌ဆွေး‌နွေးမှုများရရှိရန် ‌တောင်းဆိုမှုများကို လျစ်လျူရှုခြင်းနှင့် ကန့်သတ်ခြင်းတို့‌ကြောင့် တိုင်းရင်းသား နယ်‌မြေများအတွင်း တိုက်ပွဲများ ဖြစ်ပွား‌နေပြီး NCA သ‌ဘောတူညီချက်ပါ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ အဆင့်ဆင့်တွင် အားလုံးပါဝင်‌ရေးကို အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်နိုင်မှသာလျှင် အားလုံး ကိုယ်စားပြုသည့် ဒီမိုက‌ရေစီ ဖက်ဒရယ်ပြည်‌ထောင်စုကို တည်‌ဆောက်နိုင်မည်ဖြစ်သလို ‌ရေရှည်တည်တံ့သည့် ငြိမ်းချမ်း‌ရေးကို တည်‌ဆောက်နိုင်မည်ဟုလည်း ထုတ်ပြန်ချက်၌ ‌ဖော်ပြထားသည်။

KNU အ‌နေဖြင့် လတ်တ‌လော ကျင်းပပြုလုပ်မည့် ငြိမ်းချမ်း‌ရေး နှင့်ပတ်သက်‌သော အစည်းအ‌ဝေးများတွင် ပါဝင်မှုအား ယာယီရပ်ဆိုင်းထား‌ကြောင်း အမျိုးသား ပြန် လည်သင့်မြတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေး ဗဟို ဌာန (NRPC) ဥက္ကဌ ဖြစ်သူ ‌ဒေါ်‌အောင်ဆန်းစုကြည်ထံသို့ ‌အောက်တိုဘာလ ၂၇ရက်‌နေ့က စာ‌ပေးပို့ထားခဲ့ပြီး‌နောက် ယမန်‌နေ့က ပြီးဆုံးသွားခဲ့သည့် ၎င်းတို့၏ အ‌ရေး‌ပေါ် အစည်းအ‌ဝေးတွင် ယခုလို အလွတ်သ‌ဘော‌တွေ့ဆုံမှုလမ်း ‌ကြောင်းဖြင့် ‌တွေ့ဆုံအ‌ဖြေရှာသွားရန် ဆုံးဖြတ်လာခဲ့ ခြင်းဖြစ်သည်။

KNU-ကရင်အမျိုးသားအစည်းအရုံးသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ် (NCA) ကို လက်မှတ်‌ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (၁ဝ)ဖွဲ့အနက် တစ်ဖွဲ့ ဖြစ်သည်။