Home သတင်း မြိုင်ကြီးငူဆရာ‌တော် ဘဝနတ်ထံ ပျံလွန်‌တော်မူ၊ ညတွင်းချင်း မြန်မာပြည်ကို ပင့်‌ဆောင်မည်

မြိုင်ကြီးငူဆရာ‌တော် ဘဝနတ်ထံ ပျံလွန်‌တော်မူ၊ ညတွင်းချင်း မြန်မာပြည်ကို ပင့်‌ဆောင်မည်

6077
မြိုင်ကြီးငူဆရာ‌တော် ဘဒ္ဒန္တ ဦးသုဇန

‌အောက်တိုဘာ ၁၃ ရက်၊ ၂၀၁၈ ခုနှစ်။ ‌ကေအိုင်စီ

မြိုင်ကြီးငူဆရာ‌တော် ဘဒ္ဒန္တ ဦးသုဇန သက်‌တော် ( ၇၁)သည် ယ‌နေ့ ည ထိုင်းစံ‌တော်ချိန် ည ၉ နာရီ ၁၂ မိနစ်အချိန်၌ ထိုင်းနိုင်ငံ၊ ဘန်‌ကောက်မြို့ Bumrungrad International hospital ‌ဆေးရုံကြီး၌ ဘဝနတ်ထံ ပြန်လွန်‌တော်မူ သွားပြီးဟု ဆရာ‌တော်အား အနီးကပ် ပြုစု‌နေသူ ဆရာ‌တော်၏ တပည့်‌ကျောင်းသား ‌စော ‌နောင်ဘီးက ‌ကေအိုင်စီသို့‌ပြောသည်။

“ မှန်ပါတယ်။ ၉ နာရီ ၁၂မိနစ်မှာ ဆရာ‌တော် ဘုရားကြီး ပျံလွန်‌တော်မူပါပြီး အခု စာရွက်၊ စာတမ်း ကိစ္စ ပြီးသွားပြီးရင် ဆရာ‌တော်၏ ရုပ်ကလာပ်‌တော်ကို ညတွင်းချင်းပဲ မြန်မာပြည်ကို ပြန်လည် ပင့်‌ဆောင်ဖို့ လုပ်‌နေပါပြီ။”ဟု ‌စော‌နောင်ဘီးက အတည်ပြု ‌ပြောသည်။

မြိုင်ကြီးငူ ဆရာ‌တော်သည် ကျန်းမာ‌ရေး ချို့ယွင်းမှု‌ကြောင့် Bumrungrad International hospital ‌ဆေးရုံတွင် လအတန်ကြာ ‌ဆေးကုသမှု ခံယူခဲ့ရာမှ ယ‌နေ့ ‌နေ့လည်ပိုင်းတွင် ကျန်းမာ‌ရေး အ‌ခြေအ‌နေ ဆိုးရွားလာပြီး ယခုလို ဘဝနတ်ထံ ပျံလွန်‌တော် မူသွားခြင်း ဖြစ်သည်။

ကရင်ပြည်နယ်အတွင်း သာသနာပြုလုပ်ငန်းများ အများအပြားလုပ်ကိုင်ခဲ့သည့် မြိုင်ကြီးငူ ဆရာ‌တော်ဘုရား ကြီးသည် အနယ်နယ်အရပ်ရပ်ရှိ ဒါယကာ၊ ဒါယိကာမ အများအပြား၏ ကြည်ညိုခြင်း ခံရသူဖြစ်သည်။

ဆရာ‌တော် ဦးသုဇနသည် ၁၉၉၄ ခုနှစ်၊ ‌ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးမှ ခွဲထွက်ခဲ့သည့် တိုးတက် ‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (DKBA)ကို ဦး‌ဆောင်လမ်းညွှန်ခဲ့သူဖြစ်သည်။