Home သတင်း (၆၃) နှစ်‌မြောက် ကရင်ပြည်နယ်‌နေ့ အခမ်းအနားသို့ အမျိုးသားလွှတ်‌တော် ဒုဥက္ကဌနှင့် ပြည်‌ထောင်စုဝန်ကြီး တက်‌ရောက်ခဲ့ကြ

(၆၃) နှစ်‌မြောက် ကရင်ပြည်နယ်‌နေ့ အခမ်းအနားသို့ အမျိုးသားလွှတ်‌တော် ဒုဥက္ကဌနှင့် ပြည်‌ထောင်စုဝန်ကြီး တက်‌ရောက်ခဲ့ကြ

3079

နိုဝင်ဘာ ၇ရက်၊ ၂၀၁၈ခုနှစ်။ ‌ကေအိုင်စီ

(၆၃)နှစ်‌မြောက် ကရင်ပြည်နယ်‌နေ့ကို ယ‌နေ့ နိုဝင်ဘာလ (၇)ရက်‌နေ့တွင် ကရင်ပြည်နယ် အစိုးရအဖွဲ့က ကြီးမှူးကျင်းပ ပြုလုပ် ခဲ့ရာ အခမ်းအနားသို့ အမျိုးသားလွှတ်‌တော် ဒု-ဥက္ကဌ ဦး‌အေးသာ‌အောင်နှင့် တိုင်းရင်းသားလူမျိုးများ‌ရေးရာဝန်ကြီးဌာန ပြည် ‌ထောင်စုဝန်ကြီး နိုင်သက်လွင်တို့ တက်‌ရောက်ခဲ့ကြသည်။

ပြည်နယ်အစိုးရရုံးဝင်းအတွင်း၌ ပြုလုပ်ခဲ့သည့် အဆိုပါ အခမ်းအနားကို အမျိုးသားလွှတ်‌တော် ဒု-ဥက္ကဌ ဦး‌အေးသာ‌အောင်က အဖွင့်မိန့်ခွန်း‌ပြောကြားကာ ဖဲကြိုးဖြတ် ဖွင့်လှစ်‌ပေးခဲ့ခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့် အပါအဝင် အစိုးရအဖွဲ့ များ၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနသင်္ာရီတိုင်းနှင့် မွန်ပြည်နယ်တို့မှ ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီးများနှင့် ကရင်လက်နက် ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်းအချို့မှ ‌ခေါင်း‌ဆောင်များလည်း ပါဝင်တက်‌ရောက်ခဲ့ကြသည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပွဲ‌တော်‌ရှေ့ မုခ်ဦးဖွင့်ပွဲကို ဆက်လက် ‌ဆောင်ရွက်ခဲ့ကြပြီး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် လူထု ပရိဿတ်များက ပွဲ‌တော်တွင်းရှိ အစိုးရဝန်ကြီးဌာနများ၏ ပြခန်းများအပြင် ငြိမ်းချမ်း‌ရေးပြခန်း၊ ကရင်စာ‌ပေနှင့် ရိုးရာယဉ်‌ကျေးမှု ပြခန်း စသည့် ပြခန်းအသီးသီးကို ‌လေ့လာအား‌ပေးခဲ့ကြသည်။

နှစ်စဉ် နိုဝင်ဘာ ၇ရက်မှ ၁၁ရက်‌နေ့အထိ ငါးရက်တာ ပြုလုပ်ကျင်းပ‌လေ့ရှိသည့် ကရင်ပြည်နယ်‌နေ့ ပွဲ‌တော်ရက်အတွင်း ကရင့် ရိုးရာ ဒုံးအကပြိုင်ပွဲ၊ ရိုးရာလက်‌ဝှေ့စိန်‌ခေါ်ပွဲများ၊ ကာယဗလ‌မောင်/ ကာယအလှမယ်ပြိုင်ပွဲ၊ အမျိုးသမီးကာယကြံ့ခိုင်မှုပြိုင်ပွဲ၊ မြန်မာ့ရိုးရာခြင်းလုံးပြိုင်ပွဲ၊ Ground တင်းနစ်ပြိုင်ပွဲ၊ ‌ဂေါက်ရိုက်ပြိုင်ပွဲများနှင့် ‌လှေ‌လှော်ပြိုင်ပွဲများအပြင် အခြား‌ဖျော်‌ဖြေ‌ရေး အစီ အစဉ်များကိုလည်း ပါဝင်သည်။

ကရင်ပြည်နယ်ကို ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ အပိုဒ်-၁၈၀(၁)အရ သံလွင်ခရိုင်ကို ကရင်ပြည်နယ်အဖြစ် ပထမအဆင့် သတ်မှတ်ခဲ့ ကြပြီး ၁၉၅၄ခုနှစ်၊ ဇွန်လ (၁)ရက်‌နေ့နှင့် ၁၉၅၅ခုနှစ်၊ ဇူလိုင်လ (၁)ရက်‌နေ့တို့တွင် သံလွင်ခရိုင်နှင့်ဆက်စပ်သည့် ဖားအံ၊ သံ‌တောင်၊ လှိုင်းဘွဲ၊ ကြာအင်းဆိပ်ကြီး၊ ‌ကော့ကရိတ်မြို့နယ်များက ကရင်ပြည်နယ်အုပ်ချုပ်မှု‌အောက်သို့ ‌ရောက်ရှိလာခဲ့သည်။

၁၉၅၅ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ(၂၅)ရက်‌နေ့တွင် ကျင်းပသည့် (၁၄)ကြိမ်‌မြောက် ကရင်ပြည်နယ် ‌ကောင်စီညီလာခံမှ ကရင်ပြည်နယ် ‌နေ့ သတ်မှတ်‌ရေးအဆိုကို တင်သွင်းရာ သံလွင်ခရိုင်ကို ကရင်ပြည်နယ်အဖြစ် သတ်မှတ်ပြီး နိုင်ငံ‌တော် သမ္မတက အတည်ပြု လက်မှတ်‌ရေးထိုးခဲ့သည့် နိုဝင်ဘာလ(၇)ရက်‌နေ့ကို ကရင်ပြည်နယ်‌နေ့အဖြစ် ‌ရွေးချယ်သတ်မှတ်ခဲ့ကာ ထိုနှစ်တွင်ပင် ပထမဦး ဆုံး စတင် ကျင်းပခဲ့သည်။