Home တွေ့ဆုံမေးမြန်းခန်း ပြည်နယ်၊ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှုတိုးတက်ပြန့်ပွား‌ရေးအသင်း ဥက္ကဌ ‌စော‌အေးမြ၏ သ‌ဘောထားမှတ်ချက်

ပြည်နယ်၊ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှုတိုးတက်ပြန့်ပွား‌ရေးအသင်း ဥက္ကဌ ‌စော‌အေးမြ၏ သ‌ဘောထားမှတ်ချက်

2938

“‌ကောက်သစ်စားပွဲ‌တော်ပဲလုပ်လုပ်၊ ကရင်နှစ်သစ်ကူးပွဲပဲလုပ်လုပ်၊ ဘာပဲလုပ်လုပ်
အဓိက ဒီကရင်တစ်မျိုးသားလုံးအတွက် လွှမ်းခြုံမှုရှိဖို့ လိုတယ်”

လာမည့် ဒီဇင်ဘာလ ၂၈ရက်‌နေ့တွင် ဧရာဝတီတိုင်း‌ဒေသကြီး အိမ်မဲမြို့နယ်၌ ကျင်းပမည့် ပြည်‌ထောင်စုအဆင့် ကရင်ရိုးရာ ‌ကောက်သစ်စားပွဲ‌တော်နှင့် ပတ်သက်ပြီး ကရင်ပြည်နယ်၊ ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှုတိုးတက်ပြန့်ပွား‌ရေးအသင်း ဥက္ကဌ ‌စော‌အေးမြက ရိုးရာ‌ကောက်သစ်စားပွဲ‌တော် ဖြစ်‌ပေါ်လာပုံများအ‌ပေါ် ‌ကေအိုင်စီထံ ‌ပြောကြားချက်ဖြစ်ပါသည်။

ကရင်‌ကောက်သစ်စားပွဲ‌တော်

‌ကောက်သစ်စားပွဲနှင့် ပတ်သက်ပြီး အခုလတ်တ‌လော ဧရာဝတီတိုင်းဘက်မှာ အကြမ်းဖျင်း‌ပြောရမယ်ဆိုရင် နည်း နည်း‌လေး လှုပ်လှုပ်‌ပေါ့။ လုပ်ကြမယ်‌ပေါ့။ ကရင်‌တွေက ‌ရှေးပ‌ဝေသဏီက‌ပေါ့ကွယ်။ ‌ကောက်သစ်စားပွဲက‌တော့ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ လုပ်ကြတာ‌တော့ရှိတယ်။ အိမ်မှာပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ရပ်ရွာမှာပဲဖြစ်ဖြစ် တစ်‌ဒေသနဲ့ တစ်‌ဒေသက‌တော့ မတူဘူး ‌လေ။ လုပ်ခဲ့တဲ့ အစဉ်အလာကလည်း ရှိခဲ့တယ်။
သို့‌သော် တစ်စုတစ်စည်း ဖြစ်‌အောင်လို့ လွန်ခဲ့တဲ့ အဂင်္လိပ် လက်ထက်က‌ပေါ့ကွယ်။ ဒါက‌တော့ ကရင်လူကြီး‌တွေ ‌တောင်းဆိုတာက‌တော့ ပထမဦးဆုံးက အမျိုးသား‌ရေး‌နေ့ ‌တောင်းဆိုတာ‌ပေါ့။ ဒါ‌ပေမဲ့ တကယ်လည်း ပါလီမန်မှာ ‌ဆွေး‌နွေးတဲ့ အခါမှာကျ‌တော့ အမျိုးသား‌နေ့ကို မယူပါနဲ့။ ကရင်နှစ်သစ်ကူး‌နေ့လို့ပဲ ယူပါဆိုပြီး ဖြစ်လာတဲ့အခါကျ‌တော့ နယ်‌မြေအသီးသီး ‌ပေါ့။ ‌တောင်‌ပေါ် ‌မြေပြန့်မကျန်‌ပေါ့။ စုံစမ်းအချက်အလက်‌တွေ ရှာ‌ဖွေတာ‌တွေ လုပ်တဲ့အခါကျ‌တော့ အသင့်‌တော်ဆုံး ‌နေ့တစ် ‌နေ့ကို ‌ရွေးလိုက်တာပဲ‌လေ။ ‌ရှေးလူကြီး‌တွေရဲ့ အဆုံးအဖြတ်‌ပေါ့။
အဲ့ဆုံးဖြတ်ချက်‌တွေသည်လည်း ရာခိုင်နှုန်းပြည့် လှိုက်လှိုက်လှဲလှဲ ‌အောင်မြင်စွာနဲ့ ရှိတဲ့ ကရင်‌တွေအားလုံးကို လွှမ်းခြုံ မှု ရှိချင်မှလည်း ရှိမှာ‌ပေါ့။ ဒါ‌ပေမဲ့ အများဆုံး လွှမ်းခြုံမှုရှိ‌အောင်‌တော့ လုပ်ထားတယ်။ ဒီဟာ‌တွေသည် သမိုင်း‌ကြောင်းအရ မှတ် တိုင်တစ်ခုပဲ။ တစ်ဆက်တည်းမှာပဲ ကရင်အမျိုးသား‌ရေး လုပ်‌ဆောင်တဲ့‌နေရာမှာ အဲ့ဒီ‌ခေတ်၊ အဲ့ကာလမှာတုန်းက အလံ‌တော် ကိစ္စ၊ သီချင်းကိစ္စ အဲ့ဒါ‌တွေကလည်း ‌ပြေ‌ပြေလည်လည်နဲ့ လုပ်‌ဆောင်ခဲ့တဲ့ ကိစ္စပါပဲ။ သို့‌သော် ဒီ‌ကောက်သစ်စား ပွဲ‌တော်နဲ့ ပတ်သက်လို့က‌တော့ ကိုလိုနီ‌ခေတ်က‌နေ ဒီ‌နေ့အထိ‌ပေါ့‌လေကွယ်၊ သူ့‌ဒေသနဲ့ သူက‌တော့ သက်ဆိုင်ရာလူ‌တွေက သင့်‌တော် သလို လုပ်ကြတာရှိတာ‌ပေါ့။

နှစ်သစ်ကူးနှင့် ‌ကောက်သစ်စားပွဲ ဆက်စပ်မှု

ကရင်နှစ်သစ်ကူး ဖြစ်‌ပေါ်လာရခြင်း အ‌ကြောင်းသည် အမျိုးသား‌နေ့‌တောင်းဆိုတယ်။ သို့‌သော်နှစ်သစ်ကူး‌နေ့လုပ်ပါ ဆိုတဲ့အခါကျ‌တော့ နှစ်သစ်ကူး‌နေ့နဲ့ဆက်နွှယ်‌နေတဲ့ ဒီ‌ကောက်သစ်စားပွဲရဲ့ အချိန်ကာလကို ယူလိုက်တာပဲ။ ‌ရွေးလိုက်တာက ‌တော့ နှစ်သစ်ကူး‌နေ့အတွက် ‌ရွေးလိုက်တယ်။ ‌ကောက်သစ်စားပွဲအတွက် ရည်ရွယ်ပြီးလုပ်တာလည်း မဟုတ်ဘူး‌လေ။ အဲ့ဒီ‌နေ့ အဲ့ဒီအချိန် အဲ့ဒီကာလမှာ ‌ကောက်သစ်စားပွဲနဲ့ တစ်ချို့‌ဒေသမှာ တိုက်ဆိုင်ရင်လည်း တိုက်ဆိုင်မယ်။ ကိုယ့်‌ဒေသနဲ့က‌တော့ တိုက်ဆိုင်ချင်မှ တိုက်ဆိုင်မယ်။ အဲ့‌တော့ ဘာပဲ‌ပြော‌ပြော ‌ကောက်သစ်စားပွဲသည် ကရင်နှစ်သစ်ကူး‌နေ့နဲ့ လုံးလုံး ကင်းကွာ‌နေ တာ‌တော့ မဟုတ်ဘူး။ လွှမ်းခြုံမှုက‌တော့ အနည်းအကျဉ်းရှိပါတယ်။
သို့‌သော် ပကတိရည်ရွယ်ချက်သည် နှစ်သစ်ကူးသည် ကရင်တစ်မျိုးသားထုလုံးအတွက် ‌ကောက်သစ်စားပွဲလို့ ‌ပြော တာထက် ကရင်တစ်မျိုးသားလုံးအတွက် နှစ်သစ်မဂင်္လာ‌နေ့လို့ ‌ပြောရင်ပိုပြီး‌တော့ ပြည့်စုံလုံ‌လောက်တဲ့ အဓိပ္ပာယ်ရပါလိမ့်မယ်။ အဲ့‌တော့ ဘာပဲ‌ပြော‌ပြော နှစ်သစ်ကူးလုပ်တာသည် ကရင်အမျိုးသား‌ကောက်သစ်စားပွဲနဲ့‌တော့ ထဲထဲဝင်ဝင် လုံးလုံးလျားလျား ဆက်နွယ်ခြင်း‌တော့ မရှိလှပါဘူး။ ဆက်နွယ်တာ‌တော့ ဆက်နွယ်တာ‌ပေါ့။

ဧရာဝတီတိုင်း ‌ကောက်သစ်စားပွဲအ‌ပေါ် စိုးရိမ်မှု

အခုချိန် ‌ရောက်ရှိလာတဲ့အခါကျ‌တော့ ‌ကောက်သစ်စားပွဲကို ကြီးကြီးကျယ်ကျယ် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်သည် နည်းနည်း‌တော့ စဉ်းစားစရာဖြစ်လာတာ‌ပေါ့‌နော်။ ဘာရည်ရွယ်လဲ။ ဘာအတွက်‌ကြောင့်လဲ။ ဘယ်သူ့အတွက်လဲ။ စသည်ဖြင့် ‌ပေါ့။ ဒါ‌တွေကလည်း စဉ်းစားရမယ့်အချက်‌တွေ‌လေ။ ဆို‌တော့ ‌ကောက်သစ်စားပွဲ‌တော်ပဲလုပ်လုပ်၊ ကရင်နှစ်သစ်ကူးပွဲပဲလုပ် လုပ်၊ ဘာပဲလုပ်လုပ် အဓိက ဒီကရင်တစ်မျိုးသားလုံးအတွက် လွှမ်းခြုံမှုရှိဖို့လိုတယ်။ ကရင်တစ်မျိုးသားလုံးအတွက် အကျိုးရှိဖို့ လိုပါတယ်။ အကျိုးမရှိဘဲနဲ့ ဟန်‌ရေးပြအ‌နေနဲ့ လုပ်ပြတဲ့သ‌ဘောဆိုရင်‌တော့ ဒါကရင်အမျိုးသား‌တွေအတွက် မ‌ကောင်းသလို ကရင်အမျိုးသား‌တွေကိုလည်း ‌စော်ကား‌မော်ကား လုပ်ရာကျတယ်လို့ မြင်တယ်။
ဒါ‌ကြောင့်မလို့ ဒီကိစ္စ‌တွေကိုလည်း ကိုယ့်ကရင်အမျိုးသားတိုင်း ထဲထဲဝင်ဝင် ‌တွေး‌ခေါ်စဉ်းစားဖို့လိုတယ်။ အဲ့‌တော့ နှစ်သစ်ကူးလုပ်တာပဲဖြစ်ဖြစ်၊ ‌ကောက်သစ်စားပွဲလုပ်တာပဲ ဖြစ်ဖြစ်၊ ဘယ်‌နေရာ ဘယ်‌ဒေသမှာပဲလုပ်လုပ် ကိုယ့်နည်းကိုယ့်ဟန် နဲ့ လုပ်ပိုင်ခွင့်ရှိသလို‌နော်။ အဓိကက‌တော့ ကရင်တစ်မျိုးသားထုတစ်ခုလုံးကို ‌ယောင်ဝါးဝါး ဖြစ်‌စေမယ့်ဟာ‌တော့ မဖြစ်‌စေချင် ဘူး။ ဘာဖြစ်လို့လဲဆို‌တော့ လက်ရှိကရင်‌တွေမှာ ဗုဒ္ဓဘာသာလည်း ရှိတယ်။ ခရစ်ယာန်ဘာသာလည်း ရှိတယ်။ အ‌ရှေ့ပိုး၊ အ‌နောက်ပိုး၊ စ‌ကော၊ ‌ဂေဘား၊ ဘွဲ စသည်မျိုးစုံရှိတယ်‌လေ။
ဧရာဝတီတိုင်းတစ်ခုကပဲ ချွန်ပြီး‌တော့လုပ်မယ်။ တစ်ခြား‌နေရာ‌တွေအတွက် မစဉ်းစားဘူးဆိုရင်လည်း ဒါကရင်အမျိုး သားထုတစ်ရပ်လုံးကို စဉ်းစားတဲ့ အ‌နေအထားမရှိဘူး။ လွှမ်းလည်းမလွှမ်းခြုံနိုင်ဘူး။ ကိုယ်လုပ်ချင်တဲ့ဟာ တစ်ခုသည် ရည်ရွယ် ချက်၊ အကျိုးရလဒ်က‌တော့ ရှိဖို့လိုတာ‌ပေါ့။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် အရင်‌ခေတ်က‌ပေါ့‌လေကွယ်။ ဥပမာပြရရင်‌တော့ ပြာသို လုပ်တဲ့သူကလည်း တစ်ချို့လုပ် အများစု‌ပေါ့‌လေ။ တပို့တွဲလုပ်တဲ့သူကလည်း တစ်ချို့လုပ်၊ သူ့နည်းသူ့ဟန်နဲ့ လုပ်ကြတာပဲ။ ပြဿနာ မရှိဘူး။

အ‌ရောင်အ‌သွေးကင်းရန်လို

အခု‌ခေတ်ကျမှ တိုင်း‌ဒေသကြီးအဆင့်၊ နိုင်ငံ‌တော်အဆင့် ‌ပေါ်လာတဲ့အခါကျ‌တော့ ကရင်လူထု‌တွေ သိထားရမယ့် အချက်သည် ဒါကရင်အမျိုးသား‌တွေအတွက်မှ ဟုတ်ပါ့မလား။ ဘယ်သူ့အတွက်လဲ၊ ပုဂိ္ဂုလ်‌ရေးအတွက်လား။ စီးပွား‌ရေးလား၊ ဘာသာ‌ရေးလား၊ နိုင်ငံ‌ရေးလား စသည်ဖြင့် ဒါစဉ်းစားရမယ့်အချက် ဖြစ်‌နေပြီ‌လေ။ ဒီ‌တော့က ကိုယ်လုပ်သမျှသည် ကိုယ်တာ ဝန်ခံရမှာ‌ပေါ့။ ကရင်အမျိုးသားတိုင်းကလည်း ဒါကို သိရှိဖို့ လိုတယ်။ ဘာ‌တွေ ဘယ်လိုဖြစ်‌နေလဲ နိုင်ငံ‌ရေး အ‌ခြေအ‌နေ၊ စီးပွား ‌ရေးအ‌ခြေအ‌နေ စသည်ဖြင့် အကုန်လုံး‌ပေါ့။ လူမှု‌ရေးအ‌ခြေအ‌နေက အစ‌ပေါ့‌နော်။

ပကတိအ‌ခြေအ‌နေနဲ့ ကိုက်ညီမှု ရှိမရှိ အကျိုးသက်‌ရောက်မှု ဘယ်‌လောက်ရှိသလဲ ဆိုးကျိုးဘယ်‌လောက်ထိရှိသလဲဆိုတာ ‌တွေ‌ရော ဒါ‌တွေစဉ်းစားဖို့လိုမယ်။ လုပ်၏မလုပ်၏က‌တော့ ပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ ဆန္ဒပါ။ အဓိကသည် ကရင်တစ်မျိုးသား လုံးအတွက် ဖြစ်‌စေချင်တယ်။
အမျိုးသား‌ရေးအတွက် မဟုတ်ဘဲနဲ့ ထင်‌ပေါ်‌ကျော်ကြားချင်လို့၊ သ‌ဘောက‌တော့ အသုံးချချင်လို့ ရှိလာရင်‌တော့ ကရင်အမျိုး သား‌တွေက‌တော့ လက်ခံနိုင်စရာ မရှိဘူး။ ပြဿနာက‌တော့ အဲ့ဒါ။ ရိုးရိုးသားသား စိတ်ရင်း‌စေတနာအမှန်နဲ့ လုပ်‌စေချင်တယ် ဆိုရင် လုပ်စရာ‌တွေက‌တော့ အများကြီးပါ။ ဒီလုပ်စရာ‌တွေ အများကြီးထဲက မ‌ရွေးဘဲနဲ့ ဒီဟာကို ‌ရွေးချယ်လိုက်ခြင်းအားဖြင့် ဘာ‌တွေဆက်ပြီး ဖြစ်လာမလဲဆိုတာ‌တော့ ထဲထဲဝင်ဝင်စဉ်းစားဖို့ လိုပါလိမ့်မယ်။
ဘာပဲ‌ပြော‌ပြော လုပ်တဲ့‌နေရာမှာ အ‌ရောင်အ‌သွေးကင်းဖို့ လိုတယ်။ အ‌စောပိုင်းတုန်းက ‌ပြောသလို ရန်ကုန်က ကရင်နှစ်သစ်ကူး ကျင်းပ‌ရေး ဗဟို‌ကော်မတီ(မဟာရန်ကုန်) အ‌နေအထားကာလ မှီတဲ့အချိန်တုန်းကဆိုရင် နိုင်ငံ‌ရေး၊ ဘာသာ ‌ရေး အဖွဲ့အစည်း‌တွေ မဝင်ရှုပ်နဲ့။ ဘာမှ ဝင်မရှုပ်နဲ့။ ကရင်‌တွေပဲ ကရင်ဆိုတာက အားလုံး‌ပေါ့။ နိုင်ငံ‌ရေး၊ ဘာသာ‌ရေး၊ စီးပွား‌ရေး သမား‌တွေလည်းပါမယ်။ အ‌ရှေ့ပိုး၊ အ‌နောက်ပိုး၊ စ‌ကော အစုံ‌ပေါ့။ တစ်ဦးချင်းသာလာခဲ့။ ကိုယ့်ရဲ့ပကာသနတို့ ဂုဏ်သိက္ခာတို့ ကိုးကွယ်ယုံကြည်ရာတို့ ‌နောက်ခံတို့ နိုင်ငံ‌ရေးတို့ကို မသယ်လာနဲ့။ အကုန်လုံး ဝိုင်းလုပ် ညီတူမျှတူ အဲ့လိုလုပ်တဲ့အခါကျ‌တော့ လူကြီး၊ လူငယ်မ‌ရွေး အလွှာ‌ပေါင်းစုံမ‌ရွေး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ လုပ်လာခဲ့ကြတယ်‌လေ။

အခုကာလက‌တော့ ကရင်စာ‌ပေအသင်း၊ ဘာအသင်း၊ ညာအသင်း၊ လူမှု‌ရေးအသင်း အ‌ထွေ‌ထွေ‌တွေသည် သူ့ဖာသာ သူ လွတ်လွတ်လပ်လပ် ရပ်တည်နိုင်ဖို့အတွက် သက်ဆိုင်ရာ အစိုးရပဲဖြစ်ဖြစ်၊ ဌာနဆိုင်ရာ‌တွေဖြစ်ဖြစ် ဝင်ပြီး‌တော့ ပါ‌စေချင် တယ်ကွဲ့။ ဒါကလည်း ‌ကောင်းတဲ့ အလားအလာ‌တော့ မဟုတ်ဘူး။

အကြံပြုချက်
ဒါက‌တော့ ‌ဖြေရှင်းသင့်လား မ‌ဖြေရှင်းသင့်လားဆိုတာက‌တော့ ကာယကံရှင်အ‌ပေါ်မှာ မူတည်တယ်။ ကာယကံရှင် သည် သူလုပ်ချင်တဲ့ ဆန္ဒကို သူ့ဘာသာသူလုပ်မယ့်ဟာ‌တွေကို ကရင်အမျိုးသားအ‌ရေးနဲ့‌တော့ မဆက်နွှယ်‌စေချင်ဘူး‌ပေါ့‌လေ။ လုပ်သင့်လုပ်ထိုက်တဲ့ဟာ‌တော့ လုပ်‌ပေးရမှာ‌ပေါ့။ ‌နောက်ဆုံး‌ပြောချင်တာက‌တော့ လုပ်ချင်တာနဲ့ လုပ်သင့်တာ နည်းနည်း ကွဲပြားဖို့ လိုတယ်။
လုပ်ချင်တာကို ဦးစား‌ပေးပြီး လုပ်၊ လုပ်သင့်တာကို ဦးစား‌ပေးပြီးလုပ် ဒါကလည်း တစ်ပိုင်း‌ပေါ့‌နော်။ လုပ်သင့်တဲ့ဟာကို ပစ်ပယ်ပြီး မလုပ်ဘဲနဲ့ လုပ်ချင်တာတစ်ခုတည်းနဲ့‌တော့ မလုံ‌လောက်ဘူး‌လေ။ ဆိုလိုချင်တာက‌တော့ ကရင်မှန်ရင် ကိုယ်လုပ်ချင် တာထက် လုပ်သင့်တာကိုလုပ်မှာပဲ။ လုပ်ချင်တာကို ဦးစား‌ပေးမှာမဟုတ်ဘူး။ ကရင်အမျိုးသားတိုင်းက ဒါကိုပဲ နှစ်သက်တယ်ဆို ရင်‌တော့ လုပ်ကြ‌ပေါ့။ မနှစ်သက်ဘူး အုပ်စု‌လေးတစ်စု၊ လူတစ်စုကပဲ နှစ်သက်တယ်ဆိုရင်‌တော့ သူ့ဖာသာသူ အလိုအ‌လျောက် ‌ပျောက်ကွယ်သွားမယ်။
အဓိကသည် လုပ်တဲ့လုပ်ငန်းမှန်သမျှသည် အမျိုးသား‌ရေးနဲ့ ပတ်သက်လာရင် ‌တွေး‌ခေါ်တတ်တဲ့သူ‌တွေက လက်ခံချင် မှ လက်ခံမယ်။ သူ့အတိုင်းအတာနဲ့သူ ရှိကြတယ်‌လေ။ အလွှာတူ‌တွေက‌ပေါ့။ အစားအစာ‌တွေလိုပဲ‌လေ။ ကြိုက်တာချင်း‌တော့ မတူဘူး‌ပေါ့။ ဘာပဲ‌ပြော‌ပြော ဒါကိုလုပ်ခြင်းအားဖြင့် ကရင်‌တွေက လက်ခုပ်တီးရမလား၊ ဆန့်ကျင်ကြမလား ဆိုတာက‌တော့ သက်ဆိုင်ရာ ကရင်လူထု‌တွေအ‌ပေါ်မှာသာ မူတည်တယ်။ ဒါက‌တော့ တစ်ဦးချင်းအမြင်နဲ့ ‌ပြောတာ။ ဖြစ်သင့်ဖြစ်ထိုက်တာကို ‌ပြောတာပါ။