Home သတင်း ‌လေး‌ကေ‌ကော် လျှပ်စစ်မီးလင်း‌ရေး GAE ကုမ္ပဏီမှ ၁ဝ နှစ်တာ လျှပ်စစ်မီးဖြန့်ဖြူး‌ပေးမည်

‌လေး‌ကေ‌ကော် လျှပ်စစ်မီးလင်း‌ရေး GAE ကုမ္ပဏီမှ ၁ဝ နှစ်တာ လျှပ်စစ်မီးဖြန့်ဖြူး‌ပေးမည်

3358

နိုဝင်ဘာလ ၂၄ ရက်၊ ၂၀၁၈ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီမြို့‌တောင်ဘက် ‌လေး‌ကေ‌ကော်မြို့သစ် လျှပ်စစ်မီးလင်း‌ရေးအတွက် ပြည်တွင်း စွမ်း အင် ကုမ္ပဏီ တစ်ခုဖြစ်သည့် Green Alliance Energy Co.ltd မှ ၁ဝ နှစ်တာတာဝန်ယူပြီး လျှပ်စစ်မီးများ ဖြန့် ‌ဝေ‌ပေးသွားမည်ဖြစ်‌ကြောင်း သိရသည်။

အဆိုပါ ကုမ္ပဏီ အ‌နေဖြင့် ပြီးခဲ့သည့် ဩဂုတ်လမှစတင်ကာ ‌လေး‌ကေ‌ကော်တွင် လျှပ်စစ်မီးများ စတင်စမ်း သပ်ဖြန့်ဖြူး‌ပေး‌နေခြင်းဖြစ်ပြီး ယင်းစီမံကိန်းကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလကတည်းက အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်ခဲ့ခြင်းလည်းဖြစ်သည်။

Green Alliance Energy Co.ltd မှ‌လေး‌ကေ‌ကော် ၂၄ နာရီမီလင်း‌ရေး စီမံကိန်း မန်‌နေဂျာ ဦး‌ဇော်မင်းဦးက “ ကရင်အမျိုးသားအစည်းအရုံး -KNU ရဲ့စစ်‌ဘေး‌ရှောင်ပြည်သူ‌တွေ လာ‌ရောက်အ‌ခြေချပြီး မြို့တည်တဲ့ အ ‌နေအထားမှာ ကျ‌နော်တို့က အကျိုးအမြတ်ရရှိ‌ရေးဆိုတာထက် ငြိမ်ချမ်း‌ရေး‌ဖော်‌ဆောင်မှု အ‌ထောက်အ ကူ ပြုနိုင်ဖို့ အဓိက‌ဒေသဖွံ့ဖြိုးဖို့ လိုအပ်တဲ့လျှပ်စစ်မီးအတွက် တာဝန်ယူ‌ဆောင်ရွက်တာပါ။ မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှု‌ကော်မရှင်နဲ့ကရင်ပြည်နယ်အစိုးရတို့ရဲ့ တရားဝင် ခွင့်ပြုချက်နဲ့ ထုတ်တာ‌ရော၊ ဖြန့်တာ‌ရော ၁ဝ နှစ်ရထားပါတယ်။ ၂၀၁၈ က‌နေ ၂၀၂၈ အထိထုတ်လုပ်ဖြန့်ချိ ခွင့်ရထားတာဖြစ်ပါတယ်”ဟု‌ပြောသည်။

‌လေး‌ကေ‌ကော်မြို့သစ် ၂၄ နာရီ မီးလင်း‌ရေးစီမံကိန်းအတွက် Green Alliance Energy Co.ltd မှ ယ‌နေ့ နံနက် ‌လေး‌ကေ‌ကော်မြို့သစ်တွင် ဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့ပြီး ယင်းအခမ်းအနားသို့ ကရင်ပြည်နယ် ဝန်ကြီးချုပ်နန်းခင်‌ထွေးမြင့်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကရင်အမျိုးသားအစည်းအရုံး-KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုးနှင့် KNU တာဝန်ရှိသူများ တက်‌ရောက်ခဲ့ကြသည်။

Green Alliance Energy Co.ltd မှ ၃ မဂ္ဂဝပ်ရှိသည့် လျှပ်စစ်ဓာတ်အားများကို ဒီဇယ်အင်ဂျင်များ ဖြင့်လည် ပတ်ပြီး လက်ရှိတွင် ‌လေး‌ကေ‌ကော်မြို့သစ်မှ အိမ်‌ခြေအလုံး ၄၀ဝ ‌ကျော်နှင့်အတူ ထီးမယ်ဝါးခီး၊ ပဟိက‌လော် နှင့် ‌မေတ္တာလင်းမြိုင်‌ကျေးရွာများအား လျှပ်စစ်မီးစတင်ဖြန့်ဖြူး‌ပေး‌နေပြီဖြစ်‌ကြောင်း သိရသည်။
ထိုသို့ဖြန့်ဖြူး‌ပေးရာတွင် အိမ်သုံး တစ်ယူနစ်လျှင် ထိုင်းဘတ်‌ငွေ ၈ ဘတ်‌ကောက်ခံသွားမည်ဖြစ်ပြီး မနက် ၆ နာရီမှ ၁၁ နာရီတစ်ကြိမ် မွန်းလွဲ ၁ နာရီမှ ည ၁ဝ နာရီအထိ တစ်‌နေ့လျှင် ၂ ကြိမ်ဖြန့်ဖြူး‌ပေးသွားမည်ဟု GAE ကုမ္ပဏီမှ ‌လေး‌ကေ‌ကော်မီးလင်း‌ရေးတာဝန်ရှိသူများထံမှ သိရသည်။

‌လေး‌ကေ‌ကော်မြို့ခံတစ်ဦးက“အခု‌လောဆယ်ဒီမှာ‌တော့ လုပ်ငန်းသုံး‌တွေ မရှိသ‌လောက်ဘဲထင်တယ်။ အိမ် သုံးကို ၈ ဘတ်က‌တော့ နည်းနည်းများတယ်‌လေ။ မြဝတီတို့ ဘာတို့ဆို ဒီထက် နည်းနည်း သက်သာ တယ်။ ဒါ‌ပေမယ့် အခုဖြန့်မဲ့ မီးစက်‌တွေက ‌ကောင်းတယ်လို့‌တော့‌ပြောတယ်။ မီးမှန်မမှန်က‌တော့ ‌စောင့် ကြည့်ရမယ်”ဟု‌ပြောဆိုသည်။

Green Alliance Energy Co.ltd ၏ ‌လေး‌ကေ‌ကော် ၂၄ နာရီမီးလင်း‌ရေးစီမံကိန်းအတွက် ကရင်ပြည်နယ် အစိုးရမှ ၂၀၁၇ ခုနှစ်၊ ‌အောက်တိုဘာလတွင် ခွင့်ပြုခဲ့ပြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု‌ကော်မရှင် Myanmar Investment Commission –MIC ၂၀၁၈ ခုနှစ် ‌ဖေ‌ဖော်ဝါရီလတွင် ခွင့်ပြု‌ပေးခဲ့ခြင်းဖြစ်သည်။
‌လေး‌ကေ‌ကော်မြို့သစ်စီမံကိန်းကို စစ်‌ဘေး‌ရှောင် ‌နေရပ်စွန့်ခွာခဲ့ကြသည့် ဒုက္ခသည်များနှင့် ‌ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံး တပ်မိသားစုဝင်များအတွက် ‌ကေအဲန်ယူနှင့် ပြည်‌ထောင်စုအစိုးရတို့ ညှိနှိုင်း ‌ဆောင်ရွက် မှုဖြင့် ၂၀၁၅ ခုနှစ် ‌ဖေ‌ဖော်ဝါရီလတွင် စတင်အ‌ကောင်အထည်‌ဖော်တည်‌ဆောက်ခဲ့ခြင်းဖြစ်သည်။