Home သတင်း ဧရာဝတီတိုင်း၏ ပထမဆုံးအကြိမ် ပြည်‌ထောင်စုအဆင့် ‌ကောက်သစ်စားပွဲကျင်းပရန် ‌ကော်မတီဖွဲ့စည်း

ဧရာဝတီတိုင်း၏ ပထမဆုံးအကြိမ် ပြည်‌ထောင်စုအဆင့် ‌ကောက်သစ်စားပွဲကျင်းပရန် ‌ကော်မတီဖွဲ့စည်း

2860

‌အောက်တိုဘာ ၁၄ ရက်၊ ၂၀၁၈ ခုနှစ်။ နန့်ဘွားခလိန်

ဧရာဝတီတိုင်း‌ဒေသကြီးအတွင်း ပထမဆုံးအကြိမ် ပြည်‌ထောင်စုအဆင့် ကရင့်ရိုးရာ ‌ကောက်သစ်စားပွဲ ကျင်းပရန်အတွက် တိုင်းအစိုးရအဖွဲ့နှင့် မြို့နယ်စာယဉ်များ စု‌ပေါင်းကာ ‌အောက်တိုဘာလ ၁၃ ရက်(ယမန်‌နေ့)တွင် ကျင်းပ‌ရေး‌ကော်မတီ ဖွဲ့စည်းလိုက်သည်ဟု သိရသည်။

ကရင့်ရိုးရာ ‌ကောက်သစ်စားပွဲ ကျင်းပနိုင်‌ရေးအတွက် ဧရာဝတီတိုင်းအစိုးရအဖွဲ့ ကရင်တိုင်းရင်းသား‌ရေးရာ ဝန်ကြီး ဂါ့မိုးမြတ်မြတ်သူမှ ဦး‌ဆောင်ကာ မြို့နယ်အသီးသီးရှိ စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီများဖြင့် ယမန် ‌နေ့က ပုသိမ်မြို့နယ်၊ ကိုသာဖြူ‌ကျောင်း၌ ညှိနှိုင်းအစည်းအ‌ဝေးပြုလုပ်ခဲ့ပြီး ၎င်းကျင်းပ‌ရေး‌ကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

တိုင်းစာ‌ပေနှင့်ယဉ်‌ကျေးမှု ‌ကော်မတီအတွင်း‌ရေးမှူး မန်းလှသိန်းက “မြစ်ဝကျွန်း‌ပေါ်‌ဒေသမှာရှိတဲ့ ကရင် လူမျိုး‌တွေ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်လည်း ဖြစ်‌အောင်၊ ကိုယ့်ရိုးရာကို ပြန်လည်‌ဖော်ထုတ်တာ လည်းဖြစ်‌အောင် ကျင်းပတာဖြစ်တယ် ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ကရင့်ရိုးရာ ‌ကောက်သစ်စားပွဲ‌တော်ကို လာမည့် ဒီဇင်ဘာလ ၂၈ ရက်‌နေ့တွင် အိမ်မဲမြို့နယ် ၊ ရွာသစ်ကြီး‌ကျေးရွာ၌် ပြုလုပ်မည်ဖြစ်ပြီး ကရင်ရိုးရာ ပြခန်းများ၊ ကရင်ရိုးရာ ဒုံးအကများ ၊ ‌တေးသီချင်း များဖြင့် ‌ဖျော်‌ဖြေခြင်းစသည့် အစီအစဉ်များ ပါဝင်မည်ဟုလည်း သိရသည်။

ကရင့်ရိုးရာ ‌ကောက်သစ်စားပွဲ‌တော်ကို ‌တောင်ယာရိတ်သိမ်းပြီးချိန်တွင် ကျင်းပ‌လေ့ရှိကြပြီး ကရင်ပြည်နယ် ‌နေရာအနှံ့အပြားတွင် ကျင်းပသည့် ဓ‌လေ့များရှိ‌သော်လည်း မြစ်ဝကျွန်း‌ပေါ်‌ဒေသအတွင်း ကျင်းပခဲ့ခြင်း မရှိ ‌သော‌ကြောင့် ရိုးရာ‌ကောက်သစ်စားပွဲ‌တော်ကို ပြန်လည်‌ဖော်ထုတ်ခြင်းဖြင့် ပထမဆုံးအကြိမ် ကျင်းပမည် လည်း ဖြစ်သည်။