Home သတင်း ၂၀၁၈ ခုနှစ် ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆုအတွက် အဆိုပြုနိုင်ပြီးဟု ဖန်း‌ဖောင်‌ဒေးရှင်းထုတ်ပြန်

၂၀၁၈ ခုနှစ် ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆုအတွက် အဆိုပြုနိုင်ပြီးဟု ဖန်း‌ဖောင်‌ဒေးရှင်းထုတ်ပြန်

3711

နိုဝင်ဘာ ၂၂ ရက်၊ ၂၀၁၈ခုနှစ်။ စအိုင်ဆူး

ကွယ်လွန်သူ ကရင်အမျိုးသားအစည်းအရုံး (KNU) အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ်‌ဟောင်း ပဒိုမန်းရှာလားဖန်းနှင့် ဇနီး နမ့်ကျင်‌ရွှေတို့အား ရည်စူး၍ Phan Foundation မှ ‌ပေးအပ်ချီးမြှင့်‌သော ၂၀၁၈ ခုနှစ် ပဒိုမန်းရှာလားဖန်း လူငယ်‌ခေါင်း ‌ဆောင်ဆုအတွက် အမည်စာရင်းကို စတင်အဆိုပြုနိုင်ပြီဟု နိုဝင်ဘာ ၂၁ ရက်‌နေ့တွင် Phan Foundation မှ ထုတ် ပြန်‌ကြေညာလိုက်သည်။

ပဒိုမန်းရှာလားဖန်း လူငယ်‌ခေါင်း‌ဆောင်ဆုသည် မိမိကိုယ်ကျိုးအတွက် မကြည့်ဘဲ ကရင်အမျိုးသားတိုးတက်‌ရေးအတွက် ပညာ‌ရေး၊ လူ့အခွင့်အ‌ရေးနှင့် ရိုးရာယဉ်‌ကျေးမှုဆိုင်ရာ စသည့်ကရင်လူမျိုးတို့၏ လိုအပ်ချက်များကို အ‌ထောက် အကူဖြစ် ‌အောင် စွမ်းစွမ်းတမံလုပ်‌ဆောင်‌ပေးသူ အသက် ၃၅ နှစ်‌အောက် ကရင်လူငယ်များအား နှစ်စဉ်‌ပေး အပ်ချီးမြှင့်ခြင်းဖြစ် သည်။

ပဒိုမန်းရှာလားဖန်း၏ သား‌ထွေးဖြစ်သူ စ̕ လုံ့ဖန်းက “ ဒီနှစ်‌တွေမှာ ပြည်တွင်း ၊ပြည်ပနဲ့နယ်စပ်က ကရင်လူငယ်‌တွေ ‌တော် ‌တော်များများ နိုင်ငံ‌ရေး‌တွေမှာ ပူး‌ပေါင်းပါဝင်ပြီး ဝင်‌ရောက်‌ဆွေး‌နွေးတာမျိုး‌တွေ့လာရတယ်။ ဒါ‌ကြောင့် ဒီနှစ်အတွက် အများကြီးအမည်စာရင်းသွင်းလာ ဖို့‌မျှော်လင့်ထားပါတယ်။ မျိုးဆက်သစ်‌တွေက အ‌ရေးကြီးတဲ့အတွက် ကျ‌နော်တို့ရည်ရွယ် ချက်ကလည်းဘဲ မျိုးဆက်သစ်‌တွေကို လူ့အဖွဲ့အစည်း‌တွေမှာ ကိုယ့်အမျိုးသား‌ရေး လှုပ်ရှား‌ဆောင်ရွက်မှု‌တွေမှာ ပိုမိုပါဝင် လာဖို့ရည်ရွယ်ပြီးဒီဆုကို ‌ပေးအပ်တာဖြစ်တယ် ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

သတ်မှတ်ထားသည့်စံနှုန်းနှင့် ကိုက်ညီမှုအရှိဆုံး လူငယ်ကို ဆု‌ငွေ အ‌မေရိကန်‌ဒေါ်လာ ၂,၀၀ဝ ဖြင့် ‌ရွေးချယ်ဆု‌ပေးအပ် သွားမည်ဖြစ်ကာ ၂၀၁၉ ခုနှစ် အ‌စောပိုင်းကာလတွင် ‌ကြေညာသွားမည်ဟု ဖန်း‌ဖောင်‌ဒေးရှင်းက ထုတ်ပြန်ထားပြီး လာမည့် နှစ် (၇၀)ပြည့် ကရင်အမျိုးသား‌တော်လှန်‌ရေး‌နေ့တွင် ‌ပေးအပ်ချီးမြှင့်သွားရန်စီစဉ်ထား‌ကြောင်း စ̕ လုံ့ဖန်းက ဆက်‌ပြောသည်။

ထိုဆုအတွက် စာရင်းတင်သွင်းရာ၌ အမည်၊ အသက်၊ ‌မွေးသက္ကရာဇ်၊ ‌နေရပ်နှင့် အဖွဲ့အစည်းနာမည်များဖြင့် တကွ မိမိကိုယ်ကို အဆိုတင်သွင်းခြင်းမှလွဲ၍ မည်သည့်ကရင်အဖွဲ့အစည်း၊ ‌ဆွေမျိုးသားချင်းကိုမဆို လာမည့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်‌နေ့‌နောက်ဆုံးထားပြီး ကရင်၊ မြန်မာနှင့် အဂင်္လိပ်ဘာသာများဖြင့် bwabwa. phan @phanfoundation.org သို့ အမည်စာရင်းကို တင်သွင်းပို့‌ဆောင်‌ပေးရမည်ဖြစ်သည်။

ဖန်း‌ဖောင်‌ဒေးရှင်းကို ၂၀၀၈ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၄ ရက်‌နေ့တွင် ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့၌ အမည်မသိ ‌သေနတ်သမားနှစ်ဦး၏ သတ်ဖြတ်ခြင်းခံရ‌သော KNU အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ်‌ဟောင်း ပဒိုမန်းရှာ လားဖန်းနှင့် ကွယ်လွန်သူ နမ့်ကျင်‌ရွှေ တို့အား ဂုဏ်ပြုသည့်အ‌နေဖြင့် ကျန်ရစ်သူ သားသမီးများ ဖြစ်ကြ‌သော ‌စော‌စေး‌စေးဖန်း၊ နမ့်ဘွားဘွားဖန်း၊ နမ့်ဇိုယာဖန်းနှင့် စ̕လုံ့ဖန်းတို့က တည်‌ထောင်ခဲ့ခြင်းဖြစ်သည်။

၂၀၀၈ ခုနှစ်မှစ၍ ‌ပေးအပ်ချီးမြှင့်‌သော ပဒိုမန်းရှာလားဖန်း လူငယ်‌ခေါင်း‌ဆောင်ဆုကို ‌ညောင်‌လေးပင်ခရိုင်မှ ‌နော်‌ဖောက ဘလာထူး၊ ဖာပွန်ခရိုင်မှ ‌စောညွှန့်ဝင်း၊ ဘိတ်-ထားဝယ်ခရိုင်မှ ‌နော်ဒီဇင်ဘာ‌ဖော၊ Free Burma Ranger အဖွဲ့မှ ‌စောထူး ထူးအယ်၊ ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့(KWEG)မှ နမ့်သန္တာ‌အောင်၊ ကရင်အမျိုးသမီးအစည်းအရုံး(KWO)မှ ‌နော်က‌ညော‌ဖောနှင့် ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှု‌ရေးဆိုင်ရာ လှုပ်ရှားမှုအဖွဲ့မှ ‌နော်ဆာမူး၊ Hpa-An Youth Network မှ စ̕ ရှိုင်းနှင့် အင်တာနက် လူမှုကွန်ရက်များမှတစ်ဆင့် ကရင်စာ‌ပေဖွံ့ဖြိုး‌ရေးလုပ်ငန်းများ ဦး‌ဆောင်လုပ် ကိုင်‌နေသူ စ̕သူလှိုင်ဝင်းတို့ကို အသီးသီး‌ပေးအပ်ခဲ့သည်။

ယမန်နှစ် ၂၀၁၇ခုနှစ်အတွက် အဆိုပါ လူငယ်‌ခေါင်း‌ဆောင်ဆုကို ထိုင်းနိုင်ငံ၊ ဘန်‌ကောက်မြို့တွင် လူမှု‌ရေးလုပ်ငန်း လုပ်‌ဆောင်‌နေသူ ကရင်ဒုက္ခသည်များဆိုင်ရာ လူမှု‌စောင့်‌ရှောက်‌ရေးအဖွဲ့ (OKRSO)မှ ‌စောအဲသို နှင့် အမျိုးသမီး အခွင့်အ‌ရေးဆိုင်ရာ တက်ကြွလှုပ်ရှား‌နေသူ ကရင်အမျိုးသမီးအစည်းအရုံး(KWO)မှ ‌နော်ဆဲဆဲတို့နှစ်ဦးကို ပူးတွဲ‌ပေးအပ်ချီးမြှင့်ခဲ့သည်။