ဖိုးဇီဝ
အောက်တိုဘာ ၂၄၊ ၂၀၁၈ခုနှစ်
ကမ္ဘာကြီး ပိုမို ပူနွေးလာခြင်း၊ ရေခဲမြစ်များ အရည်ပျော်လာခြင်း၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်ခြင်း၊ ကမ္ဘာ့မြေလွှာလှုပ်ရှားမှု၊ ပင်လယ်ရေအောက်မြေလွှာလှုပ်ရှားမှုများကြောင့် ဆူနာမီလှိုင်းများ ဖြစ်ပေါ်စေသည်။
၎င်းတို့သည် လူသားများနှင့် ဆက်နွယ်နေသည့် သဘာဝဘေးအန္တရာယ်များဖြစ်သည်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာဟုဆိုလျှင် လူသားအားလုံးနှင့် သက်ဆိုင်ပါသည်။
မြန်မာနိုင်ငံတွင် ကုန်းတွင်းဧရိယာ စုစုပေါင်း၏ ထက်ဝက်နီးပါး ၄၉ရာခိုင်နှုန်းသည် သစ်တောများဖြစ်သည်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနသည် ၂၀၁၂ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနလက်အောက်တွင် ရှိသည်။ ၎င်းဝန်ကြီးဌာနသည် ၂၀၁၆၊ မတ်လ (၃၀)ရက်နေ့တွင် သတ္တုတွင်း၊ ပတ်ဝန်းကျင်ထိန်း သိမ်းရေးဌာန၊ သစ်တောရေးရာဝန်ကြီးဌာနတို့ ပေါင်းစပ်လိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် မွန်ပြည်နယ်မှ ကြက်ပေါင်စေး၊ ရာဘာ၊ ကချင်ပြည်နယ်မှ ကျောက်စိမ်း၊ ပတ္တမြားနှင့် ကျောက်မျက်ရတနာထွက် ရာ ရှမ်းပြည်နယ်၊ လျှပ်စစ်စွမ်းအင်စီမံကိန်းများ ကရင်ပြည်နယ်နှင့် ကယားပြည်နယ်၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်မှာ ကြေးနီ၊ နီကယ်လ်၊ ခရိုမိုက်၊ သံ၊ အလူမီနီယမ်၊ ထုံးကျောက်များ ထွက်ရှိသည်။
မြစ်ဝကျွန်းပေါ်ဒေသသည် စပါးအများဆုံး စိုက်ပျိုးသည့်နေရာများဖြစ်ပြီး မြစ်ချောင်းပေါများသည့်အတွက် တံငါလုပ်ငန်း၊ ရေလုပ် ငန်းများလည်း လုပ်နိုင်သည်။ ထို့အပြင် သစ်တောမှ ထွက်ရှိသည့် သစ်မာများကလည်း နိုင်ငံခြားငွေ ရရှိသည်။
ယခုကဲ့သို့ သဘာဝအရင်းအမြစ်များစွာရှိသော်လည်း နိုင်ငံသားများအတွက် ရပိုင်ခံစားခွင့်များနှင့် ဌာနေတိုင်းရင်းသားများ ဖွံ့ဖြိုး မှုများအတွက် နှောင့်နှေးဆဲဖြစ်သည်မှာ စီမံခန့်ခွဲမှု မှားယွင်းနေခြင်းများ ရှိသည်ကို ဖော်ပြနေသည်။ သဘာဝပတ်ဝန်းကျင်ဆိုင် ရာ ကာကွယ်ခြင်းများအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများသည် မိမိတို့ဒေသရှိ စက်မှုဇုံ ချဲ့ထွင်ဆောက်လုပ်ခြင်းဆိုင် ရာ ကိစ္စများကို ဌာနေတိုင်းရင်းသားပြည်သူများနှင့် ကနဦး တိုင်ပင်မှုများ ပြုလုပ်သင့်သည်။
အကျိုးအပြစ် သက်ရောက်မှုများကိုလည်း အလုပ်ရုံဆွေးနွေးပွဲများဖြင့် ရှင်းလင်းတင်ပြခြင်းများ ပြုလုပ်ရမည်ဖြစ်သည်။ ထောက် ခံချက်များ ရရှိပြီးမှသာ ဆောက်လုပ်ခြင်းဆိုင်ရာကို စတင် လုပ်ဆောင်သင့်သည်။
အောက်ဖော်ပြပါဇယားသည် သဘာဝပတ်ဝန်းကျင်အပေါ် စိန်ခေါ်နေသည့် အချက်များဖြစ်သည်။
မြန်မာနိုင်ငံတွင် သစ်တောပြုန်းတီးမှုမှာ အမြင့်မားဆုံးဖြစ်ပြီး တရားမဝင် သစ်ခုတ်လုပ်မှုသည်လည်း အပါအဝင်ဖြစ်သည်။ သျှမ်း(ရှမ်း)ပြည်တွင် ၅၀%၊ ကချင်တွင် ၁၉%၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၄%ဖြစ်ပြီး နှစ်စဉ် သစ်တောပြုန်းတီးမှုမှာ ၁.၄% ဖြစ်သည်။ မြန်မာနိုင်ငံတွင် အုပ်ချုပ်မှု၊ စီးပွားရေးနှင့် လူမှုအဖွဲ ့အစည်းအများအပြားတွင် ကဏ္ဍအသီးသီးအတွက် ဒေသခံအ ချက်အလက်များ မရှိခြင်း။ အသိပညာနှင့် သုတေသနအခြေခံ သတင်းအချက်အလက်များ လိုအပ်ချက်မှာ နှစ်ပေါင်း ကြာမြင့်ခဲ့ ပြီ ဖြစ်သည်။ နိုင်ငံဦးဆောင်သူများက အခြားဒေသဆိုင်ရာနယ်ပယ်များတွင် တတ်နိုင်သည့် သုတေသနပြုလုပ်ငန်းများ၊ အချက် အလက်ကောက်ယူသူများကို အားဖြည့်လုပ်ဆောင်ရပါမည်။
ဟောလီဝုဒ် Hollywood မှ Erin Brockvich ရုပ်ရှင်သည် သောက်သုံးရေ ညစ်ညမ်းမှုကြောင့် အမေရိကန်နိုင်ငံတွင် အကြီးမား ဆုံး (၃၃၃)မီလီယမ် ကုမ္ပဏီမှ လျော်ကြေးပေးခဲ့ရသည့် အဖြစ်အပျက်ကို ရိုက်ကူးတင်ဆက်ထားတယ်။
ဂျူလီယာရောဘတ် Jullia Roberts သရုပ်ဆောင်ပါဝင်ပြီး ၂၀၀ဝခုနှစ်အတွက် အကောင်းဆုံး သရုပ်ဆောင်ဆုကို ရရှိခဲ့သည်။ အဆိုပါဖြစ်ရပ်မှာ ကယ်လီဖိုးနီးယားပြည်နယ်၊ မြို့နယ်လေးဖြစ်သည့် Hinkley တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆန်ဖရန်စစ္စကိုရှိ PG & E လျှပ်စစ်စွမ်းအားကုမ္ပဏီမှ စက်ရုံတည်ဆောက်ပြီး ဓာတုစွန့်ပစ်ပစ္စည်းများကြောင့် ဖြစ်ပွားခဲ့ရခြင်းကို ပြန်လည်တင်ပြထားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအတွက် ပတ်ဝန်းကျင်နှင့် ရေတို၊ ရေရှည် ကုန်ထုတ်စွမ်းအားကိုလည်း ကြည့်ရမည်ဖြစ်သည်။ အေဂျင်စီများမှ ထိမ် ချန်ခြင်း၊ မှားယွင်းသောအစီရင်ခံစာများ မပြုလုပ်နိုင်ရန် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် တာဝန်ရှိပါသည်။ သို့အတွက် အစိုး ရမဟုတ်သည့် ဒေသခံများနှင့် ဖွဲ့စည်းသည့်အဖွဲ့များမှာ အချက်အလက်ကောက်ရန် အလွန်အရေးကြီးသည်။ ၎င်းအပြင် သယံဇာ တ ခွဲဝေမှုနှင့် စီမံခန့်ခွဲမှုအား ဆုံးဖြတ်နိုင်သည့် အခွင့်အရေးလည်း ရှိရမည်။
ကရင်သဘာဝပတ်ဝန်းကျင်ကော်မတီ၊ ကရင်နီစိမ်းလန်းစိုပြေရေး၊ မြန်မာနိုင်ငံမြစ်ချောင်းများဆိုင်ရာကွန်ရက်၊ တိုင်းရင်းသားလူ မှုဖွံ့ဖြိုးရေးဆုံချက်၊ ရခိုင်ပြည်မြစ်များကွန်ရက် စသည့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းအချို့မှ ဆောင်ရွက်နေသည်များရှိသည်။ မြန်မာတဝှမ်းလုံးအနေဖြင့် နည်းလွန်းသည်။
တရုတ်နိုင်ငံ၊ အိနိ္ဒယ၊ ထိုင်း၊ ဘဂင်္လားဒေံရှ်နိုင်ငံများနှင့် မြန်မာနိုင်ငံ မည်သည့်စာချုပ်များ လုပ်ငန်းများလုပ်ဆောင်နေသည်ကို မြန်မာနိုင်ငံသူ/နိုင်ငံသားများ သိရှိသင့်သည်။
တရုတ်နှင့် စီးပွားရေးသဘောတူစာချုပ် (၁၀၀)ကျော် ချုပ်ဆိုထားကြောင်း သတင်းများတွင် ဖော်ပြထားသည်။ စာချုပ်အများစု သည် ပွင့်လင်းမြင်သာမှု မရှိသောကြောင့် ဌာနေလူထုနှင့် ပြသနာများရင်ဆိုင်နေရသည်။ ၂၀၁၄ခုနှစ်တွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု အများဆုံးခုနှစ်ဖြစ်ပြီး အမေရိရကန်ဒေါ်လာ ၈ဘီလီယမ်ကျော် ရရှိခဲ့သည်။ ၂၀၁၅တွင် ရင်နှီးမြုပ်နှံမှုများ ကျဆင်းခဲ့သည်။
အောက်ပါတို့မှာ အထင်ကရ စီမံကိန်းများ ဖြစ်သည်။
အဝေးပြေးလမ်းမများ ဖောက်လုပ်ရာတွင်လည်းကောင်း၊ ဆည်များ တည်ဆောက်ရာတွင်လည်းကောင်း၊ ရေနံပိုက်လိုင်းများ ဖောက်လုပ်ရာတို့တွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာများ ပျက်စီးစေခြင်းကို အစိုးရအနေဖြင့် တွက်ဆရမည်။ သုတေသနပြုစုမှု များလုပ်ဆောင်ကာ သဘောထားကောက်ခံပြီးမှ လုပ်ဆောင်ရမည်။ အကျိုးအပြစ်များကို ပြည်သူထံ ပွင့်လင်းမြင်သာစွာ ချပြနိုင် ရမည်။
နယ်စပ်ကုန်သွယ်မှုလမ်းများသည်လည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရအရ မြေပြိုခြင်းများ၊ လုံခြုံမှုကင်းစွာ သွားလာနိုင်ခြင်းများ လိုအပ်သည်။ သို့အတွက်ကြောင့်ပင် သဘာဝပတ်ဝန်းကျင်၊ စီးပွားရေးရင်းနှီးမြုပ်နှံခြင်းများသည် ဌာနေအစိုးရ၊ ပြည်သူတို့မှာ ဆက်စပ်နေသည့် ပူးပေါင်းဆောင်ရွက်ရမည့် လူသားအရင်းအမြစ်များဖြစ်သည်။
ကိုးကား။ အောက်စ်ပို့ထ် Foreign investment overview for Myanmar