Home သတင်း မြဝတီ-‌ကော့ကရိတ် အာရှလမ်း‌ပေါ် ကား ၂ စီး တိုက်မှု‌ကြောင့် လူ ၃ ဦးမီး‌လောင်‌သေဆုံး

မြဝတီ-‌ကော့ကရိတ် အာရှလမ်း‌ပေါ် ကား ၂ စီး တိုက်မှု‌ကြောင့် လူ ၃ ဦးမီး‌လောင်‌သေဆုံး

3384

‌အောက်တိုဘာ ၁၈ ရက်၊ ၂ဝ၁၈ ခုနှစ်။ ‌စောမြတ်ဦးသာ၊

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်‌ရေးလမ်းတစ်ခုဖြစ်သည့် မြဝတီ-‌ကော့ကရိတ် အာရှလမ်း မကြီးရှိ ကွင်းက‌လေး‌ကျေးရွာအဝင် တံတားထိပ်အနီး မိုင်တိုင် အမှတ် (၁၆၁) နှင့် (၁၆၂) ကြားတွင် ‌အောက် တိုဘာ ၁၈ ရက်(ယ‌နေ့) နံနက် ၃ နာရီဝန်းကျင်က ကုန်တင်ကား ၂ စီးတိုက်မှုဖြစ်ပွား၍ လူး ၃ ဦး မီး‌လောင် ‌သေဆုံးသွား‌ကြောင်း သိရသည်။

၎င်းယာဉ်တိုက်မှုတွင် ကယ်ဆယ်‌ရေးလုပ်ငန်းလုပ်‌ဆောင်ခဲ့သူ သဃင်္န်းညီ‌နောင်မြို့သစ်၊ လူမှုကယ်ဆယ်‌ရေး အဖွဲ့မှ ကိုစိုးမိုး‌ဌေးက “မြဝတီက‌နေ ဖားအံဘက်ကို ပြန်ဆင်းလာတဲ့ကားက အာရှလမ်း ကွင်းက‌လေးတံ တား နားမှာ တစ်ဖက်က တက်လာတဲ့ကားနဲ့ မနက် ၃ နာရီဝန်းကျင်အချိန်မှာ တိုက်မှုဖြစ်သွားတာပါ။ မီး ‌လောင် ထားတဲ့ အ‌လောင်း ၃ ဦးကို‌တော့ ကျားလား၊ မလားမသိနိုင်‌တော့ဘူး။ မြဝတီ‌ဆေးရုံကို ပို့ထားတယ် ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ယာဉ်တိုက်မှု‌ကြောင့် နာရီအနည်းငယ်ကြာ ယာဉ်‌ကြောပိတ်ဆို့မှုဖြစ်ပွားခဲ့‌သေးသည်ဟုလည်း ခရီးသွားပြည်သူများ၏ ‌ပြောပြချက်အရ သိရသည်။

အဆိုပါ ယာဉ် ၂ စီး မျက်နှာချင်းဆိုင်တိုက်မှု‌ကြောင့် မီး‌လောင်ကျွမ်းမှုဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်နံပါတ် 3M-3435 VOLVO အမျိုးအစားမှ ယာဉ်‌မောင်း ‌အောင်မြင့်မြတ် (‌သေဆုံး) နှင့် ‌ကော့ကရိတ်ဘက်မှလာသည့် ယာဉ်‌မောင်း ၂ ဦးတို့အား ယာဉ်(ပ) ၂၆/ ၂ဝ၁၈ ဖြင့် ရာဇသတ်ကြီး ဥပ‌ဒေ ပုဒ်မ ၃ဝ၄(က)/ ၂၈၅ ဖြင့် သက် ဆိုင်ရာမှ အမှုဖွင့်‌ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

မြဝတီ-‌ကော့ကရိတ် အာရှလမ်းမကြီးရှိ နတ်စင်ကုန်း၊ ကွမ်းခြံကုန်း စသည့် ‌နေရာ တစ်‌လျှောက်တွင် ယာဉ် တိုက်မှု မကြာခဏဖြစ်ပွားလျက်ရှိဟု ကားသမားများထံမှ သိရသည်။