Home သတင်း သာသနာ‌မြေအဖြစ် ခြံစည်းရိုးခတ်ရန် ပြင်ဆင်မှုကို ပဋိပက္ခမဖြစ်‌ရေး မျှတစွာ ‌ဆောင်ရွက်‌ပေးရန် မူလ‌မြေပိုင်ရှင်‌ပြော

သာသနာ‌မြေအဖြစ် ခြံစည်းရိုးခတ်ရန် ပြင်ဆင်မှုကို ပဋိပက္ခမဖြစ်‌ရေး မျှတစွာ ‌ဆောင်ရွက်‌ပေးရန် မူလ‌မြေပိုင်ရှင်‌ပြော

3032

နိုဝင်ဘာ ၂၂ရက်၊ ၂၀၁၈ခုနှစ်။ ‌ကေအိုင်စီ

ဧရာဝတီတိုင်း‌ဒေသကြီး၊ ပုသိမ်မြို့နယ်၊ ထိန်‌လေးပင်‌ကျေးရွာအုပ်စု၊ မရမ်းချို‌ကျေးရွာရှိ၊ ‌ဒေသခံတစ်ဦး အမည်‌ပေါက်ဖြင့် ပိုင် ဆိုင်သည့် ဥယျာဉ်ခြံ‌မြေ ၆.၆ဧကကို သာသနာ‌မြေအဖြစ် ခြံစည်းရိုးခတ်ရန် ပြင်ဆင်‌နေမှုကို ပဋိပက္ခ မဖြစ်‌ရေးအတွက် သက် ဆိုင်ရာက ထိန်းသိမ်းကာ တရားမျှတစွာ လုပ်‌ဆောင်‌ပေး‌စေလိုသည်ဟု မူလ ‌မြေပိုင်ဆိုင်သူ ‌စော‌ဘောစက်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ပုသိမ်မြို့၊ ပုသိမ်-‌မြောင်းမြ နှစ်ခြင်းသာသနာနယ်ရုံး၌ နိုဝင်ဘာ ၂၁ရက်(ယ‌နေ့)က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အဆိုပါ‌မြေ‌နေရာကို ‌စော‌ဘောစက်၏ဖခင်က ၁၉၅ဝခုနှစ်တွင် ‌မြေလွတ်၊‌မြေရိုင်းများ ခုတ်ထွင်ရှင်းလင်းကာ ဥယျာဉ်ခြံအဖြစ် စိုက်ပျိုးခဲ့ပြီး ၁၉၆၁-၆၂တွင် တရားဝင် အမည်‌ပေါက် ရရှိခဲ့သည်။ ၂၀၁၃ခုနှစ်တွင်မူ သားဖြစ်သူက လုပ်ပိုင်ခွင့် ပုံစံ-၇၊ ‌မြေစာရင်း ပုံစံ ၁၀၅ ရရှိခဲ့သည်ဟု ‌စော‌ဘောစက်က ရှင်းပြ‌ပြောဆိုခဲ့သည်။

သို့‌သော် ယင်း‌မြေ‌ပေါ်တွင် ဖခင်၏မိတ်‌ဆွေတစ်ဦးက အိပ်မက်အရ ယတြာ‌ချေရန် ‌စေတီငယ်တစ်ဆူ တည်ခွင့်‌တောင်းသဖြင့် ဖခင်ဖြစ်သူက ခွင့်ပြုခဲ့သည်။ ၁၉၇၃ခုနှစ်နှင့် ၁၉၈ဝပြည့်နှစ်တို့တွင် ဖခင်ဖြစ်သူ၏ အခြားမိတ်‌ဆွေတစ်ဦးက ခွင့်‌တောင်းကာ ‌စေတီပြုပြင်ပြီး “‌ရွှေပြည်ညွှန့်‌စေတီ”ဟု အမည်‌ပေးခဲ့သည့်အပြင် ‌စေတီ စတင်တည်ခဲ့သူ၏‌ဆွေမျိုးများ သက်ရှိထင်ရှားရှိ‌နေ‌သေး ‌ကြောင်းလည်း ‌ပြောထားခဲ့သည်။

၂၀၁၇ခုနှစ်တွင် ‌စေတီပုရဝဏ်‌မြေ ဝ.၅ဧကကို မူလ ‌မြေပိုင်ရှင်၏သား ‌စော‌ဘောစက်က ထိန်‌လေးပင်‌ကျေးရွာ အုပ်ချုပ်‌ရေးမှူးနှင့် သာသနာအကျိုး‌ဆောင်အဖွဲ့ ၉ဦးသို့ စွန့်လွှတ်လှူဒါန်းခဲ့ပြီး ဌာနဆိုင်ရာသို့ အ‌ကြောင်းကြားခဲ့‌သော်လည်း ရွာအနီးရှိ ‌ဂွေး‌ချောင်း ‌ကျေးရွာ NLD ဥက္ကဌနှင့် သာသနာအကျိုး‌ဆောင်အဖွဲ့များက မြို့နယ်သံဃာ့နာယကအဖွဲ့ထံ တင်ပြကာ ‌စေတီမှာ ‌ရှေးယခင်ထဲ က ရှိထားသည်ဟုဆိုကာ ‌မြေဧရိယာအားလုံးကို သာသနာ‌မြေအဖြစ် မြို့နယ်သံဃာ့နာယကအဖွဲ့က ဆုံးဖြတ်ခဲ့သည်။

အလားတူ ‌ကျေးရွာ လယ်ယာ‌မြေ စီမံခန့်ခွဲမှုအဖွဲ့ကလည်း ယင်း‌မြေ ၆.၆ဧကအနက် ၄.၆ဧကကို ‌စေတီပုရဝဏ်အဖြစ်လည်း ‌ကောင်း၊ ကျန်‌မြေ ၂ဧကကို ခရစ်ယာန်ဘုရား‌ကျောင်းရှိသည့်အတွက် ဘုရား‌ကျောင်းပုရဝဏ်အဖြစ်လည်း‌ကောင်း သတ်မှတ် ဆုံးဖြတ်ခဲ့ခြင်းအ‌ပေါ် နှစ်ဖက်စလုံးက မြို့နယ် လယ်ယာ‌မြေ စီမံခန့်ခွဲမှု‌ကော်မတီထံ အယူခံတင်ခဲ့‌သော်လည်း ယ‌နေ့အချိန်ထိ တစုံတရာ ကိုင်တွယ်‌ဖြေရှင်း‌ပေးခြင်း မရှိ‌သေး‌ကြောင်း ‌စော‌ဘောစက်၏ ရှင်းလင်းချက်စာထဲတွင် ‌ဖော်ပြထားသည်။

“မြို့နယ်ကို အယူခံတက်‌နေချိန်မှာ ခြံတစ်ခုလုံးကို သာသနာ့အလံ‌တွေ လာစိုက်သွားတယ်၊ အခု ရက်ပိုင်းမှာ ခြံစည်းရိုးခတ်မယ် ‌ပြောတယ်။ အလံစိုက်တဲ့‌နေရာမှာလည်း မရမ်းချို၊ စ‌ကောကရင် နှစ်ခြင်းခရစ်ယာန် ဘုရား‌ကျောင်းနဲ့ သင်းအုပ် သိက္ခာ‌တော်ရ ဆရာအိမ် ပါသွားတယ်။ မရမ်းချို ကရင်တစ်ရွာလုံးက မ‌ကျေနပ်ဘူး။ လူကြီး‌တွေက‌တော့ ထိန်းတယ်။ လူငယ်‌တွေက‌တော့ စိတ် မထိန်းနိုင်မှာစိုးတယ်။ ပဋိပက္ခ မဖြစ်‌အောင် ဝိုင်းထိန်း‌ပေးဖို့နဲ့ တရားမျှတစွာ ‌ဖြေရှင်း‌ပေးဖို့ ‌ပြောလိုတယ်။”ဟု ‌စော‌ဘောစက်က ‌ပြောသည်။

ယင်းဖြစ်စဉ်အ‌ပေါ် တရားဥပ‌ဒေနှင့်အညီ ‌ဖြေရှင်း‌ပေးရန် နိုင်ငံ‌တော်သမ္မတ၊ ပြည်‌ထောင်စုဝန်ကြီးဌာနအချို့နှင့် ဧရာဝတီတိုင်း ‌ဒေသကြီး ဝန်ကြီးချုပ်၊ တိုင်း‌ဒေသကြီး၏ ကရင်‌ရေးရာဝန်ကြီးတို့ထံ စာတင်ပြ‌တောင်းဆိုခဲ့‌သော်လည်း လက်ရှိအချိန်ထိ တစ်စုံ တစ်ရာ ‌ဖြေရှင်း‌ပေးခြင်း မရှိ‌သေး‌ကြောင်း ၎င်းက ဖြည့်စွက်‌ပြောဆိုသည်။

မရမ်းချိုရွာသားတစ်ဦးဖြစ်သူ ‌စောအင်ဒရူးက “ကျ‌နော် ‌မြေစာရင်းဌာနမှာ ‌နေ့စား၊ လ‌ပေးလည်း လုပ်ခဲ့တယ်။ ‌နောက် ‌ကျေးရွာ အုပ်ချုပ်‌ရေးမှူး ၁၉၉ဝမှာ လုပ်ခဲ့တယ်။ ဒီ‌ကျေးရွာအုပ်စုမှာ ရွာ‌လေးရွာရှိတယ်။ ဘာ ပြဿနာမှ မဖြစ်ခဲ့ဘူး။ လိုချင်တပ်မက်မှုအရ ဖြစ်တယ်လို့ မြင်တယ်။ အရင်ကလည်း နှစ်ရွာ့တရွာ ‌နေခဲ့တာ။ သူတို့အဖွဲ့က နည်းနည်း‌လေးပါ။ အခုလည်း ခြံလာခတ်မယ်ဆို ‌တော့ စိတ်ထဲမ‌ကောင်းဘူး။ အဲ့လို မဖြစ်‌စေချင်ဘူး။”ဟု ဆိုသည်။

အဆိုပါ‌မြေ‌နေရာသည် ဥပ‌ဒေအရ ‌စော‌ဘောစက် တရားဝင် ပိုင်ဆိုင်သည့်‌မြေဖြစ်သလို မတရားရယူရန် လုပ်‌ဆောင်မှုကို လက် မခံနိုင်‌ကြောင်း ထိန်‌လေးပင်‌ကျေးရွာအုပ်စု၊ လှည်းငုတ်ကြီး‌ကျေးရွာတာဝန်ခံဖြစ်သူ ‌စောပီတာကလည်း ‌ပြောသည်။

၎င်းအငြင်းပွား‌မြေ‌နေရာကို နိုဝင်ဘာ ၂၁ရက် ညဦးပိုင်းက မရမ်းချို‌ကျေးရွာအနီးရှိ ရွာတစ်ရွာမှ နိုဝင်ဘာလ ၂၂ရက်‌နေ့တွင် ခြံ စည်းရိုးခတ်ရန် တစ်အိမ်တစ်‌ယောက် လာ‌ရောက်နိုင်‌ရေး စပီကာဖြင့် လိုက်လံ ‌ပြောဆိုမှုရှိခဲ့‌သော်လည်း ယခု သတင်း‌ရေးချိန် (နိုဝင်ဘာ ၂၂ရက်‌နေ့ ည‌နေပိုင်း)အချိန်ထိ လာ‌ရောက် ခြံစည်းရိုးခတ်ခြင်း တစုံတရာ ပြုလုပ်ခြင်းမရှိ‌သေး‌ကြောင်း ‌ဒေသခံရွာ သားများထံမှ သိရသည်။