Home သတင်း ၂၀၂ဝ ‌ရွေး‌ကောက်ပွဲ အနိုင်ရ‌ရေးအပါအဝင် ‌ရှေ့လုပ်ငန်းစဉ် သုံးရပ် KPP ချမှတ်

၂၀၂ဝ ‌ရွေး‌ကောက်ပွဲ အနိုင်ရ‌ရေးအပါအဝင် ‌ရှေ့လုပ်ငန်းစဉ် သုံးရပ် KPP ချမှတ်

2309

နိုဝင်ဘာ ၁၈ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောထွန်းလင်း

၂၀၂ဝ ပြည့်နှစ် အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲတွင် အနိုင်ရ‌ရေးအပါအဝင် ‌ရှေ့လုပ်ငန်းစဉ်သုံးရပ်ကို နိုဝင်ဘာ ၁၇ ရက်‌နေ့တွင် အင်းစိန်မြို့နယ်၊ ဘူတာရုံလမ်း၊ အမှတ် ၇/C တွင် ပြုလုပ်သည့် ကရင်ပြည်သူ့ပါတီ၏ အဋ္ဌမအကြိမ် ‌မြောက် ဗဟို‌ကော်မတီ အစည်းအ‌ဝေးတွင် ချမှတ်ခဲ့သည်။

အဆိုပါ အစည်းအ‌ဝေးကို နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီထိပြုလုပ်ခဲ့ပြီး ရန်ကုန်၊ ဧရာဝတီ၊ တနသင်္ာရီတိုင်း ‌ဒေ သကြီး၊ မွန်၊ ကရင်နှင့် ကယားပြည်နယ်တို့မှ ပါတီဝင်များနှင့် ဗဟို‌ကော်မတီဝင် ၁၀ဝ ဦး ‌ကျော်တက်‌ရောက် ခဲ့ကြသည်။

KPP ဥက္ကဌ ‌စောထွန်း‌အောင်မြင့်က “၂၀၁ဝ တုန်းကလည်း ပါတီကြီး ကြံ့ခိုင်‌ရေးက ဖိထားလို့ ‌တော်‌တော်‌လေး ကြိုးစားလုပ်ခဲ့ရတယ်။ ၂၀၁၅ မှာလည်း ‌သောင်ပြိုကမ်းပြိုဆို‌တော့ ကျ‌နော်တို့ ခံလိုက်ရတယ်။ ဒီတစ် ‌ခေါက်‌တော့ ကျ‌နော်တို့ ပွဲဘဲ။ ဒီ‌နေရာမှာ ကျ‌နော်တို့ စည်းလုံးရမယ်၊ အားထည့်ရမယ်၊ ဇွဲ‌ကောင်းရမယ်။ တစ်‌ယောက်တစ်ရွာ စနစ်နဲ့ လုပ်ပါလို့ မှာချင်ပါတယ်” ဟု ‌ပြောသည်။

ထို့အပြင် ကရင်ပြည်သူ့ပါတီအ‌နေဖြင့် မြို့နယ်အသီးသီးတွင် စည်းရုံး‌ရေး‌ကော်မတီများ စနစ်တကျ ပြန်ဖွဲ့စည်း ကာ စည်းရုံးလုပ်‌ဆောင်ရန်၊ ၂၀၂ဝ ‌ရွေး‌ကောက်ပွဲတွင် အနိုင်ရ‌ရေးအတွက် စနစ်တကျ စီမံချက်‌ရေး ဆွဲပြီး စတင် လုပ်‌ဆောင်သွားရန်နှင့် သတ်မှတ် ပါတီဝင်‌ကြေးများလစဉ်ထည့်ဝင်‌ရေးနှင့် ရံပုံ‌ငွေရရှိ‌ရေး စနစ်တကျ လုပ်‌ဆောင်သွားရန် စသည့် ‌ရှေ့လုပ်ငန်းစဉ်သုံးရပ်ကို အစည်းအ‌ဝေးတွင် အတည်ပြု ချမှတ်ခဲ့သည်။

ကရင်ပြည်နယ်၊ ပါတီစည်းရုံး‌ရေး‌ကော်မတီဝင် သံ‌တောင်ကြီးမြို့နယ်မှ ‌စော‌ထော်ပလဲက “ အရင် ပထမအကြိမ် ပြည်‌ထောင်စုလွှတ်‌တော်မှာ ပါတီကြီးက ကရင်ကိုယ်စားလှယ် ၁ဝ ဦးနဲ့ ကရင်နဲ့ အခြားပါတီက ၁ဝ ဦးရှိတယ်။ အခု ပါတီကြီးက ကရင်ကိုယ်စားလှယ်‌တွေကလွဲပြီး တစ်ဦးမှမရှိဘူး။ တခြားတိုင်းရင်းသား‌တွေက ကိုယ်စား လှယ် ‌တွေရှိတယ်။ ကရင်က မရှိဘူး။ ၂၀၂ဝမှာ‌တော့ ကျ‌နော်ယုံကြည်တာ ကရင်တိုင်းရင်းသား‌တွေ စည်းရုံးလာပါပြီး”ဟု ‌ပြောသည်။

KPP ကို ၂၀၁ဝ ပြည့်နှစ်၊ ‌မေ ၂၁ ရက်‌နေ့တွင် တရားဝင်ပါတီအဖြစ် မှတ်ပုံတင်ရရှိခဲ့ပြီး ပါတီသက်တမ်း ၉ နှစ် အတွင်း ပါတီဝင် ၁၂၆,၇၁၂ ဦးရှိသည်။ ပါတီအ‌နေဖြင့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲတွင် ကိုယ်စားလှယ် ၆ ဦး အနိုင်ရ ခဲ့သလို ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင်လည်း ကိုယ်စားလှယ်တစ်ဦး အနိုင်ရခဲ့ဖူးသည်။