Home သတင်း နှစ် ၇ဝ ပြည့် ကရင်‌တော်လှန်‌ရေး‌နေ့ကို ကရင်လက်နက်ကိုင်အဖွဲ့များ စု‌ပေါင်းကျင်းပမည်

နှစ် ၇ဝ ပြည့် ကရင်‌တော်လှန်‌ရေး‌နေ့ကို ကရင်လက်နက်ကိုင်အဖွဲ့များ စု‌ပေါင်းကျင်းပမည်

3681

‌အောက်တိုဘာ ၁ဝ ရက်၊ ၂ဝ၁၈ ခုနှစ် ။ ‌စောသိန်းမြင့်

လာမည့်နှစ် ဇန်နဝါရီလ ၃၁ရက်‌နေ့တွင် ကျ‌ရောက်သည့် ၇ဝ နှစ်ပြည့် ကရင်အမျိုးသား ‌တော်လှန် ‌ရေး‌နေ့ အခမ်းအနားကို ကရင်လက်နက်ကိုင်အဖွဲ့အစည်း (၄)ဖွဲ့မှ စစ်‌ရေးပြအခမ်းအနားဖြင့် စု‌ပေါင်း ကျင်းပသွားမည်ဟု တာဝန်ရှိသူများက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကေအဲန်ယူ တပ်မဟာ (၇) ဌာနချုပ်၌် ‌အောက်တိုဘာ ၈ရက်‌နေ့က ပြုလုပ်သည့် ကရင်လက်နက် ကိုင်များ ပြန်လည် စည်းလုံး ညီညွှတ်‌ရေး ‌ကော်မတီအစည်းအ‌ဝေးသို့ တက်‌ရောက်လာ‌သော ကရင်အမျိုး သားလွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA) ၊ ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော် (DKBA)၊ ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ (KNU/KNLA_PC)နှင့် ကရင်နယ်ခြား‌စောင့်တပ်(BGF)တို့ ထိပ်သီး‌ခေါင်း‌ဆောင်များက ထိုသို့ သ‌ဘောထားရရှိခဲ့ခြင်းဖြစ်သည်။

‌ကေအဲန်ယူ၏ တွဲဖက်အတွင်း‌ရေးမှူး (၂) ပဒို‌စောလှထွန်းက “ကျ‌နော်တို့ လုပ်ချင်တယ်။ သ‌ဘော ထား‌တွေရှိတယ်‌ပေါ့‌နော်။ နှစ် ၇ဝ ပြည့် ကရင့်‌တော်လှန်‌ရေး‌နေ့အခမ်းအနားကို ကျ‌နော်တို့ ကရင့် လက်နက်ကိုင် အားလုံး‌တွေ စုစုစည်းစည်း၊ စည်းစည်းလုံးလုံးနဲ့ စု‌ပေါင်းပြီး‌တော့ ကျင်းပမယ်‌ပေါ့။ ဒီမှာက သက်ဆိုင်ရာ တပ်မဟာအလိုက် စစ်‌ကြောင်း‌တွေ‌ပေါ့၊ အခြား‌သော လက်နက်ကိုင်အဖွဲ့ စစ် ‌ကြောင်း‌တွေ ပါဝင်ဖို့‌ပေါ့။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၇ဝ နှစ်ပြည့် ကရင့်အမျိုးသား‌တော်လှန်‌ရေး‌နေ့ အခမ်းအနားကို ‌ကေအဲန်ယူဌာနချုပ်တွင် စု‌ပေါင်း ကျင်းပရန် လျာထားပြီး အခမ်းအနား ကျင်းပနိုင်‌ရေးအတွက် ဗဟို‌ကော်မတီထံသို့တင်ပြထားပြီး ဖြစ်သလို ပွဲဖြစ်‌မြောက်‌ရေး‌ကော်မတီများ အဆင့်ဆင့်ကိုလည်း ထပ်မံဖွဲ့စည်းသွားမည်ဟု ပဒို‌စော လှထွန်းက ဆက်‌ပြောသည်။

DKBA ဒုစစ်ဦးစီးချုပ်ဖြစ်သူ ဒုဗိုလ်ချုပ်ကြီး ‌စောစတီးလ်က“ တစ်ဖွဲ့ကို အ‌ယောက် ၄ဝ ပါဝင်ဖို့ ‌ပြောဆို ထားတာရှိတယ်‌ပေါ့‌နော်။ ကျ‌နော်တို့ဘက်က‌တော့ ဘာပြဿနာမှမရှိပါဘူး။ အ‌ယောက် ၄ဝ မက၊ အ‌ယောက် ၄ဝဝ ‌တောင်းရင်လည်းပူး‌ပေါင်းဖို့အသင့်ပါပဲ။ ဘာ‌ကြောင့်လဲဆို‌တော့ အခုက ကျ‌နော်တို့ DKBA ‌နေ့အတွက် ကျင်းပဖို့ ပြင်ထားတဲ့ တပ်အင်အားက အလုံအ‌လောက်ရှိပြီးသား ‌လေ”ဟု ‌ပြောသည်။

တစ်ရက်တာ ကျင်းပခဲ့သည့် ကရင်လက်နက်ကိုင်များ ပြန်လည်စည်းလုံး‌ရေး‌ကော်မတီ အစည်း အ‌ဝေးတွင် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‌စော‌ဂျော်နီ၊ ကရင်နယ်ခြား‌စောင့်တပ် အတွင်း‌ရေးမှူး ဗိုလ်မှူးကြီး ‌စောချစ်သူ အပါအဝင် DKBA၊ KNU/KNLA_PC အဖွဲ့တို့မှ ထိပ်သီး‌ခေါင်း‌ဆောင်များနှင့် ၎င်း‌ကော်မတီ၏ ‌ကော်မတီဝင် အသီးသီးတို့က တက်‌ရောက်ခဲ့ကြသည်။

ယင်းအစည်းအ‌ဝေးတွင် ကရင်အမျိုးသားများ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိ‌ရေးအတွက် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ နိုင်ငံ‌ရေးအရ ကြိုးပမ်းလုပ်‌ဆောင်မှုကို လိုက်နာပံ့ပိုးကူညီသွားရန်၊ ကရင် ပြည်နယ်အတွင်း တရားဥပ‌ဒေစိုးမိုး‌ရေးအတွက် အဖွဲ့အားလုံး ပူး‌ပေါင်းလုပ်‌ဆောင်ရန်၊ မူးယစ်‌ဆေး ဝါးနှင့် ‌လောင်းကစားဝိုင်းများ ပ‌ပျောက်‌ရေးအတွက် အစီအစဉ်တကျချမှတ် လုပ်‌ဆောင်သွားရန် နှင့် သစ်‌တောခုတ်ထုတ်လုပ်‌ရောင်းချမှုများကို အပြီးသတ်ပိတ်သိမ်းရန် စသည့်သ‌ဘောတူညီချက်များ ရရှိခဲ့သည်ဟု သိရသည်။

DKBA သည် ၁၉၉၄ ခုနှစ်တွင် KNU မှ ခွဲထွက်ကာ အစိုးရတပ်မ‌တော်ပူး‌ပေါင်း၍ ဆယ်စုနှစ်တစ်ခု‌ကျော်ကြာ KNUကို ပြန်လည် ခုခံတိုက်ခိုက်ခဲ့သည့်အဖွဲ့ဖြစ်ပြီး ဗိုလ်ချုပ်‌စောထင် ‌မောင်(ခ) ‌စော‌ဌေး‌မောင် ဦး‌ဆောင်သည့် KNU/KNLA_PC အဖွဲ့သည် ၂ဝဝ၇ ခုနှစ်တွင် KNUမှ ခွဲထွက်ပြီး အစိုးရနှင့် ငြိမ်းချမ်း‌ရေးယူခဲ့သည်။

အစိုးရတပ်မ‌တော်၏ လက်‌အောက်ခံဖြစ်သည့် ကရင်ပြည်နယ်၊ နယ်ခြား‌စောင့်တပ် (BGF) အဖွဲ့ ကမူ ပြီးခဲ့သည့် ၂ဝဝ၉ ခုနှစ်က နိုင်ငံ‌တော် ‌အေးချမ်းသာယာ‌ရေးနှင့် ဖွံ့ဖြိုး‌ရေး ‌ကောင်စီ (နအ ဖ) စစ်အစိုးရ၏ နယ်ခြား‌စောင့်တပ် အသွင်ကူး‌ပြောင်း‌ရေးကို သ‌ဘောတူ လက်ခံခဲ့‌သော ယခင် DKBA တပ်ဖွဲ့ဝင်‌ဟောင်းအများစုနှင့် ‌ဟောင်သ‌ရောငြိ်မ်းချမ်း‌ရေးအဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။

ကရင်လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ကြ‌သော KNU ၊ DKBAနှင့် KNU/KNLA_PC အဖွဲ့တို့သည် ၂ဝ၁၅ ခုနှစ်၊ ‌အောက်တိုဘာလ ၁၅ရက်‌နေ့တွင် အခြား‌သော လက်နက်‌တော်လှန်‌ရေးအဖွဲ့ ၅ဖွဲ့နှင့်အတူ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲ‌ရေးသ‌ဘောတူစာချုပ် (Nationwde Ceasefire Agreement-NCA)ကို လက်မှတ်ထိုး ခဲ့ကြသည်။

၎င်း‌နောက် ကရင်လက်နက်ကိုင်အဖွဲ့များ ပြန်လည်စည်းလုံး‌ရေးကို ရည်ရွယ်၍ ကွဲပြား‌နေသည့် ကရင်လက်နက်ကိုင်အဖွဲ့များ စည်းလုံးညီညွတ်‌ရေးကို ရည်ရွယ်ပြီး ၂ဝ၁၃ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် KNU/KNLA _PC ဌာနချုပ်ရှိရာ ထို့‌ကော်ကိုး၌ ဖွဲ့စည်းခဲ့ ခြင်းဖြစ်သည်။

ကရင့်အမျိုးသား‌တော်လှန်‌ရေး‌နေ့အခမ်းအနားကို ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ နှစ်‌ပေါင်း ၇ဝ နီးပါးကြာ နှစ်စဉ်ကျင်းပလာခဲ့‌သော်လည်း ၁၉၉၄ ခုနှစ်မှစ၍ ယခုအချိန်ထိ ကရင်လက်နက်ကိုင် အဖွဲ့များအ‌နေဖြင့် ပထမဆုံး စု‌ပေါင်းကျင်းပရန် စီစဉ်လာခြင်းဖြစ်သည်။