Home သတင်း ကရင်ပါတီ ‌လေးခု ညှိနှိုင်း အစည်းအ‌ဝေး စတင်ကျင်းပ

ကရင်ပါတီ ‌လေးခု ညှိနှိုင်း အစည်းအ‌ဝေး စတင်ကျင်းပ

2603

နိုဝင်ဘာ ၅ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောထွန်းလင်း

တရားဝင် ကရင်နိုင်ငံ‌ရေး ပါတီများ ဖြစ်သည့် ကရင်ပြည်နယ်အ‌ခြေစိုက် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (KNDP)နှင့် ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ၊ ရန်ကုန်မြို့အ‌ခြေစိုက် ကရင်ပြည်သူ့ပါတီ (KPP)နှင့် ကရင်အမျိုး သားပါတီ (KNP)တို့ ညှိ နှိုင်း အစည်းအ‌ဝေးကို ကျိုက်ထိုမြို့နယ်၊ စိမ်းလဲ့တင်ရီ‌ဆော့၌ ယ‌နေ့ (နိုဝင်ဘာ ၅)တွင် စတင်ကျင်းပ‌နေသည်ဟု ပါတီ တာဝန်ရှိသူများက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ အစည်းအ‌ဝေးသို့ ကရင်ပြည်သူ့ပါတီ ကိုယ်စားလှယ်တစ်ဦးအဖြစ် တက်‌ရောက်‌နေသူ ပါတီအ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ‌စော‌စေးဝါးက “ကရင်‌လေးပါတီ ညှိနှိုင်းအစည်းအ‌ဝေး နှစ်ရက်လုပ်ထားတယ်။ ‌ပေါင်းစည်းဖို့က ခက်တယ်။ ညှိနှိုင်း‌ဆောင်ရွက်ဖို့က များတယ်။ ‌ပေါင်းစည်း‌ရေးက ချက်ချင်းလုပ်လို့ရတဲ့ အရာမဟုတ်ဘူး။ ကြိုးလည်း ကြိုုးစား ခဲ့ပြီးပြီ‌လေ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ အစည်းအ‌ဝေးကို နိုဝင်ဘာ ၅-၆ နှစ်ရက်တာ ကျင်းပမည်ဖြစ်ပြီး ကရင်ပါတီ ၄ ခုမှ တစ်ပါတီလျှင် ကိုယ်စားလှယ် ၇ ဦးစီတက်‌ရောက် ‌ဆွေး‌နွေး‌နေ‌ကြောင်း ပါတီတာဝန်ရှိသူများထံမှ သိရသည်။