Home သတင်း Miss Tourism Global Queen International သရဖူဆု ကရင်တိုင်းရင်းသူ နန်းထက်ထက်လင်းရရှိ

Miss Tourism Global Queen International သရဖူဆု ကရင်တိုင်းရင်းသူ နန်းထက်ထက်လင်းရရှိ

4508

‌အောက်တိုဘာ ၂၉ရက်၊ ၂၀၁၈ ခုနှစ်။ ‌ကေအိုင်စီ

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ကျင်းပသည့် Miss Tourism Queen Worldwide 2018 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် သွား‌ရောက်ယှဉ်ပြိုင်သည့် ကရင်တိုင်းရင်းသူ နန်းထက်ထက်လင်းမှ Miss Tourism Global Queen International Winner သရဖူဆုကို ဆွတ်ခူးရရှိသွားသည်ဟု သိရသည်။

အဆိုပါ ပြိုင်ပွဲကို ‌အောက်တိုဘာ ၂၂ ရက်မှ ၂၈ရက်‌နေ့အထိ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့ပြီး သူမအပါအဝင် နိုင်ငံအသီးသီးမှ ကိုယ်စားပြုအလှမယ် စုစု‌ပေါင်း ၂ဝ ဦးသွား ‌ရောက်ယှဉ်ပြိုင်ရာတွင် မြန်မာနိုင်ငံကိုယ်စားပြု ကရင်တိုင်းရင်းသူ နန်းထက်ထက်လင်းအ‌နေဖြင့် အဆိုပါ သရဖူကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။

နန်းထက်ထက်လင်းက “ဒီပြိုင်ပွဲဝင်တစ်‌လျှောက်မှာ သူများနဲ့မတူတဲ့စွမ်းရည်‌တွေ ကိုယ့်မှာရှိတာကို ‌ဖော် ထုတ်ရတယ်။ သူများထက်သာ‌အောင် ထင်‌ပေါ်‌အောင် စံပြဖြစ်‌အောင် အမြဲတမ်း သွက်သွက်လက် လက်နဲ့ လူ‌တွေ သတိထားမိ‌အောင်‌နေရတယ်။ နန်းထက်က Title ဆု‌လောက်ပဲရမယ်လို့ မှန်းထားတယ်။ သူတို့‌ပေးတဲ့ သရဖူ ၃ ခုထဲက တစ်ခုကိုရတဲ့အတွက် ကိုယ့်ကရင်လူမျိုးအတွက် ကိုယ့်နိုင်ငံအတွက် လုပ်ပြနိုင်ခဲ့တယ်။ တာဝန်‌ကျေတယ်လို့ခံစားရတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် သူမအ‌နေဖြင့် ယခုရရှိသွားသည့် သရဖူအပြင် အခြားဆုများဖြစ်သည့် Most Elegant (Special Award) ၊ Vine Aesthetics (Sponsor Choice Award) ၊ The Best in Swim Suit Award (for Body Beauty) နှင့် the Best in National Costume (Second Runner up) စသည့် ဆု ၄ဆုကိုပါ ရရှိခဲ့ခြင်းဖြစ် သည်။

ယခုပြိုင်ပွဲတွင်လည်း ရိုးရာဝတ်စုံပြိုင်ဆိုင်မှု (National Costume) တွင် အတာသကြင်္န်ရိုးရာပွဲ‌တော်ကို ‌ပေါ်လွင် ‌စေရန် ပိ‌တောက်ပန်းနှင့် ဖန်တီးထားသည့် ဝတ်စုံနှင့် ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့သည့်အပြင် စွမ်းရည်ပြိုင်ဆိုင်မှု Talent အ‌နေဖြင့် စည်းဝါးကျနအဆင့်မြင့် ကဗျာလွတ်အကကိုလည်း ကပြယှဉ်ပြိုင်သွားခဲ့သည်ဟု သိရ သည်။

အလှမယ်နန်းထက်ထက်လင်းအ‌နေဖြင့် ၂၀၁၄ခုနှစ်ကတည်းမှ နိုင်ငံတကာပြိုင်ပွဲ အ‌တွေ့အကြုံရှိဖူးသည့် အလှမယ်တစ်ဦးဖြစ်ကာ စကင်္ာပူနိုင်ငံမှာ ကျင်းပခဲ့သည့် Model Fitness (ကာယအလှမယ်) ပြိုင်ပွဲတွင် 4th Runner-Up ဆု၊ ဗီယက်နမ် နိုင်ငံမှာ ကျင်းပသည့် ကာယအလှမယ်ပြိုင်ပွဲမှာ 2nd Runner-Up ဆု၊ Miss Universe Myawaddy 2017 ဆုနှင့် Miss Universe Myanmar 2018 ၏ Top 13 အထိ ‌ရွေးချယ်ခံထား ရသူလည်း ဖြစ်သည်။