Home သတင်း ၆လကြာ အရပ်ဖက်ကျန်းမာ‌ရေးမှူးသင်တန်း ပြီးစီး

၆လကြာ အရပ်ဖက်ကျန်းမာ‌ရေးမှူးသင်တန်း ပြီးစီး

1979

နိုဝင်ဘာ ၁ဝရက်၊ ၂၀၁၈ခုနှစ်။ ‌ကေအိုင်စီ

နယ်စပ်အ‌ခြေစိုက် နယ်လှည့်‌ကျောပိုးအိတ် ကျန်းမာ‌ရေးလုပ်သားများအဖွဲ့(BPHWT)က ကြီးမှူး၍ အရပ်ဖက်ကျန်းမာ‌ရေးလုပ် သားများသင်တန်း(Community Health Workers training)ကို ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ သထုံခရိုင် ဘီး လင်းမြို့နယ်၊ တာအုနီ‌ကျေးရွာတွင် ယခုနှစ် ‌မေလမှ နိုဝင်ဘာလအထိ ၆လကြာ ပြုလုပ်ခဲ့ပြီး ယ‌နေ့ သင်တန်းဆင်းပွဲ ကျင်းပခဲ့ သည်။

BPHWT မှ ဝါရင့်‌ဆေးဝန်ထမ်းတစ်ဦးဖြစ်သူ ဆရာ‌စောဒဲဒဲက “ဒီသင်တန်းရဲ့ ရည်ရွယ်ချက်‌တွေက ‌ဒေသတွင်း ကျန်းမာ‌ရေးလုပ် ငန်းများ ‌ရေရှည်တည်တံ့နိုင်‌ရေးအတွက် ကျန်းမာ‌ရေးဝန်ထမ်းများ ‌ပေါ်ထွက်‌စေဖို့နဲ့ လစ်လပ်သွားတဲ့ ကျန်းမာ‌ရေးဝန်ထမ်းများ ‌နေရာကို အစားထိုး ခန့်အပ်သွားဖို့ဖြစ်တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် အခြားတိုင်းရင်းသားကျန်းမာ‌ရေးအဖွဲ့များနှင့် ပူး‌ပေါင်းပြီး အ‌ခြေခံကျန်းမာ‌ရေးသင်တန်းများ စီစဉ်‌ဆောင်ရွက်နိုင်ရန်နှင့် ‌ရှေ့လုပ်ငန်းစဉ်များတွင် ရင်းနှီးစွာ ပူး‌ပေါင်း‌ဆောင်ရွက်နိုင်ရန်ကိုလည်း ‌နောက်ထပ် ရည်ရွယ်ချက်တစ်ခုအဖြစ် လုပ်‌ဆောင်ခြင်း ဖြစ်‌ကြောင်းလည်း ၎င်းက ထပ်မံ ‌ပြောဆိုသည်။

‌ဒေသဆိုင်ရာ နယ်‌မြေတာဝန်ခံများနှင့် BPHWT တို့ ပူး‌ပေါင်း‌ဆောင်ရွက်ပြီး ‌မေလ ၂ရက်‌နေ့မှ နိုဝင်ဘာလ ၁ဝရက်‌နေ့အထိ ပြု လုပ်ခဲ့သည့် အဆိုပါသင်တန်းသို့ BPHWT, KDHW တို့အပြင် KNLA တပ်မဟာ ၁၊ ၂၊ ၃၊ ၅၊ ၇ နှင့် KNDO တို့က ကိုယ်စားပြု ‌စေလွှတ်သည့် သင်တန်းသူသင်တန်းသား စုစု‌ပေါင်း ၅၃ဦး တက်‌ရောက်ခဲ့ကြ‌ကြောင်း သင်တန်းစီစဉ်သူများ၏ ‌ပြောပြချက်အရ သိရသည်။

သင်တန်းတွင် သင်ကြားပို့ချသည့် ကျန်းမာ‌ရေးဆိုင်ရာ ဘာသာရပ်များမှာ ခန္ဓာနှင့် ဇီဝကာမ‌ဗေဒ၊ လူနာပြုစု‌စောင့်‌ရှောက်‌ရေး၊ ‌ဆေးဝါး‌ဗေဒ၊ အ‌ခြေခံမျက်စိကုသမှု၊ ‌ဆေးဝါးစီမံခန့်ခွဲမှု၊ ‌ရှေးဦးသူနာပြုနှင့် အ‌ခြေခံခွဲစိတ်မှုဆိုင်ရာ၊ မိခင်/ခ‌လေး ကျန်းမာ‌ရေး ‌စောင့်‌ရှောက်မှု၊ အလုံးစုံကာကွယ်ခြင်းနှင့် လူထုကျန်းမာ‌ရေး‌စောင့်‌ရှောက်မှု ဘာသာရပ်များဖြစ်ပြီး သင်တန်းဆရာ၊ ဆရာမ ၁၃ ဦးက ပို့ချသင်ကြား‌ပေးခဲ့သည်။

အလားတူ ၎င်းသင်တန်းမျိုးကို နိုဝင်ဘာလ ၅ရက်‌နေ့နှင့် ၆ရက်‌နေ့များတွင်လည်း ‌ကေအဲန်ယူ၊ စစ်ဌာနချုပ် ‌သေ‌ဘေထာ့‌နေရာ၌ လည်း‌ကောင်း၊ ကရင်နီ‌ဒေသ၌လည်း‌ကောင်း သင်တန်းဆင်းပွဲများ အသီးသီး ကျင်းပပြီးစီးခဲ့ကြသည်။