Home သတင်း ၅၄ နှစ် သက်တမ်းရှိ နှစ်သစ်ကူးပွဲ‌တော် ကျင်းပ‌ရေး ဗဟို‌ကော်မတီ အသစ်ပြန်ဖွဲ့စည်း

၅၄ နှစ် သက်တမ်းရှိ နှစ်သစ်ကူးပွဲ‌တော် ကျင်းပ‌ရေး ဗဟို‌ကော်မတီ အသစ်ပြန်ဖွဲ့စည်း

2747

‌အောက်တိုဘာ ၈ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောထွန်းလင်း

၁၉၆၄ ခုနှစ်တွင် စတင်‌ပေါ်‌ပေါက်လာပြီး သက်တမ်း ၅၄ နှစ်ရှိပြီးဖြစ်သည့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော် ကျင်းပ‌ရေး ဗဟို‌ကော်မတီ (မဟာရန်ကုန်)၏ ၂၇၅၈ ခု၊ နှစ်သစ်ကူးပွဲ‌တော်ကျင်းပ‌ရေးအတွက် ဗဟို‌ကော်မတီသစ်ကို ‌အောက်တိုဘာ ၇ ရက်‌နေ့တွင် အင်းစိန်မြို့နယ်၊ အာလိန်ငါးဆင့်‌ကျောင်းဝင်း၌ ပြုလုပ်သည့် အစည်းအ‌ဝေးတွင် ပြန်လည်ဖွဲ့စည်းလိုက်သည်။

အဆိုပါ ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီသစ်တွင် ဥက္ကဌအဖြစ် ယခင်ဥက္ကဌ ဖြစ်သူ အငြိမ်းစားပါ‌မောက္ခ မန်း‌ရွှေပြည် ‌အေးကို ဆက်လက်အဆိုပြု ‌ရွေးချယ်ခဲ့ပြီး အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးအဖြစ် မန်းသန်းဝင်းဦးကို ‌ပြောင်းလဲ ‌ရွေးချယ်တာဝန်‌ပေးခဲ့သည်။

ထို့အပြင် ‌ကော်မတီ ဒုဥက္ကဌများအဖြစ် ‌ဒေါက်တာ‌နော်ရီဘက်ခါထင်၊ ‌စောတာက‌ပေါ၊ မန်းစံမြဲတင်နှင့် နန့်ခင် ‌အေးဦး(အငြိမ်းစားကထိက) တို့ကို တာဝန်‌ပေးခဲ့သလို တွဲဖက်အတွင်း‌ရေးမှူးများအဖြစ် မန်း‌ကျော်ညွန့်၊ ‌စောဦးဦး၊ ‌နော်မား‌နေထူး စသူတို့ကို ‌ပြောင်းလဲတာဝန်‌ပေးခဲ့သည်။

“ ဘဏ္ဍာ‌ရေး မှူးအဖြစ် ‌စောဦးဦးအစား၊ ‌စော‌ဂျော့‌ရှေနဲ့ ပြန်ကြား‌ရေးဆပ်‌ကော်မတီ ဥက္ကဌကို ‌စောထီးမူး အစား မန်း‌ကျော်‌ဌေးရင်၊ ‌ဖျော်‌ဖြေ‌ရေး ဆပ်‌ကော်မတီ ဥက္ကဌ အဖြစ် ‌စောအုန်း‌ရွှေအစား ‌စောထွန်းထွန်း တို့ကို အဆိုပြု ‌ရွေးချယ် တာဝန် အသီးသီး‌ပေးလိုက်တယ်။ ကျန်တဲ့ ‌ကော်မတီ‌တွေက‌တော့ အ‌ပြောင်းအလဲ မရှိဘူး”ဟု ဗဟို အလုပ်အမှု‌ဆောင် ‌ကော်မတီ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ဖြစ်လာသူ မန်းသန်းဝင်းဦးက ‌ကေအိုင်စီသို့ ‌အောက်တိုဘာ ၈ ရက်‌နေ့တွင် ‌ပြောသည်။

၂၇၅၈ ခု၊ ကရင်အမျိုးသား နှစ်သစ်ကူးပွဲ‌တော်ကျင်းပ‌ရေး ဗဟို‌ကော်မတီ (မဟာရန်ကုန်) အလုပ်အမှု‌ဆောင် အဖွဲ့သစ်အ‌နေဖြင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်‌နေ့တွင် ကျ‌ရောက်မည့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော် အခမ်းအနား အစဉ်အလာအတိုင်း ‌အောင်‌အောင်မြင်မြင် ကျင်းပနိုင်‌ရေးအတွက် လာမည့် ‌အောက်တိုဘာ ၁၄ ရက်‌နေ့တွင် ‌ကော်မတီအစည်းအ‌ဝေးပြုလုပ်သွားမည်ဟု ‌ကော်မတီဝင်များက ‌ပြောသည်။

ကရင်အမျိုးသား နှစ်သစ်ကူးပွဲ‌တော် ကျင်းပ‌ရေး ဗဟို‌ကော်မတီ (မဟာရန်ကုန်)ကို ၁၉၆၄ ခုနှစ်တွင် စတင်ဖွဲ့ စည်းခဲ့ပြီး ကရင်အမျိုးသားများ ညီညွတ်စွာ အား‌ပေး‌ထောက်ခံမှု‌ကြောင့် မဟာရန်ကုန်အတွင်းရှိ တစ်ခုတည်း‌သော ကရင်အမျိုးသား နှစ်သစ်ကူးပွဲ‌တော် (၂၇၀၄ ခုနှစ်) ကို မဟာ‌ဆေးဝကင်္ပါ၊ အာလိန်ငါးဆင့် ‌ကျောင်းဝင်း၌ စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး ‌ကော်မတီသက်တမ်း ၅၄ နှစ်ရှိပြီး ဖြစ်သည်။