Home သတင်း ကျန်းမာ‌ရေးအဖွဲ့ ၃ ဖွဲ့ ပူး‌ပေါင်းဖွင့်လှစ်သည့် ‌ဒေသအကျိုးပြု အရန်သွားဖွားသင်တန်း ပြီးစီး

ကျန်းမာ‌ရေးအဖွဲ့ ၃ ဖွဲ့ ပူး‌ပေါင်းဖွင့်လှစ်သည့် ‌ဒေသအကျိုးပြု အရန်သွားဖွားသင်တန်း ပြီးစီး

2253

နိုဝင်ဘာ ၂ဝ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

နယ်လှည့်‌ကျောပိုးအိတ် ကျန်းမာ‌ရေးလုပ်သားအဖွဲ့ -BPHWT၊ ဖလုံပညာတိုးတက်ဖွံ့ဖြိုး‌ရေးယူနစ် -PEDUနှင့် ပြည်နယ် ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနတို့ ပူး‌ပေါင်းဖွင့်လှစ်သည့် ၇ ကြိမ်‌မြောက် ‌ဒေသအကျိုးပြု အရန်သား ဖွားသင်တန်းဆင်းပွဲကို ယ‌နေ့ (နိုဝင်ဘာလ ၂ဝ ရက်)တွင် ဖားအံမြို့နယ်၊ ‌တောင်က‌လေး ဘုန်း‌တော်ကြီး သင် ပညာ‌ရေး‌ကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

BPHWT အဖွဲ့ညွှန်ကြား‌ရေးမှူး ‌စောဝင်း‌ကျော်က “ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုလုပ်ငန်းနဲ့ပတ်သက်လို့ အထူးသဖြင့် မိခင်နဲ့ က‌လေး‌စောင့်‌ရှောက်မှုလုပ်ငန်းတို့ တိုးမြှင့်လုပ်‌ဆောင်နိုင်ဖို့ ဒီသင်တန်းကို ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်တယ်။ ဒါမှ မိခင်နဲ့ က‌လေး‌တွေရဲ့ ‌ရောဂါဖြစ်နှုန်း၊ ‌သေဆုံးမှုနှုန်း‌တွေ ‌လျှော့ချနိုင်မှာဖြစ်တယ်။ ကျန်းမာ‌ရေးကဏ္ဍ‌တွေ မြင့်တက်လာမယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်း သင်တန်းဆင်းပွဲအခမ်းအနားသို့ PEDU၊ BPHWT၊ မယ်‌တော်‌ဆေးခန်း၊ ကရင်ကျန်းမာ‌ရေးနှင့်ကယ်ဆယ် ‌ရေးဌာန-KDHWမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထား‌သော ဧည့်သည်များနှင့်သင်တန်းသူများ အပါအဝင် စုစု ‌ပေါင်း ၆ဝ ဦး‌ကျော် တက်‌ရောက်ခဲ့ပြီး သင်တန်းသူ ၁၉ ဦးအား သင်တန်းဆင်း လက်မှတ်များ‌ပေးအပ်ခဲ့သည်။

သင်တန်း တက်‌ရောက်ခဲ့သူများမှာ BPHWT အဖွဲ့မှ ကျန်းမာ‌ရေးလုပ်ငန်းများလုပ်‌ဆောင်သည့် ဧရိယာအတွင်းရှိ ကရင်နှင့်မွန်ပြည်နယ်၊ ပဲခူးတိုင်းတို့မှသင်တန်းသူများဖြစ်ပြီး ၎င်းတို့ကို ကိုယ်ဝန်‌ဆောင်မိခင်များ ကျန်းမာ‌ရေး ဆိုင်ရာကြိုတင်ကာကွယ်မှုလုပ်ငန်း၊ မ‌မွေးဖွားခင်နှင့် ‌မွေးဖွားပြီး မိခင်နှင့်က‌လေး ကျန်းမာ‌ရေး ‌စောင့်‌ရှောက်မှု လုပ်ငန်းစသည်တို့ကို အဓိကထားကာ စာ‌တွေ့ ၃ လနှင့် လက်‌တွေ့ ၄ လစုစု‌ပေါင်း ၇ လကြာ သင်ကြား‌ပေးခြင်း ဖြစ်သည်။

ထိုသို့သင်ကြား‌ပေးရာတွင် BPHWTမှ ဆရာမများ၊ အစိုးရကျန်းမာ‌ရေးအငြိမ်းစား ဆရာမများ၊ ပြည်နယ်ပြည်သူ့ ကျန်းမာ‌ရေးဦးစီးဌာနမှ ဆရာမများက စာ‌တွေ့သင်ကြား‌ပေးပြီး လက်‌တွေ့သင်ခန်းစာများကို ထိုင်းနိုင်ငံ မဲ ‌ဆောက်မြို့ရှိ မယ်‌တော်‌ဆေးခန်းတွင် သင်ကြား‌ပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

မွန်ပြည်နယ်၊ ‌ရေးမြို့နယ်၊ အပလိုင်‌ကျေးရွာမှ သင်တန်းသူ မိဟန်နီဦးက “‌ဆေးဘက်ကို စိတ်ဝင်စားလို့ ဒီ သင်တန်းကို တက်ဖြစ်ခဲ့တယ်။ ကိုယ်တိုင်လည်းဝါသနာပါတယ်။ ဒီသင်တန်းပြီး‌တော့ ဆရာ‌တွေ တာဝန် ‌ပေးတဲ့အတိုင်း နယ်‌တွေမှာ တာဝန်ထမ်း‌ဆောင်သွားမယ်။ ‌ရှေ့ဆက်ပြီး Medic သင်တန်း‌တွေ ဆက်တက် သွားမယ်။”ဟု ‌ပြောသည်။

နယ်လှည့်‌ကျောပိုးအိတ် ကျန်းမာ‌ရေးလုပ်သားအဖွဲ့ -BPHWTနှင့် ဖလုံပညာတိုးတက်ဖွံ့ဖြိုး‌ရေးယူနစ် -PEDU တို့ပူး‌ပေါင်းပြီး ၂၀၁၂-၁၃ ခုနှစ်မှစတင်ကာ အဆိုပါ ‌ဒေသအကျိုးပြု အရန်သား ဖွားသင်တန်းကို ဖွင့်လှစ် ‌ပေးခဲ့ရာ ယခု ၇ ကြိမ်‌မြောက်အထိ သင်တန်းသား ၁၃ဝ ခန့် ‌မွေးထုတ်‌ပေးနိုင်ခဲ့ပြီဖြစ်သလို ယခုနှစ်၊ စက်တင်ဘာမှ စတင်ကာ (၈)ကြိမ်‌မြောက် သင်တန်းကိုလည်း ဖွင့်လှစ်‌နေ‌ကြောင်း တာဝန်ရှိသူများ က‌ပြောသည်။