Home သတင်း ကြားဖြတ်‌ရွေး‌ကောက်ပွဲတွင် တိုင်းရင်းသားများ အနိုင်ရခြင်းမှာ အလားအလာ‌ကောင်းဖြစ်ဟု ကရင်ပါတီများ ‌ပြော

ကြားဖြတ်‌ရွေး‌ကောက်ပွဲတွင် တိုင်းရင်းသားများ အနိုင်ရခြင်းမှာ အလားအလာ‌ကောင်းဖြစ်ဟု ကရင်ပါတီများ ‌ပြော

2868

နိုဝင်ဘာ ၅ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောထွန်းလင်း

နိုဝင်ဘာ ၃ ရက်‌နေ့တွင် ကျင်းပခဲ့သည့် ၂၀၁၈ ကြားဖြတ်‌ရွေး‌ကောက်ပွဲတွင် တိုင်းရင်းသားနယ်‌မြေများ၌ တိုင်း ရင်းသားပါတီများ အနိုင်ရခြင်းမှာ ‌ကောင်းမွန်သည့် အလားအလာ‌ကောင်းများ ဖြစ်သည်ဟု ရန်ကုန်မြို့ အ‌ခြေစိုက် ကရင်ပြည်သူ့ပါတီ(KPP)နှင့် ကရင်အမျိုးသားပါတီ(KNP)တာဝန်ရှိသူများက ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်သူ့ပါတီ ဒုဥက္ကဌ ‌စော‌စေးဝါးက “ ပါတီကြီးနှစ်ခုအ‌ပေါ်မှာ ပြည်သူလူထုက အယုံအကြည် နဲနဲနည်း သွားပြီး‌လေ၊ တိုင်းရင်းသား လူမျိုး‌တွေကလည်း သူတို့ရဲ့ အခွင့်အ‌ရေး‌တွေကို ရယူရမယ်၊ ရယူခံစားခွင့်ရှိတယ် ဆိုတဲ့ အသိ‌တွေ ပိုတိုးလာတဲ့အတွက် ဒီလိုဖြစ်သွားတာ၊ တိုင်းရင်းသားပါတီ‌တွေအတွက် ဒါ‌ကောင်းတဲ့ အလားအလာပဲ”ဟု နိုဝင်ဘာ ၅ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် တိုင်းရင်းသား ပြည်သူများအ‌နေဖြင့် အ‌ပြောင်းအလဲကို လိုချင်သည့်အတွက်၊ မိမိတို့၏ အ‌ရေးကို အာရုံမစိုက်ဘဲ ပါတီကြီးတစ်ခုအား ပုံ‌အောပြီး မဲ‌ပေးခဲ့ဘူး‌သော်လည်း လက်ရှိတွင် ‌လေး‌လေးနက်နက်ပြန်စဉ်း စားပြီး နိုင်ငံ‌ရေးအ‌ပြောင်းအလဲကို ပိုသိမြင်လာသည့် သ‌ဘောများ‌တွေ့ရသည်ဟု ‌စော‌စေးဝါးက ဖြည့်စွက် ‌ပြောသည်။

နိုဝင်ဘာ ၃ ရက်‌နေ့တွင် တစ်နိုင်ငံလုံးရှိ လစ်လပ် မဲဆန္ဒနယ် ၁၃ ခုတွင် ကြားဖြတ်‌ရွေး‌ကောက်ပွဲ ကျင်းပခဲ့ရာ အမျိုးသား ဒီမိုက‌ရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်‌တော်အတွက် မြင်းခြံနှင့် တာ‌မွေမြို့နယ်၊ ပြည်နယ်နှင့် တိုင်း‌ဒေသကြီး လွှတ်‌တော်အတွက် အုတ်တွင်း-၁၊ မင်းဘူး (၂)၊ သပိတ်ကျင်း (၁)၊ မန္တ‌လေးတိုင်း‌ဒေသကြီး ရှမ်းတိုင်းရင်းသား လူမျိုး‌ရေးရာ‌နေရာများ အနိုင်ရရှိခဲ့သည်ဟု ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က တရား ဝင် သတင်းထုတ်ပြန်ထားပြီး ကန်ပတ်လက် မဲဆန္ဒနယ်‌မြေတွင်လည်း အနိုင်ရရန်ရှိ‌ကြောင်း သိရသည်။

ထို့အပြင် ပြည်‌ထောင်စု ကြံခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီက ကချင်ပြည်နယ် (၂)တွင် အမျိုးသားလွှတ်‌တော် အတွက် အနိုင်ရရှိခဲ့သလို၊ ပြည်နယ်နှင့် တိုင်း‌ဒေသကြီး လွှတ်‌တော်အတွက် ဆိပ်ကမ်း (၂)၊ တမူး (၂) မဲဆန္ဒနယ်‌မြေတို့တွင် အနိုင်ရခဲ့သည်။

အလားတူ ရှမ်းပြည်နယ်၊ လဲချားမြို့နယ် ပြည်သူ့လွှတ်‌တော်အတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုက‌ရေစီအဖွဲ့ ချုပ်၊ ချင်းပြည်နယ် လွှတ်‌တော် မတူပီ (၁) အတွက် ချင်းအမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်ပါတီနှင့် ရခိုင်ပြည်နယ် လွှတ်‌တော် ရ‌သေ့‌တောင် (၂) အတွက် ‌ဒေသခံတစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ဦးတင်‌မောင်ဝင်းတို့က အသီး သီး အနိုင်ရရှိခဲ့သည်ဟု ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က ထုတ်ပြန်ထားသည်။

လက်ရှိ အစိုးလက်ထက်တွင် ကြားဖြတ်‌ရွေး‌ကောက်ပွဲ နှစ်ကြိမ် ကျင်းပခဲ့ပြီး ၂၀၁၇ ခုနှစ်၊ ဧပြီ ၁ ရက်‌နေ့တွင် ကျင်းပသည့် ပထမအကြိမ် ကြားဖြတ်‌ရွေး‌ကောက်ပွဲ မဲဆန္ဒနယ် ၁၉ ခုတွင် ကျင်းပခဲ့ရာ၊ အမျိုးသား ဒီမိုက‌ရေစီ အဖွဲ့ချုပ်က ၉ ‌နေရာဖြင့် အများစုအနိုင်ရခဲ့သလို ရှမ်းတိုင်း ရင်းသားများ ဒီမိုက‌ရေစီအဖွဲ့ချုပ်က ၆ ‌နေရာ၊ ပြည်‌ထောင်စု ကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီက ၂ ‌နေရာ၊ ရခိုင် အမျိုးသားပါတီနှင့် လူမျိုး‌ပေါင်းစုံ ဒီမို က‌ရေစီ ပါတီ (ကယား)တို့မှ တစ်‌နေရာစီ အသီးသီးအနိုင်ရခဲ့သည်။